8/15/2016

ကိုယ့်ရဲ့ချစ်သူဟာ ရင့်ကျက်တဲ့စိတ်ထားရှိနေရင် ဒါ ကံအကောင်းဆုံးပါပဲ




ဖုန်းမအားဘူးဆိုတိုင်း ဘာလို့မအားရတာလဲဆိုတဲ့ အပြစ်တင်စာတို ရောက်မလာခဲ့တဲ့ ချစ်သူရှိပါသလား။
အလုပ်မှာ လာမကြိုနိုင်တိုင်း နားလည်ခွင့်လွှတ် စိတ်မကောက်တတ်တဲ့ ချစ်သူရှိပါသလား။ဖုန်းပိတ်ထားရင် အပြစ်တင်တာထက် ဘာဖြစ်နေမလဲလို စိတ်ပူပြီးမေးနေတဲ့ ချစ်သူရှိပါသလား။ နေမကောင်းတိုင်း ခဏခဏဖျားနေတာပဲလို့ မပြောပဲ ဂရုတစိုက်နွေးထွေးစွာ မေးမြန်းပြောဆိုနေတဲ့ ချစ်သူရှိပါသလား။

သူဟာရုပ်ချောချင်မှ ချောပါလိမ့်မယ် ဒါပေမဲ့ နူးညံ့တဲ့အပြုံးတွေရှိနေပါမယ်။ အသံကောင်းချင်မှာ ကောင်းပါလိမ့်မယ် ဒါပေမဲ့ နွေးထွေးတဲ့အသံလေးတွေ ပိုင်ဆိုင်နေပါလိမ့်မယ်။ သူဟာငွေကြေးပြည့်စုံချင်မှ ပြည့်စုံပါလိမ့်မယ် ဒါပေမဲ့ သူဟာသင့်အတွက်ဆိုရင် အကုန်ကျခံဖို့ ၀န်မလေးတတ်သူတစ်ယောက် ဖြစ်နေပါလိမ့်မယ်။

ဒီလိုလူတစ်ယောက် အနားမှာ ရှိနေပြီလား။ သူ့ကိုကိုယ့်ရဲ့ အလိုမကျမှုတွေကြောင့် ဘယ်လောက်တောင် စိတ်ထိခိုက်စေခဲ့ပြီးပြီလဲ ။ အခုချိန်မှာ ပြန်လည်တန်ဖိုးထား ဂရုစိုက်ဖို့အတွေးလေးရော ၀င်လာပြီလား ။

ချစ်တဲ့...မနုဿ
Credit : မနုဿ ရဲ့ စာမျက်နှာလေးများ