လိင်အင်္ဂါအချိန်ပိုမိုကြာရှည်တင်းမာစေမယ့် အစားအစာတွေရှိမှန်း သိပြီးပြီလား။ Delhi အခြေစိုက် Sri Balaji Action Medical Institute က လိင်မှုဗေဒပညာရှင် Dr Vijay Singhal က ယောက်ျားလိင်အဂါင်္တင်းမာမှုအတွက် စားသုံးနိုင်တဲ့ အစားအစာစာရင်းတွေကို ခုလို ပြုစုပေးထားပါတယ်။
ဖရဲသီး၊ သင်္ဘောသီးနဲ့ ငှက်ပျောသီး (potassium ဓာတ်ကြွယ်ဝ) က သွေးလွှတ်ကြောတွေ ကျယ်လာစေခြင်းဖြင့် သွေးစီးဆင်းမှု တိုးမြင့်ပေးပြီး လိင်အင်္ဂါတောင့်တင်းမှု ပိုမိုကောင်းမွန်စေပါတယ်။
အခွံမာအစေ့၊ နို့နဲ့ ဒိန်ချဉ်မှာ အမျိုးသားဟော်မုန်းအတွက် ကောင်းမွန်တဲ့ zince ဓာတ်ပါဝင်ပါတယ်။ ဒါဟာ လိင်အဂါင်္ထောင်မတ်နိုင်ခြင်းအတွက် လိုအပ်တဲ့ဓာတ်တစ်ခု ဖြစ်ပါတယ်။
နောက် ကြက်သွန်ဖြူနဲ့ ကြက်သွန်နီမှာလည်း သွေးစီးဆင်းမှု တိုးမြင့်စေတဲ့ allicin ပါဝင်တယ်။
ထိုနည်းတူ ချောကလက်အနက်ရောင်တွေမှာ သွေးလည်ပတ်စီးဆင်းမှု တိုးမြင့်ပေးတဲ့ flavanoids တွေ ပါဝင်ပါတယ်။
Omega 6 အဆီအက်ဆစ်တွေနဲ့ arginine ကြွယ်ဝတဲ့ သစ်ကြားသီးက nitric oxide ထုတ်လုပ်မှု အထောက်အကူဖြစ်စေတာကြောင့် သွေးလွတ်ကြောသက်သောင့်သက်သာရှိစေပြီး သွေးလည်ပတ်မှု ပိုမိုကောင်းမွန်စေပါတယ်။
တစ်ခုသိထားရမှာက ဆီးချိုရောဂါက လိင်အင်္ဂါတောင့်တင်းနိုင်မှု အားနည်းခြင်း ဖြစ်စေပါတယ်။ ဒါ့ကြောင့် ဆီးချိုသမားတွေအတွက် သကြားဓာတ်ပမာဏနဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ နေ့စဉ်ပုံမှန်အစားအစာ ထိန်းသိမ်းဖို့ အရေးကြီးပါတယ်။
သွေးတိုးရောဂါ ခံစားသူဝေဒနာရှင်တွေ လိင်အင်္ဂါတောင့်တင်းနိုင်မှုပြသနာ ရင်ဆိုင်ရနိုင်ပြီး ဆားလျှော့စား သင့်ပါတယ်။
Credit :Trend Myanmar