9/16/2016

ခွေးများဆီမှ သင်ယူသင့်တဲ့ အရာများ





၁) သစ္စာရှိမူ

ခွေးတွေဟာ ဘယ်တော့မှ သစ္စာမဖောက်တတ်ပါဘူး။ အထူးသဖြင့် သူ့ကို
ကျွေးမွေးစောင့်ရှောက်တဲ့ သခင်များကိုဆိုရင် အသက်ပင်သေသေ သစ္စာရှိပါတယ်။

၂) သူ့ကို ကျွေးမယ်တဲ့ ဘယ်သူမဆို ခင်တယ်

ခွေးတွေဟာ သူ့တို့ကို တစ်ခါလောက် အစားကျွေးလိုက်တာနဲ့ သူတို့သေ
သည်ထိ မမေ့တော့ပါဘူး။ ကိုက်လဲ မကိုင်တော့ဘူး ဟောင်လည်း မဟုတ်တော့ပါဘူး။ သူတို့တွေရဲ့ အစားကျွေးတဲ့ သူအပေါ်ထားတဲ့ သဘောထားဟာ အလွန် အတုယူဖို့ ကောင်းပါတယ်။

၃) အစားမကျွေးတောင် အိမ်မှာရှိနေဆဲ

သူတို့ကို အငတ်ထားပြီး အစားမကျွေးဘူးဆိုရင်တောင် အိမ်ကနေ အပြီးထွက်သွားတယ် ဆိုတာ မရှိပါဘူး။ သူတို့ဆာလောင်မူကို ဖြေရှင်းဖို့ အပြင်မှာ ရှာစားချင် စားလိမ့်မယ် အချိန်တန်ရင် အိမ်ပြန်ရောက်လာပါလိမ့်မယ်။

၎) အိမ်ကို လုံခြုံအောင် စောင့်တယ်

အိမ်ကို သူတတ်နိုင်သလောက် လုံခြုံအောင် စောင့်ပေးတယ်။ သခင့်ထမင်းကို စားပြီး သူတို့တတ်နိုင်တဲ့ ဘက်ကနေ သခင့်ကို ကျေးဇူးဆပ်တာ ခွေးလေးတွေပါ။

၅) သခင့်အတွက် ကိုယ်ရံတော်

တစ်ခါတစ်ရံ မိမိအပြင်သွားလို့ သူ့ကို ခေါ်သွားရင်တောင် မိမိမမြင်တဲ့ အန္တရာယ်တွေကို သူက ဟောင်ခြင်းဖြင့် အချက်ပြပါတယ်။ ခွေးလေးများဟာ သခင့်အတွက် ကိုယ်ရံတော်လေးတွေပါ။

Team (ပစ်တိုင်းထောင်)


 Credit : Pyit Tine Htaung