သင်ဟာ သင့်ချစ်ခဲ့ရတဲ့သူနဲ့ လမ်းခွဲခဲ့ပြီးပြီမို့ စိတ်ရှုပ်စိတ်ညစ်နေတာမျိုး ရှိပါလိမ့်မယ်။ တစ်ဦးနဲ့တစ်ဦး စိတ်ကုန်လာလို့ လမ်းခွဲတာပဲဖြစ်ဖြစ်၊ ကိုယ်က သူ့ကိုစိတ်ကုန်လာလို့ လမ်းခွဲခဲ့တာပဲဖြစ်ဖြစ် ဒါမှမဟုတ် သူက ကိုယ့်ကို ဖြတ်သွားတာပဲဖြစ်ဖြစ် လမ်းခွဲပြီဆိုကတည်းက ကြေကွဲတာမျိုးတော့ ရှိမှာပါ။ နှစ်ဦး နှစ်ဘက်လုံးက ဘာမှမပတ်သက်တော့ပေမယ့် တခါတလေ အွန်လိုင်းမှာ ရည်းစားဟောင်း က ကိုယ်ဘာတွေလုပ်နေလဲ၊ သူ့ အတွက်များ ဘာတွေဆက်ပြီး ခံစားနေသေးလဲဆိုတာ စပ်စုချောင်းမြောင်း တာမျိုးတွေ ရှိတတ်ကြပါတယ်။ ဒီတော့လဲ အဲ့ဒီရည်းစားဟောင်းနဲ့ လမ်းခွဲပြီးနောက်ပိုင်းမှာ စပ်စုချင်တဲ့သူ (ရည်းစားဟောင်းအပါအဝင်)တွေကို ကိုယ်တွေဘက်က ပြတ်ပြတ်သားသားနဲ့ ပျော်ပျော် ရွှင်ရွှင်နေနိုင်တယ် ဆိုတာကို ဒီ(၆) ချက်နဲ့ ပေါ်တင်ပြလိုက်ပါ။
ကိုယ်နဲ့ တိုက်ဆိုင်တဲ့ လမ်းခွဲခြင်းနဲ့ ပတ်သတ်တဲ့ စာတိုတွေကို ဖေ့စ်ဘွတ်ခ် သို့ မဟုတ် တွီတာအစရှိတဲ့ ဆိုရှယ်နက်ဝေါ့ခ်တွေပေါ်မှာရေးပါ၊ တင်ပါ။
ကိုယ်က အခြေအနေဆိုးကြီးတွေကနေ အကောင်းဆုံး အခြေအနေကို ရောက်ရှိနေနိုင်သွားကြောင်းကို တစ်လောကလုံး (ရည်းစားဟောင်းအပါအဝင်ပေါ့) သိနိုင်မှာပါ။ ဥပမာ တစ်ခါတစ်လေစိတ်ရှုပ်သလို၊ စိတ်ညစ်နေသလို ခံစားနေရရင်လည်း ကိုယ့်ကိုယ်ကို အားပေးတဲ့သီချင်းမျိုး ဒါမှမဟုတ် ကိုယ့်အတွက်အားဖြစ်စေတဲ့ သီချင်းမျိုးကို ဆိုရှယ်နက်ဝေါ့ခ် မှာရှဲလ်လုပ်နိုင်ပါတယ်။
တစ်စုံတစ်ယောက်ကြောင့် ကိုယ့်ဘဝသာယာလှပနေကြောင်းတွေလဲ ရေးပြီးတင်လို့ ရပါတယ်။
ဒီလိုတင်လိုက်ခြင်းကြောင့်လည်း အားလုံးကကိုယ့်မှာ ကိုယ့်ကိုအားပေးချစ်ခင်တဲ့သူတွေရှိနေတယ်ဆိုတာကို သိနိုင်မှာပါ။ ဥပမာ- “သူငယ်ချင်းတွေက အရမ်းချစ်ဖို့ ကောင်းတာပဲ၊ ကိုယ်ကကမ္ဘာပေါ်မှာ ကံအကောင်းဆုံး သူတစ်ယောက်ဖြစ်သွားသလိုခံစားလိုက်ရတယ်။” ဆိုတာမျိုးလေးတွေ ရေးနိုင်ပါတယ်။
အမိုက်စား၊ အလန်းစားနေရာတွေရောက်ရင် ဖေ့စ်ဘွတ်ခ်မှာ Check-in ဝင်ဖို့ ဝန်မလေးပါနဲ့ ။
ကိုယ့်ဘဝသာယာလှပနေတယ်ဆိုတဲ့ အကြောင်းကိုကြွားလုံးထုတ်ဖို့ မကြောက်ရွံ့ နေပါနဲ့ ။ ခရီးတိုလေးတွေ ထွက်ဖြစ်ရင်ပဲဖြစ်ဖြစ်၊ သူငယ်ချင်း၊ မိသားစုတွေနဲ့ ဒင်နာထွက်စားတဲ့အခါတွေမှာပဲဖြစ်ဖြစ် ကိုယ်သွားတဲ့နေရာတွေမှာ Check-in ၀င်ပစ်လိုက်ပါ။
သူငယ်ချင်းတွေနဲ့ ပျော်ရွှင်နေတဲ့ ဓာတ်ပုံတွေကို တင်ပါ။
ဆန္ဒရှိတယ်ဆိုရင် ဒါမျိုးတွေလုပ်ပါ။ ဒီနည်းက ကိုယ့်ကို ချစ်နေရတာထက် ကိုယ့်ကိုချစ်တဲ့ တစ်ခြားသူတွေအများကြီး ရှိနေတယ်ဆိုတာကိုဖော်ပြနိုင်တဲ့ အကောင်း ဆုံးနည်းလမ်းပါ။
ကိုယ့်ရဲ့ အမိုက်စားပုံတွေကို တင်ပါ။
ကိုယ်ရိုက်ဖြစ်တဲ့ ဓာတ်ပုံတွေထဲမှာမှ အမိုက်စားပုံတွေရှိရင် ဖေ့စ်ဘွတ်ခ်မှာတင်လိုက်ပါ။ ဒါမှမဟုတ် သူငယ်ချင်းတွေနဲ့ ရိုက်ထားတဲ့ ပုံလန်းလန်းလေး တွေကို သူငယ်ချင်းတွေက တင်ထားရင် ကိုယ့်ကိုလည်း “Tag” လုပ်ခိုင်းလိုက်ပါ။ ဒါမှ ရည်းစားဟောင်းရဲ့ News Feed မှာ သွားပေါ်နေရင် ကိုယ်ဘယ်လောက် လန်းနေကြောင်းကို သူတွေ့ သွားနိုင်ပြီး နောင်တ တရရဖြစ်နေမှာပါ။
Credit :Trend Myanmar