11/08/2017

"ထီလက္မွတ္အတုျဖင့္ သိန္းဆုဌာနသို႔ ဆုေငြလာထုတ္သူကို အေရးယူထားဟု ျပည္ထဲေရးသတင္းထုတ္ျပန္"


Unicode

ယမန်နေ့ က အောင်ဘာလေသိန်းဆုဌာနခွဲသို့ ထီလက်မှတ်အတုဖြင့်ဆုငွေထုတ်ယူသည့် အသက်၆၁နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦးကို ရဲက ဖမ်းထားသည်။

၎င်းသည် ရန်ကုန် ကျောက်တံတားမြို့နယ် မဟာဗန္ဓုလလမ်းပေါ်ရှိ စီမံကိန်းနှင့်ဘဏ္႑ာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များ ဦးစီးဌာနသို့ လာရောက်ကာ ထီလက်မှတ် မှန်/မမှန် လာရောက်စစ်ဆေးခဲ့ရာ ယင်းထီလက်မှတ်မှာ အတုဖြစ်နေ၍ အောင်ဘာလေသိန်းဆု ဌာနခွဲမှ ဒုညွှန်မှူး ဒေါ်အိအိခိုင်က တရားလိုလုပ်ပြီး ရဲထံအမှုဖွင့်ခဲ့သည်ဟု သတင်းထုတ်ပြန်ချက်ထဲဖော်ပြထားသည်။

အမှုဖွင့်ခံထားရသူသည် တောင်ဥက္ကလာပတွင်နေထိုင်သူဖြစ်ကာ (၆)ကြိမ်မြောက် အောင်ဘာလေထီ လက်မှတ် အမှတ် ကခ-၂၀၁၁၈၃ ဖြင့် ကျပ် (၅,၀၀၀)သိန်း ဆုရလက်မှတ် မှန်/မမှန် လာရောက်စစ်ဆေးခဲ့ရာ အတုဖြစ်သဖြင့် ပြည်တွင်းအခွန်များ ဦးစီးဌာန အောင်ဘာလေသိန်းဆုဌာနခွဲမှ ဒုညွှန်မှူး ဒေါ်အိအိခိုင်က တိုင်တန်း၍ ကျောက်တံတားမြို့မရဲစခန်းမှ ရာဇသတ်ကြီးပုဒ်မ ၄၆၈(အတုပြုလုပ်မှု)ဖြင့် ယနေ့တွင် ကျောက်တံတားမြို့နယ် တရားရုံးသို့ ကျောက်တံတားမြို့မရဲစခန်း (က/ခ)ပုံစံဖြင့် ဦးတိုက်လျှောက်ထားကြောင်းလည်း သတင်းထုတ်ပြန်မှုထဲ ဖော်ပြထားသည်။

သတင်းထုတ်ပြန်မှုထဲ၌ ”ထီလက်မှတ် မှန်/မမှန် လာရောက်စစ်ဆေးခဲ့ရာ ယင်းထီလက်မှတ်မှာ အတုဖြစ်နေ၍” ဆိုသည့် စကားရပ်ပါနေရာ ဆုငွေလာထုတ်သူမှာ အသက်ကြီးနေသူတစ်ဦးဖြစ်နေ၍ အတုမှန်းမသိဘဲ လာရောက်သူခြင်းလား၊သို့တည်းမဟုတ် အတုမှန်းသိနေပြီး ဆုငွေလာထုတ်ခြင်းလားစသည့် အကြောင်းအရာများကို စာဖတ်သူများအား ရှင်းရှင်းလင်းလင်းတင်ပြနိုင်ရန် အောင်ဘာလေသိန်းဆဌာနခွဲသို့ သွားရောက်စုံစမ်းမေးမြန်းခဲ့သော်လည်း ရုံးစည်းကမ်းများအရ အထက်လူကြီးထံသို့ စာတင်ရမည်ဖြစ်ပြီး၊ခွင့်ပြုမိန့်ရမှသာ ဖြေဆိုပေးမည်ဟု ပြန်လည်ဖြေကြားခဲ့သဖြင့် ထိုအကြောင်းအရာကို အချိန်မှီ တင်ပြနိုင်ခြင်းမရှိခဲ့ပါ။ရရှိပါက ပြန်လည်တင်ပြပေးပါ့မည်။

