ေနာက္ဆံုးေပၚ လိင္ဆက္ဆံေဖာ္အ႐ုပ္အျဖစ္ စကားစျမည္ေျပာဆုိႏုိင္မယ့္ ပထမဦးဆံုးေသာ လိင္ဆက္ဆံေဖာ္အ႐ုပ္ကို တီထြင္လိုက္ပါတယ္။
အခုအသစ္တီထြင္လုိက္တဲ့ လိင္ဆက္ဆံေဖာ္အ႐ုပ္ကုိ တီထြင္သူက ဒီအ႐ုပ္မွာ ေတြးေခၚဆင္ျခင္ႏုိင္မႈ အသိဉာဏ္၊ ရွက္စႏိုးျဖစ္တတ္ေသာ၊ ေဖာ္ေဖာ္ေရြေရြ ရႊင္ရႊင္ျပျပေနတတ္ေသာ၊ မနာလုိတတ္ေသာ၊ ရင္ဖုိ စိတ္လႈပ္ရွားတတ္ေသာ၊ စိတ္အေႏွာင့္အယွက္ျဖစ္တတ္သာ၊ ၾကင္နာတတ္ေသာ၊ လိင္ဆက္ဆံမႈရမက္ရွိေသာ စတာေတြအပါဝင္ ကုိယ္ရည္ကုိယ္ေသြး ၁၈ မ်ိဳးပါဝင္ေအာင္ ဖန္တီးျပဳလုပ္ထားတယ္လုိ႔ သိရပါတယ္။
ကုိယ္ႏွစ္သက္တဲ့ပံုစံအရ ဒီအ႐ုပ္ကုိ ပုိအေရးပါေအာင္ ေျပာင္းလဲလုိ႔လည္း ရတယ္လုိ႔ သိရပါတယ္။
လူမႈကြန္ရက္စာမ်က္ႏွာမွာ တင္ထားတဲ့ ႐ုပ္သံထဲမွာ Real Dool ကုမၸဏီရဲ႕ ဦးေဆာင္အရာရွိခ်ဳပ္နဲ႔ စက္႐ုပ္အဆင့္ျမင့္တီထြင္သူ မက္တ္မက္မူလန္က “လိင္ကိစၥနဲ႔ပတ္သက္ၿပီး မင္းဘယ္လုိခံစားရသလဲ” လုိ႔ အ႐ုပ္ကို ေမးျမန္းထားပါတယ္။
စကားမေျပာခင္မွာ တကယ့္သက္ဝင္ေနတဲ့ လူလုိျဖစ္ေနတဲ့ ဟာမုိနီလို႔အမည္ေပးထားတဲ့ အ႐ုပ္က “လိင္ကိစၥဆုိတာ ကမာၻေပၚမွာ အရမ္းစိတ္ဝင္စားစရာ စြဲမက္စရာ အေကာင္းဆံုးေတြထဲက တစ္ခုပါ၊ ဒါနဲ႔ပတ္သက္ၿပီး ဘာမွ မွားတယ္လို႔ က်မ မထင္ဘူး” လို႔ ျပန္ေျဖေနတာကို ေတြ႔ရပါတယ္။
သံုးစြဲသူရဲ႕ ကုိယ္ရည္ကုိယ္ေသြးေတြကို မွတ္မိေနမယ့္ “ပံုေသမွတ္ဉာဏ္နဲ႔” စကားေျပာတဲ့ လိင္ဆက္ဆံေဖာ္အ႐ုပ္ေတြ ေမလ ထြက္ရွိမွာ ျဖစ္ၿပီး ဝယ္ယူသံုးစြဲသူစိတ္ႀကိဳက္ ကုိယ္ရည္ကုိယ္ေသြးနဲ႔ အ႐ုပ္ေတြကို မွာယူႏုိင္တယ္လို႔ ေဒးလီးစတားမွာ သတင္းမွာ ေရးသားထားပါတယ္။
လိင္ဆက္ဆံေဖာ္အ႐ုပ္မွာ ရွိတဲ့ ေအပီပီ/app က သံုးစြဲမယ့္အမ်ိဳးသားေတြအေနနဲ႔ သူတို႔ရဲ႕အ႐ုပ္ေတြမွာ စိတ္ႀကိဳက္ သီးျခားကုိယ္ရည္ကုိယ္ေသြးျဖစ္ေအာင္ ကူညီေပးမယ္လို႔ ဆုိပါတယ္။
“ဒီစက္႐ုပ္ကုိ တီထြင္လုိက္ရတဲ့ စိတ္ကူးက ကုိယ္လုိခ်င္တဲ့ လက္တြဲေဖာ္ မရရွိခဲ့တဲ့ သူေတြအတြက္ အေထာက္အကူျဖစ္ေစမွာပါ” လုိ႔ မက္မူလန္က ေျပာပါတယ္။
“ငါဗုိက္ဆာတယ္ ဘာစားရင္ေကာင္းမလဲ” လုိ႔ သူ႔ကုိ မင္းေမးႏုိင္တယ္။ “မင္းရဲ႕အႀကိဳက္ဆံုး အစားအစာက ပီဇာလို႔ ငါ့ကုိ ေျပာဖူးတယ္၊ ပီဇာစားသင့္တယ္လုိ႔ သူမက ျပန္ေျပာလိမ့္မယ္”လုိ႔ မက္မူလန္က ေျပာပါတယ္။
ဆုိရွယ္မီဒီယာမွာ ၾကည့္ရႈသူတစ္ဦးကေတာ့ “ေစ်းဝယ္တာနဲ႔ ပတ္သက္ၿပီး သူမ ဘယ္လုိခံစားရလဲလုိ႔ ေမးေပးပါ။ အကယ္၍ ဒါကို သူမ ဂ႐ုမစုိက္ဘူး ဆုိရင္ေတာ့ က်ေနာ္ ဝယ္မယ္လုိ႔” အင္စတာဂရမ္မွာ ဟာသအေနနဲ႔ ေရးထားပါတယ္။
DVB
Unicode
