9/19/2016

ရင်သားကင်ဆာရောဂါအတွက် ကုသမှုခံယူပြီးမှ ကိုယ်ဝန်ရတဲ့ အမျိုးသမီးတွေဟာ ကျန်းမာတဲ့ ကလေးကို မွေးဖွားနိုင်



ကိုယ်ဝန်ဆောင်နေစဉ်မှာ ရင်သားကင်ဆာ ဖြစ်ပွားခဲ့တဲ့ အမျိုးသမီးအများစု (သို့) ရင်သားကင်ဆာရောဂါအတွက် ကုသမှုခံယူပြီးမှ ကိုယ်ဝန်ရတဲ့ အမျိုးသမီးတွေဟာ ကျန်းမာတဲ့ ကလေးကို မွေးဖွားနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။

Royal College of Obstetricians and Gynaecologists ( RCOG ) အဖွဲ့ရဲ့ ပြောကြားချက်အရ ရင်သားကင်ဆာရောဂါဟာ မိန်းမပျိုလေးများမှာ ဖြစ်တောင့်ဖြစ်ခဲ ရောဂါဖြစ်သလို ရင်သားကင်ဆာ ရောဂါအတွက် ကုသမှုခံယူပြီးမှ ကလေးရရှိသူ အရေအတွက်ဟာ ပိုမိုများပြားလာတယ်လို့လည်း သိရပါတယ်။

ရင်သားကင်ဆာရဲ့ ဓါတုကုထုံး Chemotheraphy ဟာ ပထမဆုံး ကိုယ်ဝန်ဆောင်တဲ့ ၁၃ ပတ်အတွင်းမှာ ကုသလို့မရနိုင်ပါဘူး။ ကုသမိပါက မွေးဖွားလာမယ့် ကလေးမှာ ခြားနားတဲ့ ချို့ယွင်းချက်တွေ(abnormalities) ဖြစ်ပေါ်နိုင်ပါတယ်။ သို့သော် ၁၃ ပတ်ကျော်လွန်သွားတဲ့ အခါမှာတော့ ထိုကုထုံးဟာ အန္တရာယ်ကင်းသွားပြီး အမျိုးသမီးတွေအတွက် ရောဂါကို ရင်ဆိုင်ရာမှာ လည်း ထိရောက်နိုင်တယ်လို့ သိရပါတယ်။

ကမ္ဘာတစ်ဝှမ်းမှာ တစ်နှစ်ကို အမျိုးသမီး ၅၀၀၀၀ ခန့်ဟာ ရင်သားကင်ဆာရောဂါကို ခံစားနေရပါတယ်။

Credit :Trend Myanmar