University of Washington က သုတေသီတွေရဲ့ အဆိုအရ သြဂုတ်လဟာ ချစ်သူစုံတွဲတွေ ကွာရှင်းပြတ်စဲနိုင်ခြေ ပိုများတဲ့ လနှစ်လထဲက တစ်ခု အပါအဝင်ဖြစ်တယ်လို့ ဆိုပါတယ်။ လူမှုဗေဒပညာရပ်ဆိုင်ရာ လက်ထောက်ပါမောက္ခ Julie Brines နဲ့ ပါရဂူကျောင်းသား Brain Srafini တို့ဟာ ၂၀၀၁ နဲ့ ၂၀၁၅ နှစ်တွေကြား သြဂုတ်နဲ့ မတ်လတွေထဲက ကွာရှင်းပြတ်စဲမှု ဖိုင်တွဲတွေ ပိုများနေတာ သတိပြုမိကြပြီး ကွာရှင်းပြတ်စဲမှုဟာ domestic ritual ကနေ အရင်းခံဖြစ်နိုင်ကြောင်း ယုံကြည်စေခဲ့ပါတယ်။
အိမ်ထောင်ပြုထားတဲ့ စုံတွဲတွေဟာ အဓိက အားလပ်ရက်နှစ်ခုဖြစ်တဲ့ ဆောင်းရာသီနဲ့ နွေရာသီပြီးဆုံးချိန်မှာ လမ်းခွဲနိုင်ခြေပိုများကြောင်း ဖော်ပြတဲ့ ကွာရှင်းပြတ်စဲမှုဖိုင်တွဲတွေထဲက ပုံစံတစ်ခုကို သတိပြုမိခဲ့ကြပါတယ်။ အားလပ်ရက်ရာသီနဲ့ နွေရာသီလတွေဟာ အစဉ်အလာအားဖြင့် မိသားစုအပေါ် အာရုံစိုက်ကြတာကြောင့် အားလပ်ရက်ကာလမှာ ကွာရှင်းပြတ်ဖို့ မသင့်လျော်ဘူး ယူဆတာကြောင့်ဖြစ်နိုင်တယ်လို့ Brines က ယူဆပါတယ်။
အတိတ်က စိတ်ဆိုးစိတ်ကောက်မှုတွေ ဘယ်လောက်ပဲရှိခဲ့ရှိခဲ့ လူတွေဟာ အားလပ်ရက်ကို မျှော်လင့်ချက်များစွာနဲ့ ရင်ဆိုင်ကျော်ဖြတ်လေ့ရှိကြတယ်လို့ Brines က ရှင်းပြခဲ့ပါတယ်။ အားလပ်ရက်တွေဟာ မျှော်လင့်စောင့်စားခဲ့တဲ့အချိန်ကာလ၊ သို့မဟုတ် အသစ်ကနေ စတင်ဖို့ အခွင့်အရေး၊ ဘဝသစ်သို့ ကူးပြောင်းတဲ့ အချိန်ကာလတွေကို ကိုယ်စားပြုပါတယ်။ ဒါ အကောင်းမြင်တဲ့ဘက်က ဖြစ်ပါတယ်။
ဒါပေမယ့် အားလပ်ရက်တွေဟာ မျှော်လင့်ထားတဲ့အတိုင်း ဖြစ်မလာဘူး ဒါမှမဟုတ် စိတ်ဖိစီးမှုသာ ထပ်ဖြစ်စေပါက စုံတွဲတွေကို အဲဒီခက်ခဲတဲ့ ဆုံးဖြတ်ချက်ချမှတ်ဖို့ တွန်းပို့ပေးတယ်လို့ သုတေသီတွေ သုံးသပ်သွားကြပါတယ်။
Credit :Trend Myanmar