8/05/2016

မိန်းမချင်းစိတ်ဝင်စားသူ(Lesbian)တွေဟာ ချစ်တင်းနှောခြင်းမှာ အကောင်းဆုံး ခံစားမှု ရရှိသူတွေဖြစ်



ယောကျာင်္း ၊ မိန်းမ ၊ မိန်းမချင်းစိတ်ဝင်စားသူ(Lesbian) ၊ ယောကျာင်္းချင်းစိတ်ဝင်စားသူ(Gay) စသဖြင့် Gender ခွဲခြားမှု အမျိုးမျိုး ရှိကြရာမှာ ဘယ် Gender က ချစ်တင်းနှောခြင်းမှာ အကောင်းဆုံးနဲ့ အချိန်အကြာဆုံး ခံစားမှုကို ရရှိကြသလဲ ဆိုတာဟာ စိတ်ဝင်စားစရာပါ။

အဲဒီကိစ္စနဲ့ ပတ်သက်ပြီး သုတေသီအဖွဲ့တစ်ဖွဲ့က ဖြေရှင်းပေးလိုက်ပါတယ်။ AsapSCIENCE ဆိုတဲ့ အဖွဲ့တစ်ဖွဲ့က YouTube ပေါ်မှာ တင်ပေးလိုက်တဲ့ ဗီဒီယို အရတော့ မိန်းမတွေဟာ ယောကျာင်္းတွေထက် အချိန်ပိုမိုကြာရှည်တဲ့ အိမ်ထောင်ရေးသုခ(orgasms) ကို ရရှိပြီး မကြာခဏ စိတ် ဖြစ်ပေါ်မှုအပိုင်းမှာလည်း  မိန်းမတွေဟာ ယောကျာင်္းတွေထက် နည်းကြတယ်လို့ သိရပါတယ်။

အလားတူပဲ ဆရာဝန်အဖွဲ့တစ်ဖွဲ့က ဦးဆောင်လေ့လာခဲ့တဲ့ သုတေသန တစ်ခုအရတွေ့ရှိခဲ့ပြန်တာက မိန်းမချင်းစိတ်ဝင်စားသူ(Lesbian) တွေဟာ မိန်းမ(Straight) တွေထက် ပြီးမြောက်မှု ဖြစ်တဲ့ အိမ်ထောင်ရေးသုခ(Orgasm) အပိုင်းမှာ ပျမ်းမျှအားဖြင့် ၁၂ ရာခိုင်နှုန်းခန့် ပိုမို ခံစားကြရတယ် ဆိုတာပါပဲ။ ဒါ့အပြင် မိန်းမချင်းစိတ်ဝင်စားသူ (Lesbian) တွေဟာ ချစ်တင်းနှောခြင်း ကြာချိန်ပိုင်းမှာလည်း မိန်းမတွေထက် မြင့်မားနေတာကိုတွေ့ရပါတယ်။ ပျမ်းမျှအားဖြင့် မိန်းမချင်းစိတ်ဝင်စားသူ(Lesbian) တွေဟာ မိနစ် ၃၀ ခန့်ကနေ ၄၅ မိနစ်ခန့်အထိ ချစ်တင်းနှောခြင်း အချိန်ကြာမြင့်ကြပြီး မိန်းမ(Straight)တွေကတော့ ၁၅ မိနစ်ကနေ ၃၅ မိနစ် အထိသာ ကြာချိန်ရှိနေတာကိုသုတေသီတွေ က တွေ့ရှိခဲ့တာပဲ ဖြစ်ပါတယ်။

ဒါကြောင့် မိန်းမချင်းစိတ်ဝင်စားသူ(Lesbian)တွေဟာ ချစ်တင်းနှောခြင်းမှာ အကောင်းဆုံး ခံစားမှု ကို ရရှိသူတွေ ဖြစ်တယ်လို့ ဆိုနိုင်မှာပဲ ဖြစ်ပါတယ်။

Credit: Trend Myanmar