9/16/2016

အဖေနဲ့ အမေ သက်ရှိထင်ရှား ရှိနေတာတောင် တစ်ခါတစ်လေမှာ




ပျော်စရာတွေ ပြည့်နေတာကြောင့် မေ့နေတတ်ကြပါတယ်။ အထူးသဖြင့် မိဘနဲ့ ဝေးနေတဲ့ အခါဆိုရင် ဖုန်းတောင် နေ့စဉ်မဆက်နိုင်ကြပါဘူး။
ဘယ်လောက်ပဲ ဝေးဝေး ဘယ်လိုပဲ ဖြစ်နေဖြစ်နေ မိဘတွေ သက်ရှိထင်ရှား ရှိသည် ဖြစ်စေ မရှိတော့လို့ ဖြစ်စေ အိပ်ယာဝင်တိုင်း အဖေနဲ့ အမေကို ကန်တော့ပါ။

အခြားသော သူတွေကို မေ့ချင် မေ့နေလို့ ရတယ် ဒါပေမယ့် မိဘများကိုတော့ မမေ့ဖြစ်အောင် ဂရုစိုက်ပါ။ လောကမှာ ပြန်မရနိုင်တဲ့ အရာသုံးမျိုး ရှိတယ်။ အချိန်၊ ပြောလိုက်တဲ့ စကား၊ မိဘ စတာတို့ ဖြစ်ပါတယ်။
ဒါကြောင့် မိဘဆိုတာ တန်ဖိုးဖြတ်မရတဲ့ သူတွေဖြစ်ပါတယ်။

မိဘကို အချိန်တိုင်း သတိတရ ပြုစုတတ်တဲ့ သားသမီးတွေဟာ အခက်အခဲများမှလည်း ကာကွယ်နိုင်ပါတယ်။ ဆင်းရဲခြင်းကနေလည်း ကင်းလွတ်နိုင်တယ်။ မိဘကို မမေ့ပါနဲ့။ ကျွေးမွေး ပြုစု စောင့်ရှောက်ပါ။


Team (ပစ်တိုင်းထောင်)

 Credit : Pyit Tine Htaung