၁) ခဏခဏ ကတိဖျက်တတ်တဲ့သူ
ခဏခဏ ကတိတွေ ပေးပြီး ဖြတ်တတ်တဲ့သူတွေဟာ ရေရှည်လက်တွဲဖို့ မဖြစ်နိုင်ပါဘူး။ ထိုသူတွေဟာ အလုပ်လည်း လက်တွဲပြီး လုပ်လို့ မရတဲ့ အပြင် သင့်ရဲ့ဂုဏ်သိက္ခာကိုပါ ငြိုးနွမ်းစေနိုင်လို့ အဆက်အသွယ် ဖြတ်သင့်တဲ့ သူမျိုးဖြစ်ပါတယ်။
၂) လိုချင်တာ ရှိမှ လာပေါင်းတတ်တဲ့သူ
မိတ်ဆွေ သူငယ်ချင်းတွေထဲမှာ လိုချင်တာ တစ်ခုခုရှိမှ လာပေါင်းတတ်တဲ့ သူမျိုးတွေ များစွာရှိမှာပါ။ တစ်ခါတစ်လေ ဆိုရင် ခွင့်လွှတ်လို့ ရပေမယ့် ကြာလာရင်တော့ ဆက်လက်မပေါင်းပါနဲ့တော့ အဆက်အသွယ်ဖြတ်လိုက်ပါ။
၃) မကောင်းလုပ်ဖို့ မြှောက်ပေးတဲ့သူမျိုး
မကောင်းတာ လုပ်ဖို့ကို မြှောက်ပင့်ပေးပြီး ကောင်းတာလုပ်ဖို့ အတွက် တားမြစ်တဲ့ မိတ်ဆွေတွေ ရှိရင် ဆက်လက်ပေါင်းသင်းဖို့ မလိုတော့ပါဘူး။ ထိုသူတွေ ဘေးမှာ မရှိလည်း သင့်ဘဝက ဘာမှမထူးခြားပါ။ အဆက်အသွယ်ဖြတ်သင့်ပါတယ်။
၎) အခက်အခဲတွေ့ချိန်မှာ မကူညီဘဲ ရှောင်ထွက်ပြေးတဲ့ သူမျိုး
မိမိအခက်အခဲတွေ ကြုံလာတဲ့ အခါ ကူညီမပေးတတ်ဘဲ ရှောင်ထွက်ပြေးတတ်တဲ့ သူမျိုးတွေကို အဆက်အသွယ်ဖြတ်ပါ။ သူတို့ဟာ မိမိ၏ ဘေးမှာ လိုချင်တာတွေသာ ရှိရင် ပေါင်းသင်နေတာ ဖြစ်ပြီး သူတို့မရှိလည်း သင့်အတွက် ဘာမှဖြစ်လို့ သွားမည် မဟုတ်ပါ။
၅) မိမိကိုယ် မချစ်သောသူမျိုး
ချစ်သူရည်စား ဖြစ်လို့ မိမိကိုယ် တကယ်မချစ်တဲ့ သူမျိုးတွေ ဖြစ်လာရင် အဆက်ဖြတ်လိုက်တာ ကောင်းပါတယ်။ တစ်ခါတစ်လေ ကိုယ်ချစ်သလောက် ပြန်မချစ်နိုင်တဲ့ သူမျိုးတွေ ဘေးမှာ ရှိနေရင် နေ့တိုင်း သင်စိတ်ဆင်းရဲရပါလိမ့်မယ်။
Team (ပစ်တိုင်းထောင်)
Credit : Pyit Tine Htaung