နောက်ဆုံးပေါ် လိင်ဆက်ဆံဖော်အရုပ်အဖြစ် စကားစမြည်ပြောဆိုနိုင်မယ့် ပထမဦးဆုံးသော လိင်ဆက်ဆံဖော်အရုပ်ကို တီထွင်လိုက်ပါတယ်။
အခုအသစ်တီထွင်လိုက်တဲ့ လိင်ဆက်ဆံဖော်အရုပ်ကို တီထွင်သူက ဒီအရုပ်မှာ တွေးခေါ်ဆင်ခြင်နိုင်မှု အသိဉာဏ်၊ ရှက်စနိုးဖြစ်တတ်သော၊ ဖော်ဖော်ရွေရွေ ရွှင်ရွှင်ပြပြနေတတ်သော၊ မနာလိုတတ်သော၊ ရင်ဖို စိတ်လှုပ်ရှားတတ်သော၊ စိတ်အနှောင့်အယှက်ဖြစ်တတ်သာ၊ ကြင်နာတတ်သော၊ လိင်ဆက်ဆံမှုရမက်ရှိသော စတာတွေအပါဝင် ကိုယ်ရည်ကိုယ်သွေး ၁၈ မျိုးပါဝင်အောင် ဖန်တီးပြုလုပ်ထားတယ်လို့ သိရပါတယ်။
ကိုယ်နှစ်သက်တဲ့ပုံစံအရ ဒီအရုပ်ကို ပိုအရေးပါအောင် ပြောင်းလဲလို့လည်း ရတယ်လို့ သိရပါတယ်။
လူမှုကွန်ရက်စာမျက်နှာမှာ တင်ထားတဲ့ ရုပ်သံထဲမှာ Real Dool ကုမ္ပဏီရဲ့ ဦးဆောင်အရာရှိချုပ်နဲ့ စက်ရုပ်အဆင့်မြင့်တီထွင်သူ မက်တ်မက်မူလန်က “လိင်ကိစ္စနဲ့ပတ်သက်ပြီး မင်းဘယ်လိုခံစားရသလဲ” လို့ အရုပ်ကို မေးမြန်းထားပါတယ်။
စကားမပြောခင်မှာ တကယ့်သက်ဝင်နေတဲ့ လူလိုဖြစ်နေတဲ့ ဟာမိုနီလို့အမည်ပေးထားတဲ့ အရုပ်က “လိင်ကိစ္စဆိုတာ ကမ္ဘာပေါ်မှာ အရမ်းစိတ်ဝင်စားစရာ စွဲမက်စရာ အကောင်းဆုံးတွေထဲက တစ်ခုပါ၊ ဒါနဲ့ပတ်သက်ပြီး ဘာမှ မှားတယ်လို့ ကျမ မထင်ဘူး” လို့ ပြန်ဖြေနေတာကို တွေ့ရပါတယ်။
သုံးစွဲသူရဲ့ ကိုယ်ရည်ကိုယ်သွေးတွေကို မှတ်မိနေမယ့် “ပုံသေမှတ်ဉာဏ်နဲ့” စကားပြောတဲ့ လိင်ဆက်ဆံဖော်အရုပ်တွေ မေလ ထွက်ရှိမှာ ဖြစ်ပြီး ဝယ်ယူသုံးစွဲသူစိတ်ကြိုက် ကိုယ်ရည်ကိုယ်သွေးနဲ့ အရုပ်တွေကို မှာယူနိုင်တယ်လို့ ဒေးလီးစတားမှာ သတင်းမှာ ရေးသားထားပါတယ်။
လိင်ဆက်ဆံဖော်အရုပ်မှာ ရှိတဲ့ အေပီပီ/app က သုံးစွဲမယ့်အမျိုးသားတွေအနေနဲ့ သူတို့ရဲ့အရုပ်တွေမှာ စိတ်ကြိုက် သီးခြားကိုယ်ရည်ကိုယ်သွေးဖြစ်အောင် ကူညီပေးမယ်လို့ ဆိုပါတယ်။
“ဒီစက်ရုပ်ကို တီထွင်လိုက်ရတဲ့ စိတ်ကူးက ကိုယ်လိုချင်တဲ့ လက်တွဲဖော် မရရှိခဲ့တဲ့ သူတွေအတွက် အထောက်အကူဖြစ်စေမှာပါ” လို့ မက်မူလန်က ပြောပါတယ်။
“ငါဗိုက်ဆာတယ် ဘာစားရင်ကောင်းမလဲ” လို့ သူ့ကို မင်းမေးနိုင်တယ်။ “မင်းရဲ့အကြိုက်ဆုံး အစားအစာက ပီဇာလို့ ငါ့ကို ပြောဖူးတယ်၊ ပီဇာစားသင့်တယ်လို့ သူမက ပြန်ပြောလိမ့်မယ်”လို့ မက်မူလန်က ပြောပါတယ်။
ဆိုရှယ်မီဒီယာမှာ ကြည့်ရှုသူတစ်ဦးကတော့ “ဈေးဝယ်တာနဲ့ ပတ်သက်ပြီး သူမ ဘယ်လိုခံစားရလဲလို့ မေးပေးပါ။ အကယ်၍ ဒါကို သူမ ဂရုမစိုက်ဘူး ဆိုရင်တော့ ကျနော် ဝယ်မယ်လို့” အင်စတာဂရမ်မှာ ဟာသအနေနဲ့ ရေးထားပါတယ်။
