8/16/2016

ရှင်ဟာ မိန်းမတစ်ယောက်ဆိုရင်



ရှင်ဟာ မိန်းမတစ်ယောက်ဆိုရင်
ကိုယ့်ရဲ့အနေအထိုင်အတွက် ဂုဏ်ယူလက်မထောင်နေရပါစေ။ ကိုယ့်ရဲ့နံမည်အတွက် မိသားစုဂုဏ်ရှိနေပါစေ။ အကောင်းဆုံးသောအရင်းအနှီးက ကိုယ်ပိုင်အရည်ချင်းဆိုတာ မေ့မထားနဲ့။ရှိသင့်ရှိထိုက်တဲ့မာနက သင့်အတွက်ပြယုဂ်တစ်ခု ဖြစ်နေပါစေ။ အပြုံးနဲ့ မျက်နှာပြင်ကို အလှဆင်တတ်ပါစေ။

လွယ်ကူလွန်းတဲ့အရာတွေကို လွယ်လွယ်နဲ့ တန်ဖိုးမထားတတ်ကြဘူးဆိုတာ သိပြီးဖြစ်မှာပါ။
ကိုယ့်ရဲ့တန်ဖိုးဟာ ကိုယ့်ရဲ့အဆင့်တန်းပါပဲ။ လူတွေက ကိုယ့်ကိုခပ်လွယ်လွယ်မိန်းမလို့ မထင်ရအောင် ကိုယ့်ရဲ့ဈေးကိုကိုယ့်ရဲ့ အနေထိုင်နဲ့မြှင့်တင်ပါ။

သူများတကာ ကောင်းပေ့ဆိုတဲ့အရာတွေကို အသုံးပြုနေတိုင်း အထင်ကြီးပြီး ငါလည်းသုံးချင်တဲ့စိတ်ကိုဖျောက်ပါ။ ဒီအကောင်းစားအရာတွေရဲ့ နောက်ကွယ်က မဖေါ်ပြနိုင်တဲ့ဇာတ်လမ်းတွေ အများကြီးရှိနေနိုင်သေးတယ်ဆိုတာ သဘောပေါက်ပါ။ အဓိကက ကြိုးစားနေရင် ဘာမဆိုဖြစ်လာနိုင်ပါတယ်။
ကိုယ့်ရဲ့လုပ်ရပ်တွေ ၊ အတိတ်တွေဟာ တစ်ချိန်မှာ ကိုယ့်ရဲ့နောက်လာနောင်သားတွေအတွက် လက်ညှိုးထိုးနှာခါင်းရှုံ့စရာ မဖြစ်လာပါစေနဲ့။

ခပ်ရှော်ရှော်ယောကျာ်းတစ်ယောက်က ကိုယ့်ကိုထားခဲ့တာကို ခံစားကြေကွဲရှေ့ဆက်မရဖြစ်နေရင် ရှုံးပါတယ်။ ကိုယ့်လုပ်သင့်တာတွေကို ဆတိုးကြိုးစားလုပ်ကိုင်ပြပါ ။ အရွဲ့တိုက်ပြီး ကိုယ့်ဘ၀နှစ်ဖို့ မစဉ်းစားလိုက်ပါနဲ့။ တစ်ချိန်ကိုယ့်ရှေ့ဒူးထောက် လက်သူကြွယ်မှာ လက်စွပ်တစ်ကွင်းလာစွပ်ပေးမဲ့ အဖိုးတန်ယောကျာ်းတစ်ယောက်ကိုတွေ့ဖို့ဆိုရင် ကိုယ်သာလမ်းကြောင်းမှန်နဲ့သွားဖို့သာ မမေ့နဲ့။
လမ်းမချော်စေနဲ့။ အရွဲ့တိုက်မယ်ဆိုရင်တောာင် အရင်ထက်သာတဲ့ဘ၀တစ်ခုရောက်အောင် လုပ်ပြပြီး အရွဲ့တိုက်......

ချစ်တဲ့ ... မနုဿ
မနုဿ ရဲ့ စာမျက်နှာလေးများ