9/16/2016

လည်ချောင်းနာခြင်း များအတွက် အိမ်တွင်းကုထုံး



လည်ချောင်း နာပြီဆိုရင် အစားစားရတာ အဆင်မပြေ ဖြစ်တတ် ပါတယ်။ ထို့ပြင် လည်ချောင်းက ခဏခဏ ယားယံကာ ချောင်းလည်း ဆိုးပါတယ်။ ထိုရောဂါများကို သက်သာစေမည့် အိမ်တွင်းနည်းဖြင့် ရောဂါ ကုထုံးများကို ရေးသားလိုက်ရပါတယ်။

(၁) ဆားဖြင့် ပုလုပ်ကျင်းပေးပါ။ ဆားဖြင့်ပလုပ်ကျင်းတာက ခတွင်းအတွင်းမှာ ရှိတဲ့ အညစ်အကြေးတွေကို သန့်ရှင်းစင်ကြယ် စေပါတယ်။

(၂) ပျားရည် သောက်ပါ။ တစ်နေ့ကို လက်ဖက်စားဇွန်း တစ်ဇွန်း
(သို့) နှစ်ဇွန်း လောက် သောက်ပေးပါ။ အိပ်ယာဝင်ခါနီး သောက်တာက ရောဂါအတွက် ပိုမိုသက်သာ စေပါလိမ့်မယ်။

(၃) သံပုရည် သောက်ပါ။ သံပုရာရည် သောက်ရာတွင် ရေကြက်အေး ပျားရည် ဆား စတာတွေကို ရောစပ်ကာ သောက်ပါက ပိုမိုပြီး သက်သာပါလိမ့်မယ်။

(၄) ကြက်သွန် ဖြူစားပါ။ ကြက်သွန်ဖြူက ဟင်းချက်ရာမှ အဓိက သုံးတယ်ဆိုပေမယ့် ထိုကြက်သွန်ဖြူကို အစိမ်းလိုက် စေပေးပါ။

အထက်ပါ နည်းလမ်းများကို လုပ်ဆောင်ပါက သင်၏ လည်ချောင်းနာ ဝေဒနာကို သက်သာ ပါလိမ့်မယ်။

Ref - wikihow
Team (ပစ်တိုင်းထောင်)

 Credit : Pyit Tine Htaung