မာယာများတဲ့ မိန်းမတွေကိုကြည့်ကြည့်လိုက်ပါ။
သူတို့တွေဟာ ယောကျာ်းတစ်ယောက်ကို ဆွဲဆောင်မှုအပြည့်ဝရှိကြပါတယ်။
သူတို့ရဲ့ အချွဲအနွဲ့ အယုအယတွေမှာ တဒင်္ဂတော့ သာယာမိကောင်းသာယာပါလိမ့်မယ်။
ဒီလိုသာယာခြင်းဟာလည်း တို့ဆေးမိလို့တစ်ခဏတာ မွှန်သွားတဲ့အမွှန်မျိုးပါ။
ဆေးချိန်တန်လို့ အသိတရားတွေ ပြန်ကပ်လာတဲ့အခါ သူမရဲ့ မျက်နှာဖုံးတွေဟာလည်း အလိုလိုကွာကျသွားပါလိမ့်မယ်။
ဒီလိုမာယာများတဲ့ မိန်းမတွေကို ယောကျာ်းတွေတော်တော်များများဟာ မက်မော်တတ်ကြပါတယ်။
အနားမှာရှိနေတဲ့ အိမ်မှုကိစ္စတွေနဲ့ ပူပန်နေတဲ့ မလှမပ မိန်းမတစ်ယောက်ထက် ပိုပြီးအထင်ကြီးနေမိပါတယ်။
ပူပင်စရာပေါင်းသောင်းခြောက်ထောင်နဲ့ အလှပတွေ မထိန်းသိမ်းနိုင်တဲ့မိန်းမဟာ အိမ်ကဝေရာဝစ္စနဲ့တင် အပြုစုအယုယတွေပိုင်းမှာ လျစ်ဟင်းကုန်တာမျိုးတွေရှိတတ်ကြပါတယ်။
ဒီလိုချိန်မှာ မိန်းမကလည်း မိန်းမအလျောက် ၊ ယောကျာ်းကလည်းယောကျာ်းအလျောက် မဖြစ်မနေ နားလည်မှုတည်ဆောက်ကြရပါတယ်။
တဒင်္ဂသာယာဖို့အတွက် ယောကျာ်းတစ်ယောက်ဟာ ကိုယ့်မိသားစုနဲ့ ကိုယ့်နံမည်ကို နင်းချေပစ်မလား။
မိန်းမဖြစ်သူကလည်း ကိုယ့်ယောကျာ်းကို လျစ်လျူရှုမိတာလေးတွေကို ဘယ်လိုအချက်တွေနဲ့ ပြန်လည်ဖါထေးမလဲ။
သာယာမှု၊ နှုးညံ့မှုနဲ့ အလှပတွေကို မက်မောတဲ့ ယောကျာ်းတစ်ယောက်ကို ငါမအားလို့ဟဲ့ ဆိုတဲ့အပြောဆိုတွေနဲ့ မပြင်မဆင်ပဲ နေထိုင်မလား ဆိုတဲ့အချက်လေးတွေကို သူ့ဘက်ကိုယ့်ဘက်ကြည့်ပြီး ပြန်လည်ပြုပြင်ပြီး ကိုယ့်အိမ်ထောင်ရေးကို ပြန်လည်အလှဆင်ခြယ်သကြရပါမယ်။
ကိုယ့်ဘက်ကအရာအားလုံး ပြည့်စုံအောင် လုပ်ပေးနေလျှက်နဲ့ နောက်တစ်ဘက်ကို ခြေလှမ်းလှမ်းနေတယ်ဆိုရင်တော့ ပထမဦးဆုံး ကိုယ့်ရဲ့ မိသားစု၊ သားသမီး၊ အိမ်ထောင်ရေး၊ အသိုင်းဝိုင်း အစရှိတာတွေနဲ့ ချိန်ခွင်မှာ ဟိုဘက်ဒီဘက် ချိန်ကြည့်လိုက်ပါ။
လုပ်သင့်လုပ်ထိုက်တာတွေလုပ်ဖို့ပဲ အချိန်ပေးပါ။
ငါ့ကိုလုပ်ရက်လိုက်တာဆိုပြီး မပဋာမြေလူး လုပ်ပြီး ၊ မိန်းမရိုင်းတစ်ယောက်လိုလုပ်မိရင်တော့ ကိုယ်ပဲ အကျည်းတန်ဖြစ်ရပါတယ်။
ယောကျာ်းတွေကလည်း လှေကားသုံးထစ်ဆိုတဲ့ အသုံးနှုန်းတွေကိုလျှော့ကြည့်ပါ။ လှေကားသုံးထစ်ဆင်းသွားလို့ လူပျိုပြန်ဖြစ်တာ မှန်ပေမယ့် ကိုယ့်မိန်းမကတော့ အပျိုပြန်မဖြစ်တော့သလို ကိုယ့်သားသမီးတွေဟာလည်း မိစုံဖစုံနဲ့ သာယာတဲ့ဘ၀ ဘယ်တော့မှ ပြန်မရနိုင်တော့ပါဘူး။
ဒိအတွက် မိန်းမရော ၊ယောကျာ်းရော တာဝန်ရှိတယ်။
-မာရင်ရင်
Credit : မနုဿ ရဲ့ စာမျက်နှာလေးများ
