မကြာခင်ကျရောက်တော့မဲ့ အောက်တိုဘာလလေးဟာ ချစ်စဖွယ်စုံတွဲလေးတွေအတွက် မင်္ဂလာယူကြမဲ့လလေးတစ်လလို့ကင်ပွန်းတပ်လို့ရပါတယ်။ ထိုလလေးဟာ ချစ်သူဘ၀ကနေ အကြင်လင်မယားဘ၀ကိုကူးပြောင်းကြတဲ့ လလေးတစ်လလို့လဲပြောနိုင်ပါသေးတယ်။ အဲ့ဒီလိုအမှတ်တရတွေနဲ့ကြည်နူးဖွယ်၊ ပျော်ရွှင်ဖွယ်ဖြတ်သန်းဖို့တာဆူနေကြတဲ့ မင်္ဂလာစုံတွဲ၊ မင်္ဂလာမောင်နှံလေးတွေအနေနဲ့ဈေးနှုန်းသင့်တင့်ပြီး ကာစတမ်မာတွေကို အကောင်းဆုံး Service ပေးနိုင်တဲ့ ဆိုင်လေးတစ်ဆိုင်နဲ့မိတ်ဆက်ပေးချင်ပါတယ်။ အဲ့ဒီဆိုင်လေးကတော့ Love Diary လို့အမည်ရတဲ့ Wedding ဆိုင်လေးပါ။ အဆိုပါဆိုင်လေးမှာ မင်္ဂလာပွဲအတွက်မှတ်တမ်းများ၊ မင်္ဂလာဆောင်အကြိုမှတ်တမ်းဓာတ်ပုံ၊ ဗီဒီယိုများသာမက ၀တ်စုံ၊ မိတ်ကပ်၊ လက်ဝတ်ရတရာအပြင် ခေတ်မှီသော ဘောင်ဒီဇိုင်းများ၊ ဓာတ်ပုံစာအုပ်များအစရှိသော ၀န်ဆောင်မှုများကို လက်ခံဆောင်ရွက်ပေးနေတဲ့အပြင် ဒီနှစ်မှာတော့ ထူးထူးခြားခြားအနေနဲ့ ပွဲကြီးနေ့အတွက် ၀တ်စုံတွေကိုပါ ငှားရမ်းပေးနေပြီဆိုတဲ့ အစီအစဉ်သစ်လေးတစ်ရပ်ကိုလဲ ထည့်သွင်းထားတဲ့အတွက် အဆိုပါဆိုင်လေးတည်ရှိရာ အောက်ကြည့်မြင့်တိုင်လမ်းပေါ်က ပထမသီရိရိပ်သာကို ချီတက်ခဲ့ပါတော့တယ်။ အဆိုပါဆိုင်လေးနဲ့ပတ်သက်ပြီး သိလိုသမျှအ၀၀ကို Co – Founder လဲဖြစ်သလို Coordinator တစ်ဦးလဲဖြစ်တဲ့ မခင်မြတ်နိုးဦးနဲ့တွေ့ဆုံပြီး သိလိုသမျှကို မေးမြန်းဖြစ်တဲ့အခါ
Copyright:
-ရှေ့လဆိုလဲ မင်္ဂလာဆောင်တဲ့ ရာသီရောက်လာပြီဆိုတော့ အစ်မတို့ရဲ့ Love Diary ဆိုတဲ့ဆိုင်လေးမှာ ဒီနှစ်အတွက် အရင်နှစ်တွေနဲ့မတူတဲ့ ထူးခြားတဲ့အစီအစဉ်လေးတွေဘာများရှိမလဲ။
အခုဒီနှစ်မှာဆိုရင်အခုလာမဲ့အောက်တိုဘာမှာပေါ့ ကာစတမ်မာတွေအတွက် ပရိုမိုးရှင်းတွေရှိမယ်။ အရင်နှစ်တွေတုန်းကဆိုရင် ပွဲနေ့အတွက် Wedding Dress တွေငှားတာမျိုးမရှိဘူး။ ဒါပေမဲ့ ဒီနှစ်မှာတော့ Wedding Dress တွေစငှားပါမယ်။
-ဒီဆိုင်မှာရော အဓိကဘာတွေရနိုင်လဲ။
Pre Wedding အတွက် မိတ်ကပ်၊ ဓာတ်ပုံ၊ ၀တ်စုံ၊ ဗီဒီယိုပေါ့ အဲ့ဒါကအဓိကပါ။ နောက် Wedding လိုက်ရိုက်ပေးတယ်။ နောက် ဗီဒီယိုလဲလိုက်ရိုက်ပေးတယ်။ နောက် Wedding Planning လုပ်ပေးတယ်။ ဒါပါပဲအဓိကကတော့လေ။ ပွဲကြီးအတွက်ကတော့ ၀တ်စုံက Support လုပ်တာနည်းတယ်။ ဒါပေမဲ့ဒီနှစ်မှသာပစ္စည်းအသစ်တွေမှာထားတဲ့အတွက် ပွဲကြီးအတွက်တွေပါ ငှားပေးတယ်။ ပရိုမိုးရှင်းတွေလဲရှိပါမယ်။
