11/09/2017

အသုဘပွဲတွင် တီးမှုတ်နေသည့် ဆိုင်းဝိုင်းမှ နှဲဆရာ အမောဖေါက်သေဆုံး


နိုဝင်ဘာလ ၁၀ရက် ၂၀၁၇
SAW
Unicode
ထိုင်းနိုင်ငံ ပထုံဌာနီ ပြည်နယ် ဘန် ့ပီခရိုင်အတွင်း က ဘုန်ကြီးကျောင်းမှာ ကျင်းပနေတဲ့ အသုဘပွဲကာလအတွင်း ပြင်ထားတဲ့အလောင်းစင်ရှေ ့မှာ တီးခတ် နေတဲ့ ရိုးရာတီး၀ိုင်းထဲက အသက် ၆၂ နှစ် အရွယ်ရှိ နှဲဆရာကြီးဟာ တီးမှုတ်နေရင်း နဲ ့ ရုတ်တရက် လဲကျသွားခဲ့ပါတယ်။


၀ိုင်းတော်သားတွေ ဟာ တီးခတ်နေတာကို ရပ်ပြီး နှဲဆရာကြီးကို ပြုစုပေးခဲ့ရပါတယ်၊ အမောဖေါက်လဲကျခဲ့တဲ့နှဲဆရာဟာ အသက်ရူရပ်သွားလို ့ နှလုံးပြန်ခုန်လာအောင် ရှေ ့ဦးသူနာပြုနည်းနဲ ့ ရင်ဘတ်ကို ဖိပေး ကုသခဲ့ပေးမယ့် သူနာပြုကားတွေရောက်မလာခင် နှဲဆရာကြီး သေဆုံးသွားခဲ့ပါတယ်။


နှဲဆရာကြီး ခုလိုသေဆုံးရတာဟာ မရပ်မနားနှဲမှုတ်နေခဲ့တာ ၅ရက်ရှိပြီး ခြောက်ရက်မြောက်တဲ့နေမှာ တော့ အမောဖေါက်လာရက သတိလစ်လဲကြသွားခဲ့တာလို ့ ၀ိုင်းတော်သားတွေကပြောပါတယ်။


ထိုင်းနိုင်ငံ အသုဘ ဆိုင်း၀ိုင်းတွေမှာ တီးခတ်တဲ့အခါ နှဲတူရိယာဟာ အဓိကဦးဆောင်ပြီး တီးမှုတ်ရတာဖြစ်ပါတယ်။ လေ၀င်လေထွက်ကို ပါးဖေါင်းပြီးသံစင်ထွက်အောင် တီးမှုတ်ရတဲ့ ယိုးတယားဆိုင်း၀ိုင်းမှာ ခုလိုနှဲဆရာ အသက်ရူရပ်ပြီး လဲကျသေဆုံးရတာဟာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။