3/31/2016

ကိုယ့်ချစ်သူနဲ့ အတူပူးကပ်အိပ်ခြင်းက သင့်ရဲ့စိတ်ဖိစီးမှုတွေကို လျော့ချပေးနိုင်



ဒီလောက် အိုက်စပ်နေတဲ့ အချိန်ကြီးမှာ လူတစ်ယောက်နဲ့ ပူးကပ်နေနိုင်ဖို့ဆိုတာ သိပ်တော့ မလွယ်လှပါဘူး။ ဒါပေမယ့် သင်ဟာ အလုပ်ကြောင့် စိတ်ဖိစီးမှုတွေ ရှိနေမယ်၊ အခြားလူမှုရေးအခြေအနေတွေကြောင့် စိတ်ရှုပ်ထွေးနေမယ်ဆိုရင်တော့ ဒီနည်းလေးကို စမ်းသပ်ကြည့်ဖို့ အကြံပေးပါရစေ။ ဘာလို့ခုလို အကြံပေးရသလဲဆိုတော့ တစ်ဥိးနဲ့တစ်ဦး ပွေ့ဖက်တာဟာ လူကို လုံခြုံစိတ်ချမှုဖြစ်စေသလို စိတ်ဖိစီးမှုလည်း လျော့နည်းသွားစေလို့ပါပဲ။

ဒီတော့ သင့်ချစ်သူ အိပ်ထောင်ဖက်နဲ့အတူ ဖက်အိပ်မယ်ဆိုရင် နှလုံးရောဂါ၊ စိတ်ရောဂါကုသမှုဆိုင်ရာ အရေးကြီးတဲ့အကျိုးသက်ရောက်မှုတွေ ရရှိခံစားနိုင်ပါလိမ့်မယ်။ သင့်ချစ်သူက သင်နဲ့ကုတင်တစ်ခုတည်း အိပ်တတ်ပေမယ့် သူက အိပ်ရင်း ဟောက်တတ်လို့၊ ယောင်တတ်လို့ တစ်ယောက်နဲ့တစ်ယောက် သိပ်မကပ်ပဲ အိပ်တတ်ကြတာမျိုး ရှိပေမယ့် အကျိုးရှိအောင် ချစ်ချစ်ခင်ခင်လေး အိပ်ကြည့်ဖို့ တိုက်တွန်းပါရစေ။

သင်က ချစ်သူလည်းမရှိ၊ အိမ်ထောင်ဖက်လည်း မရှိသူဆိုရင်တော့ သင့်သူငယ်ချင်း၊ ညီမ၊ အစ်မ စသူတို့နဲ့ နီးနီးကပ်ကပ် အိပ်ခြင်းကလည်း ချစ်သူနဲ့ပွေ့ဖက်အိပ်သလို အကျိုးတွေရစေနိုင်ပါတယ်လို့။

Credit :Trend Myanmar