အမျိုးသမီးတွေ တော်တော်များများဟာ သူတိုရဲ့ ဆန့်ကျင်ဘက်လိင်ကို ဆွဲဆောင်ဖို့အတွက် များသောအားဖြင့် ရုပ်ရည်ကိုသာ အားကိုးတတ်ကြပါတယ်။ ဒါဟာ ကတယ်လည်းလက်တွေ့ကျပြီး အထိရောက်ဆုံး နည်းပါဘဲ။ ဒါပေမယ့် ရုပ်ရည်ပေါ်မှာ မှီတည်ခြင်းမရှိတဲ့ အခြားစွဲဆောင်မှုတွေလည်း ရှိပါတယ်။ အောက်ပါ အချက် (၆)ချက်ကို ရုပ်
ရည်အသင့်အတင့်သာရှိတဲ့သူတွေ လုပ်ဆောင်နိုင်ရင်တော့ သေချာပေါက် လက်တွဲဖော် ရပါလိမ့်မယ်လို့ အကြံပေးပါရ
စေ။
(၁) ကြင်နာမှု
အမျိုးသမီးတို့ရဲ့ ပင်ကိုယ်စိတ်ရင်းက နူးညံ့ပါတယ်။ ဒီတော့ အများအပေါ်မှာလည်း ကြင်နာတတ်ပါတယ်။ ဒါကို အချို့
က မိခင်စိတ်လို့ ပြောကြပါတယ်။ ဟုတ်ချင်လည်း ဟုတ်မှာပါဘဲ။ ဒါပေမယ့် သေချာတာကတော့ လူတွေအပေါ် ကြင်
ကြင်နာနာ ဆက်ဆံတတ်ခြင်းကလည်း အမျိုးသားတွေရဲ့ ချစ်စိတ်ကို နှိုးစွပေးပါတယ်။
(၂) အကောင်းမြင်ခြင်း
အကောင်းမြင်ခြင်းရဲ့ စိတ်အခြေခံက အသိဉာဏ်ပညာကြွယ်ခြင်းနဲ့ ခွင့်လွှတ်သည်းခံစိတ် ရှိခြင်းကို ပြဆိုပါတယ်။ အရာ
ရာကို အကောင်းမြင်ဖို့ မဖြစ်နိုင်ပေမယ့် အကျိုးသင့်အကြောင်းသင့် နားလည်သဘောပေါက်တဲ့ စိတ်ရှိခြင်းဟာလည်း အကောင်းမြင်ခြင်းကို ဦးတည်စေပါတယ်။
(၃) ချစ်စိတ်ကို ရွှင်ပြစေတဲ့ အသံ
အချို့ အမျိုးသမီးတွေဟာ အသံမှာ စွဲငင်မှုတွေ ပါပါတယ်။ အဲဒီအသံပိုင်ရှင်တွေရဲ့ အသံကို ကြားလိုက်တာနဲ့ အနည်းဆုံး
တော့ ဘယ်လိုကောင်မလေးဖြစ်မလဲဆိုပြီး တစ်ခါလောက်တော့ လှည့်ကြည့်ခံရတတ်ပါတယ်။
(၄) ယုံကြည်မှု
ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတဲ့ အမျိုးသမီးတွေဟာ နီးစပ်ရာ ပတ်ဝန်းကျင်မှာ အထင်ကြီးခံရခြင်း၊ လေးစားမြတ်နိုးခံရခြင်း၊
တန်ဖိုးထားခံရခြင်း-ဆိုတဲ့ ပုဂ္ဂိုလ်ရေး အောင်မြင်မှုတွေ ရရှိပါတယ်။ ဒါပေမယ့် ကိုယ့်ကိုယ်ကို ယုံကြည်တာနဲ့ မာနကြီးတာကတော့ ဆီနဲ့ရေလို ကွာခြားပါတယ်။
(၅) တိကျပြတ်သားမှု
တိကျပြတ်သားမှုတွေ လုပ်တတ်တဲ့ အမျိုးသမီးတစ်ယောက်ရဲ့ အသွင်သဏ္ဍာန်မှာ စိတ်ဓာတ်မာကြောခြင်း၊ ကိုယ့်ကိုယ်
ကို ယုံကြည်မှုရှိခြင်း၊ ပညာဉာဏ်ကြီးမားခြင်း-စတဲ့ ဂုဏ်တွေနဲ့ ပြည့်စုံစေပါတယ်။ ဒါဟာလည်း အမျိုးသားတို့အတွက်
ချစ်ခင်စွဲမက်ဖွယ်ရာ အရည်အချင်းတွေ ဖြစ်ပါတယ်။
(၆) ကိုယ်ပိုင်အမြော်အမြင်
ပညာဉာဏ်ကြီးမားတဲ့ အမျိုးသမီးတွေဟာ သူများဆီက အကြံဉာဏ်တောင်းခံတာမျိုး ရှားပါတယ်။ အကြံဉာဏ်
တောင်းခံရင်လည်း အဲဒီလူရဲ့ အသိဉာဏ်အတိမ်အနက် ဘယ်လောက်ရှိသလဲဆိုတာ သိချင်လို့ အကြံဉာဏ်စမ်း
သပ် တောင်းခံခြင်း ဖြစ်တတ်ပါတယ်။
Source:ShweMOM