နေ့တိုင်းရေချိုးပါ။ ရေနဲ့ နေ့စဉ်အပေါင်းအသင်းပြုရမှာ ဖြစ်ပါတယ်။ ရေမချိုးတာ၊ တစ်ကိုယ်ရေသန့်ရှင်းမှုနဲ့ ကင်းဝေးတာ အချိန်ကြာလာတာနဲ့အမျှ အရေပြားမှာ ဖြစ်ပွားတတ်တဲ့ အချက်တွေ ရှိပါတယ်။ ဒါဟာ အန္တရာယ်ဖြစ်စေတတ်တာမို့ ဖြစ်ပွားတတ်တဲ့ ရောဂါပိုးတွေအကြောင်း ပြောပြပေးလိုက်ပါတယ်။
၁။ အန္တရာယ်ရှိတဲ့ ဘက်တီးရီးယားနဲ့ ရောဂါပိုးများ
ကျွန်ုပ်တို့အရေပြားဟာ ဘက်တီးရီးယားနဲ့ ရောပိုးတွေ ရှင်သန်နေထိုင်ရာနေရာ ဖြစ်ပါတယ်။
၂။ ကူးစက်ရောဂါများ
ဒီရောဂါပိုးတွေက အရေပြားကူးစက်ရောဂါတွေ ဖြစ်ပွားစေပါတယ်။
၃။ အညစ်အကြေးနဲ့ ချွေး
ရေမချိုးတာက အရေပြားမှာ အညစ်အကြေးနဲ့ ချွေးတွေ စုပုံလာစေပါတယ်။
၎။ အနံ့အသက်ဆိုးထွက်ခြင်း
အရေပြားကနေ အနံ့အသက်စတင်ဖြစ်ပွားပါတယ်။
၅။ ကြီးထွားခြင်း
ဘက်တီးရီးယားတွေ ပိုမိုဖြစ်ပွားပြီး အနံ့အသက်ပိုလို့တောင် ထွက်လာပါတယ်။
၆။ ဓာတ်တုံ့ပြန်မှု
အရေပြားမှာ ဝက်ခြံ၊ အနီကွက်ထခြင်းနဲ့ ချေးတက်ခြင်းတွေ ဖြစ်ပေါ်ပါတယ်။
Credit :Trend Myanmar