သင်ဟာ အလုပ်ခွင်မှာ အခြားလုပ်ဖော်ကိုင်ဖက်တွေနဲ့ အဆင်ပြေပြေ အမြဲရှိတတ်သူလား၊ လုပ်ဖော်ကိုင်ဖက်တွေ သဘောကျနှစ်ခြိုက်တဲ့သူလား။ ဒါမှမဟုတ် လုပ်ဖောက်ကိုင်ဖက်တော်တော်များများနဲ့ အဆင်မပြေဘူးလား ဆိုတာ ကိုယ့်ကိုကိုယ် အသိဆုံးဖြစ်မှာပါ။ အလုပ်ခွင်မှာ အလုပ်တွေပြီးမြောက်အောင် လုပ်နိုင်ဖို့ဆိုတာ ကိုယ့်အလုပ်ခွင်မှာ ကိုယ်ပျော်သလား၊ မပျော်ဘူးလားဆိုတဲ့အချက်ပေါ် မူတည်ပါတယ်။ အလုပ်ခွင်မှာ ပျော်ဖို့ဆိုတာကလည်း လုပ်ဖော်ကိုင်ဖက် တွေနဲ့ အများကြီးပတ်သက်ဆက်နွယ်နေပြန်ပါတယ်။ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ကိုယ့်ကြား အတူစုပေါင်းလုပ်ဆောင်တတ်မှုတွေ၊ လေးစားမှု၊ စတဲ့အချက်တွေအပြင် သင့်အနေနဲ့ လုပ်ဆောင်နိုင်တဲ့ အခြားအရာ (၅) မျိုး ရှိနေပါတယ်။ အဲ့ဒါတွေကတော့
၁။ လုပ်ဖောက်ကိုင်ဖက်တွေနဲ့ တည်ငြိမ်စွာ ပြောဆိုဆက်ဆံပါ။
စကးပြောတဲ့အခါ တစ်ဖက်လူဘာပြောသွားသလဲဆိုတာ သေချာကြားအောင် နားထောင်ပါ။ ပြီးရင် အေးဆေးတည်ငြိမ်စွာနဲ့ တစ်ဖက်လူကို ပြန်လည်ပြောဆိုတတ်ပါစေ။ ပြီးပြီးရော ပြောတာမျိုး၊ အပြောတစ်မျိုး၊ အလုပ်တစ်မျိုး လုပ်တာမျိုးတွေ ရှောင်ပါ။ တစ်ဖက်လူက ကိုယ့်ကို အကြံတောင်းတာ၊ တစ်ခုခုတောင်းဆိုတာမျိုးတွေဆိုရင်လည်း ကိုယ်လုပ်ပေးနိုင်တာကို အတတ်နိုင်ဆုံး အားတက်သရော လုပ်ပေးပြီး လုံးဝငြင်းသင့်တယ်ထင်တဲ့ ကိစ္စမျိုးတွေကိုတော့ သူ့ကို နားလည်အောင် ရှင်းပြပြီး မလုပ်ဆောင်ပေးနိုင်ကြောင်းပြောပြပါ။ အဓိက အချက်ကတော့ တစ်ဖက်လူပြောတာကို အဆုံးထိ သေချာနားထောင်ပေးတတ်သူ ဖြစ်ဖို့ပါပဲ။
၂။ ကိုယ်လုပ်ဆောင်ရမယ့် အရာတွေကို ကိုယ်သေချာသိပါစေ။
တစ်ခါတစ်လေမှာ ကိုယ်ဟာ ဘာလုပ်နေတဲ့သူ၊ ဘာတွေဆက်လုပ်နေရမယ်ဆိုတာမျိုးတောင် မသိတော့ပဲ လမ်းကြောင်းေ၀၀ါးတာမျိုး အဖြစ်မခံပါနဲ့။ အလုပ်အတွက် အမြဲတမ်းတက်ကြွပြီး အိုင်ဒီယာသစ်တွေ၊ အကြံသစ်တွေနဲ့ အားကိုးရတဲ့ ၀န်ထမ်းဖြစ်ပါစေ။ ကိုယ်လုပ်ဆောင်ရမယ့် အရာတွေကို ကိုယ်သေချာသိနေပါစေ။
၃။အငြင်းသန်တဲ့သူတစ်ယောက် မဖြစ်ပါစေနဲ့။
တစ်ခုခုဆို ဘယ်သူဘာပြောပြော စွတ်ငြင်းနေတတ်တဲ့သူကို ဘယ်သူကမှ မခင်ကြပါဘူး။ အားလုံးကို အမြဲတမ်းခေါင်းငြိမ့်ထောက်ခံနေတဲ့သူဆိုလည်း အားလုံးက ဖောရှောလုပ်တဲ့သူလို့ ထင်မှာပါ။ ဒီတော့ တစ်ပါးသူပြောတာကို အဆုံးထိနားထောင်ပြီး ဖြစ်နိုင်ရင် ဖြစ်နိုင်ကြောင်း၊ မဖြစ်နိုင်ရင် မဖြစ်နိုင်ကြောင်း နားဝင်အောင် ပြောပြလိုက်ပါ။ ပြောသမျှကိုတော့ သွားမငြင်းမိပါစေနဲ့။
၎။အားလုံးနဲ့အဆင်ပြေတဲ့သူ ဖြစ်ပါစေ။
အသင်းအဖွဲ့တိုင်းမှာ မတည့်တဲ့သူ၊ အဆင်မပြေကြတာ၊ အတင်းအဖျင်းပြောကြာတာမျိုးတွေ ရှိတတ်ပါတယ်။ သင်ကတော့ အဲ့ဒီလိုလူမဖြစ်စေပဲ အားလုံးနဲ့ အမြဲအဆင်ပြေတဲ့သူတစ်ယောက် ဖြစ်အောင် ကြိုးစားပါ။ ဒီလိုဆိုရင် သင့်အလုပ်ရှင်ကရော လုပ်ဖော်ကိုင်ဖက်တွေကပါ သင့်ကို ယုံကြည်အားကိုးလာပါလိမ့်မယ်။
၅။သင့်စိတ်ကူးအိပ်မက်ကိုပဲ အာရုံစိုက်ပါ။
သင်တစ်နေ့မှာ ဘာဖြစ်ချင်တယ်ဆိုတာမျိုး သင့်စိတ်ထဲမှာ ရှိတယ်ဆိုရင် အဲ့ဒီ အိပ်မက်ကို ဖော်ဆောင်နိုင်ဖို့ နေ့တိုင်း ကြိုးစားလုပ်ဆောင်သွားပါ။
Credit: Trend Myanmar
