8/04/2016

ရင်သွေးကို နို့ချိုတိုက်ကျွေးနေရတဲ့ မိခင်တွေအတွက် အာဟာရဖြစ်အစားအစာများ



ကလေးနို့တိုက်တာ အားအင်များစွာ ယုတ်လျှော့စေပါတယ်။ ဒီတော့ မိခင်တွေ အမြဲဗိုက်နေဆာတာ အံ့အားသင့်စရာမရှိပါဘူး။ ဗိုက်အမြဲဖြည့်ထားဖို့က အရေးကြီးပါတယ်။ ဒါပေမယ့် ဝိတ်အရမ်းတက်စေတဲ့ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအစာတွေ သုံးဆောင်ရမယ်လို့ မဆိုလိုပါဘူး။ နို့ချိုတိုက်ကျွေးနေတဲ့ မိခင်တွေအတွက် အကြံပြုထားတဲ့ အာဟာရဖြစ်အဆာပြေအစားအစာတွေကတော့ ....

၁။ အခွံမာအစေ့

အခွံမာအစေ့တွေဟာ ကျန်းမာရေးနဲ့ကိုက်ညီတဲ့ ပြည့်ဝဆီနဲ့ အမျှင်ဓာတ်တွေ ရရှိစေတဲ့ ပရိုတိန်းအရင်းအမြစ်တစ်ခု ဖြစ်ပါတယ်။

၂။ ကြက်ဥပြုတ်

ကြက်ဥပြုတ်မှာ ပရိုတိန်းဓာတ် အပြည့်အဝပါဝင်တာကြောင့် ကလေးပြုစုစောင့်ရှောက်နေတဲ့ မိခင်များအတွက် သင့်တော်တဲ့ရွေးချယ်စရာတစ်ခု ဖြစ်ပါတယ်။

၃။ ပန်းသီးမြေပဲထောပတ်ဆမ်း

ဒီပေါင်းစပ်မှုက ပရိုတိန်းဓာတ်နဲ့ အမျှင်ဓာတ် ရရှိစေပါလိမ့်မယ်။ မြေပဲထောပတ်က ဗိုက်ပြည့်စေဖို့ အထူးကောင်းမွန်ပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အဆီနဲ့ ပရိုတိန်းဓာတ်တို့က တစ်နေ့တာလိုအပ်တဲ့ အားအင်တွေ ရရှိစေပါတယ်။

၎။ ဒိန်ချဉ်

ဒိန်ချဉ်က ကယ်လ်ဆီယမ်နဲ့ ပရိုတိန်းဓာတ်အရင်းအမြစ်ကောင်းတစ်ခုဖြစ်ပြီး နေ့ခင်းပိုင်းအစာပြေအတွက် သုံးဆောင်နိုင်ပါတယ်။ ဒိန်ချဉ်နဲ့အတူ အာဟာရပိုဖြစ်စေတဲ့ အသီးတွေပေါင်းစပ် သုံးဆောင်နိုင်ပါတယ်။ ချိုပြီအနံ့အသက်ရှိတဲ့ ဒိန်ချဉ်တွေ ရှောင်ပါ။

၅။ အသီးအရွက်သုပ်

သန့်ရှင်းလတ်ဆတ်တဲ့ အသီးအရွက်သုပ်တစ်ပွဲက လောလောလတ်လတ်မိခင်တွေအတွက် အာဟာရဖြစ်အစာပြေအဖြစ် ပြင်ဆင်စားသုံးနိုင်ပါတယ်။ အသီးအရွက်တွေမှာ ရေဓာတ်ထိန်းသိမ်းပေးမယ့် ရေပမာဏမြင့်မားစွာ ပါဝင်ပါတယ်။

၆။ ထောပတ်သီး

ပြည့်ဝဆီ အပြည့်ပါဝင်တဲ့ ထောပတ်သီးက ကလေးပြုစုတဲ့မိခင်တွေအဖို့ ဗီတာမင်-စီနဲ့ အမျှင်ဓာတ် ရရှိစေပါတယ်။

Credit :Trend Myanmar