PN


Zawgyi

ယမန္ေန႔ က ေအာင္ဘာေလသိန္းဆုဌာနခြဲသို႔ ထီလက္မွတ္အတုျဖင့္ဆုေငြထုတ္ယူသည့္ အသက္၆၁ႏွစ္အရြယ္ရွိ အမ်ိဳးသမီးတစ္ဦးကို ရဲက ဖမ္းထားသည္။

၎သည္ ရန္ကုန္ ေက်ာက္တံတားၿမိဳ႕နယ္ မဟာဗႏၶဳလလမ္းေပၚရွိ စီမံကိန္းႏွင့္ဘ႑ာေရးဝန္ႀကီးဌာန၊ ျပည္တြင္းအခြန္မ်ား ဦးစီးဌာနသို႔ လာေရာက္ကာ ထီလက္မွတ္ မွန္/မမွန္ လာေရာက္စစ္ေဆးခဲ့ရာ ယင္းထီလက္မွတ္မွာ အတုျဖစ္ေန၍ ေအာင္ဘာေလသိန္းဆု ဌာနခြဲမွ ဒုညႊန္မွူး ေဒၚအိအိခိုင္က တရားလိုလုပ္ျပီး ရဲထံအမႈဖြင့္ခဲ့သည္ဟု သတင္းထုတ္ျပန္ခ်က္ထဲေဖာ္ျပထားသည္။

အမႈဖြင့္ခံထားရသူသည္ ေတာင္ဥကၠလာပတြင္ေနထိုင္သူျဖစ္ကာ (၆)ႀကိမ္ေျမာက္ ေအာင္ဘာေလထီ လက္မွတ္ အမွတ္ ကခ-၂၀၁၁၈၃ ျဖင့္ က်ပ္ (၅,၀၀၀)သိန္း ဆုရလက္မွတ္ မွန္/မမွန္ လာေရာက္စစ္ေဆးခဲ့ရာ အတုျဖစ္သျဖင့္ ျပည္တြင္းအခြန္မ်ား ဦးစီးဌာန ေအာင္ဘာေလသိန္းဆုဌာနခြဲမွ ဒုညႊန္မွူး ေဒၚအိအိခိုင္က တိုင္တန္း၍ ေက်ာက္တံတားၿမိဳ႕မရဲစခန္းမွ ရာဇသတ္ႀကီးပုဒ္မ ၄၆၈(အတုျပဳလုပ္မွု)ျဖင့္ ယေန႔တြင္ ေက်ာက္တံတားၿမိဳ႕နယ္ တရား႐ုံးသို႔ ေက်ာက္တံတားၿမိဳ႕မရဲစခန္း (က/ခ)ပုံစံျဖင့္ ဦးတိုက္ေလၽွာက္ထားေၾကာင္းလည္း သတင္းထုတ္ျပန္မႈထဲ ေဖာ္ျပထားသည္။

သတင္းထုတ္ျပန္မႈထဲ၌ ”ထီလက္မွတ္ မွန္/မမွန္ လာေရာက္စစ္ေဆးခဲ့ရာ ယင္းထီလက္မွတ္မွာ အတုျဖစ္ေန၍” ဆိုသည့္ စကားရပ္ပါေနရာ ဆုေငြလာထုတ္သူမွာ အသက္ၾကီးေနသူတစ္ဦးျဖစ္ေန၍ အတုမွန္းမသိဘဲ လာေရာက္သူျခင္းလား၊သို႔တည္းမဟုတ္ အတုမွန္းသိေနျပီး ဆုေငြလာထုတ္ျခင္းလားစသည့္ အေၾကာင္းအရာမ်ားကို စာဖတ္သူမ်ားအား ရွင္းရွင္းလင္းလင္းတင္ျပႏိုင္ရန္ ေအာင္ဘာေလသိန္းဆဌာနခြဲသို႔ သြားေရာက္စံုစမ္းေမးျမန္းခဲ့ေသာ္လည္း ရံုးစည္းကမ္းမ်ားအရ အထက္လူၾကီးထံသို႔ စာတင္ရမည္ျဖစ္ျပီး၊ခြင့္ျပဳမိန္႔ရမွသာ ေျဖဆိုေပးမည္ဟု ျပန္လည္ေျဖၾကားခဲ့သျဖင့္ ထိုအေၾကာင္းအရာကို အခ်ိန္မွီ တင္ျပႏိုင္ျခင္းမရွိခဲ့ပါ။ရရွိပါက ျပန္လည္တင္ျပေပးပါ့မည္။

PN