-ပရိုမိုးရှင်းအတွက် လာမဲ့အောက်တိုဘာမှာ ဘယ်လောက်လောက်ထိလျှော့ချပေးဖို့ရှိမလဲ။
May be Discount 5 t0 10 % သော်လည်းကောင်း၊ ဒါမှမဟုတ်လဲ present အနေနဲ့ တစ်သိန်းဖိုး သို့မဟုတ် နှစ်သိန်းဖိုး လက်ဆောင်ပေးတာမျိုးပေါ့။ အဲ့ဒီလိုမျိုးလေးတွေတော့လုပ်ပေးသွားပါမယ်။
-ဆိုင်ဖွင့်တာရော ဘယ်လောက်ရှိသွားပြီလဲ။
လေးနှစ်ကျော်ပြီပေါ့။ ဒီမှာဖွင့်တာကတော့ တစ်နှစ်ကျော်သွားပါပြီ။ စဖွင့်တာကတော့ ငုဝါလမ်းမှာပါ။
-Pre Wedding ရိုက်ထားတာလေးတွေက တစ်နေရာမှာတစ်မျိုးစီပေါ့။ အဲ့ဒီလိုအိုင်ဒီယာကျတော့အစ်မတို့ပဲ ခေါင်းစားပေးတာလား။ ကာယကံရှင်တွေက သူတို့ဖြစ်ချင်တာကိုပြောပြတာလား။
အတူတူတိုင်ပင်ကြပါတယ်။ အစ်မတို့ဖက်ကသူတို့ကိုသေချာလေးမေးတယ်။ သူတို့ဘယ်လိုပုံစံမျိုးလိုချင်လဲ။ ဘယ်လိုပုံစံမျိုးသွားချင်လဲပေါ့။ ရှုခင်းကိုအသားပေးတာကြိုက်လား။ တိုက်တာအဆောက်အဦးကိုအသားပေးတာကြိုက်လား။ ဘယ်လိုပုံစံကိုကြိုက်လဲပေါ့။ ပြီးတော့မှရွေးပြီးအကောင်းဆုံးဖြစ်အောင်ရိုက်ကြတာပေါ့။ ခရီးသွားရိုက်မယ်ဆိုရင်ခရီးသွားကြ၊ မသွားဘူးရန်ကုန်မှာဆိုလဲ ရန်ကုန်မှာပဲရိုက်ကြပေါ့။
-ရန်ကုန်မှာရိုက်တာနဲ့ခရီးထွက်ရိုက်တာက ဈေးနှုန်းကွာခြားမှုရှိလား။
မကွာပါဘူး။ အတူတူပါပဲ။ အားလုံးအဆင်ပြေအောင်လို့ဒီတိုင်းလိုက်ရိုက်ပေးတာပါ။ ဒါပေမဲ့ခရီးထွက်ရိုက်တယ်ဆိုရင်တော့ အစ်မတို့အတွက်ကိုစီစဉ်ပေးရတာပေါ့။ နေစရာ၊ စားစရာအစရှိသဖြင့်ပေါ့။
Copyright:
-ဈေးနှုန်းလေးတွေကိုလဲ တစ်ချက်လောက်ပြောပြပေးပါဦး။
ဈေးနှုန်းက အစ်မတို့Outdoor ဆိုရင် ၀တ်စုံ၊ မိတ်ကပ်၊ ဓာတ်ပုံ အပြီးအစီး Pre Wedding တစ်ခုလုံးစာအတွက် ၀တ်စုံတစ်စုံကို ၂၀၀၀၀၀ ၀န်းကျင်စပါတယ်။ Indoor ဆိုရင်တော့ ၁၀၀၀၀၀ ၀န်းကျင်ကစပါတယ်။ ၀တ်စုံတစ်စုံစာတည်းအတွက်ပေမဲ့ ဓာတ်ပုံဘောင်တွေဘာတွေကအစအပြီးအစီးပါပါတယ်။ ၀တ်စုံတိုးရင်တိုးသလို ဈေးနှုန်းကအစားအစားရှိတာပေါ့။ အဲ့ဒီ ၂၀၀၀၀၀ တန်က ဗီဒီယိုပိုင်းမပါပါဘူး။
-Pre Wedding ဆို များသောအားဖြင့် ဘယ်နှစုံလောက်ရိုက်ကြတာများလဲ။
အများစုကတော့ ၃စုံပေါ့။ အဲ့ဒီ ၃စုံက ကြိုက်တဲ့ ၀တ်စုံဝတ်လို့ရတယ်။ ဥပမာ မြန်မာ ၀တ်စုံပဲဖြစ်ဖြစ်၊ အနောက်တိုင်းဝတ်စုံပဲဖြစ်ဖြစ်ပေါ့။
-ဈေးနှုန်းအနည်းဆုံးကနေအများဆုံးကိုလဲသိချင်ပါတယ်။
အနည်းဆုံးက တစ်သိန်းဝန်းကျင်ကနေစမယ်။ အများဆုံးကတော့ ကာစတမ်မာ ၀တ်ချင်တဲ့ဝတ်စုံအရေအတွက်ပေါ်မူတည်ပြီး ဈေးကမြင့်သွားတာမျိုးဖြစ်တဲ့အတွက် အများဆုံးကတော့ အတိအကျပြောလို့မရဘူးပေါ့။
-ပွဲကြီးအတွက်ကိုရော ဒီနှစ်မှာ ၀တ်စုံအပြင် အစ်မတို့ဆီမှာဘာတွေရော ရနိုင်ဦးမလဲ။
ပွဲကြီးအတွက်က ၀တ်စုံငှားမယ်။ နောက်ပြီး Planning တွေလုပ်ပေးတယ်။ ၀တ်စုံကတော့ တစ်သိန်းကနေပြီး ခုနစ်သိန်းရှစ်သိန်းလောက်ထိရှိပါတယ်။
-အစ်မတို့ရဲ့ Love Diary ဆိုင်လေးက တခြားဆိုင်တွေနဲ့မတူတဲ့ အားသာချက်ကဘာများဖြစ်မလဲ။
အကုန်လုံးကကောင်းကြတယ်။ အစ်မတို့ဆိုင်ဆိုရင်တော့ အစ်မတို့က ကာစတမ်မာတွေကို Service ကောင်းကောင်းပေးတယ်။ ဈေးနှုန်းလဲ အဆင်ပြေအောင်ထားပေးထားပါတယ်။
-အစ်မတို့ဆိုင်လေးက ဘယ်အရာကြောင့် ကာစတမ်မာတွေပိုအ၀င်များတာလို့ထင်လဲ။
အဓိကကတော့ ကိုဝေလင်းပေါ့။ Main Photographer ကိုဝေလင်းပေါ့။ သူက Founder လဲဖြစ်တယ်။ သူ့ကြောင့်လူပိုသိတယ်လို့ထင်ပါတယ်။ သူ့ရဲ့ Art Work ကို လူတွေကြိုက်ပြီးလာကြတာများပါတယ်။
Copyright:
-အတွဲလေးတွေကလဲ အများကြီးလာကြတာဆိုတော့ တစ်တွဲနဲ့တစ်တွဲကို ပုံစံမတူအောင်ရော အစ်မတို့ဖက်က ဘယ်လိုစဉ်းစားပေးဖြစ်တာလဲ။
တစ်ယောက်နဲ့တစ်ယောက်မတူအောင် များသောအားဖြင့် သူတို့ကိုပေးတယ်။ ဘယ်လိုပုံစံမျိုးလိုချင်တာလဲ။ ရိုက်ချင်တာလဲဆိုတာကိုပေါ့။ သူတို့ပြောတဲ့ အပေါ်မှာမှ ကိုယ်ကပြန်ပြီး ခေါင်းစားပေးတာပေါ့။ အပြန်အလှန် ဆွေးနွေးကြတာပေါ့။ အဲ့ဒီလိုဆွေးနွေးရင်းနဲ့ပဲ အကြံဥာဏ်သစ်တွေထပ်ပေါ်လာတာပေါ့။
-ဒီနှစ်အောက်တိုဘာမှာ လာရောက်အားပေးဦးမဲ့ မင်္ဂလာမောင်နှံတွေအတွက်ရော ဘာများပြောချင်ပါသေးလဲ။
ပရိုမိုးရှင်းတွေ၊ Activities တွေလဲအများကြီးလုပ်ဖို့ရှိပါတယ်လို့။ ကာစတမ်မာတွေလဲ လာရောက်အားပေးဖို့မျှော်လင့်ပါတယ်။
-အစ်မတို့ Love Diary ဆိုင်လေးရဲ့ တည်နေရာလေးကိုလဲသိချင်ပါတယ်။
၁၆၂ D ၊ ပထမသီရိရိပ်သာ၊ အောက်ကြည်မြင့်တိုင် ပါ။
Credit :Trend Myanmar