နှစ်များစွာအိပ်ယာထက်မှာသာလဲနေရသည့်သားအမိသုံးယောက်အဖြစ်ဆိုး
ကူညီshareပေးကြပါအုံး အကူညီများများရအောင်လို့ပါ
ကျွန်တော့်ဘဝမှာ ဒီသားအမိသုံးယောက်လောက်
ကံဆိုးသည့်သူများ မတွေ့ဖူးသေးပါ။သုံးယောက်စလုံး
ပြိုင်တူအိပ်ယာထက်လဲနေရသည့်ဆိုးလွန်းသည့်
အဖြစ်။ Facebook friend မစိုးမှ `ကိုဝမ်းရေကူညီ
ပေးပါဦး ဒီမိသားစုကို’ဆိုပြီးဖုန်းဆက်အကူအညီ
တောင်းလာ၍ သူငယ်ချင်းဝင်းမြင့်ကားနဲ့ချက်ချင်း
သွားလိုက်သည်။
မန္တလေးမြို့မြို့ဟောင်းဘူတာဈေး
အရှေ့ဘက်က ပြိုယိုင်လဲလဲ တဲအိမ်ထဲငုံဝင်လိုက်
တော့ သားအမိသုံးယောက်စလုံး အိပ်ယာပေါ်မှာ
ပက်လက်တွေ့လိုက်ရသည်။ သားဖြစ်သူကမောင်ငြိမ်း
ချမ်းမောင် အသက်က၂၃နှစ် ဒါပေမယ့်မြင်တဲ့အတိုင်း
ခြေလက်အရိုးကွေးကောက်တွန့်လို့ မထနိုင်မသွားနိုင်
တဲ့အနေအထား၊သူ့အစ်မကတော့ အသက်၂၈နှစ်
မွေးကတည်းကထော့နဲ့ထော့နဲ့နဲ့လမ်းလျှောက်နိုင်
သေးတယ်
အခုတော့ လုံးဝမထနိုင်တော့ အိပ်ယာပေါ်
မှာပဲပက်လက်။ အမေဖြစ်သူက အယင်ကဈေးရောင်း
ကျွေးသည် တစ်နေ့ဆိုင်ကယ်တစ်စီးကဝင်တိုက်သွား
၍ ခါးရိုးဆစ်တစ်ဆစ်ကျိုးသွား၍ အိပ်ယာထက်သာလဲ
နေရသည် ဈေးရောင်းမကျွေးနိုင်တော့။အခုအဖေဖြစ်
သူက ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံးမှာ တောက်တိုမယ်ရ
လုပ်ပေးပြီး သူများပေးသည့် ပိုက်ဆံတစ်ထောင်
နှစ်ထောင်နှင့် လုပ်ကျွေးနေရသည်။နောက်ညီမ
အငယ်က တစ်ပွဲ၂၀၀တန်ဒံပေါက်ထုတ်လေးတွေ
လှည့်ရောင်းပြီးရှာဖွေကျွေးမွေးရှာပါသည်။သူကလဲ
တစ်နေ့နှစ်ထောင်လောက်သာ အမြတ်ကျန်သည်။
မနက်ဆို အဖေဖြစ်သူက သူတို့အနား ရေခွက်တွင်ရေ
ဖြည့်ပြီးထားပေးသွားသည်။ရေဆာယင်ယူပြီးဘေး
တိုက်စောင်းသောက်ကြရတာပေါ့ နေ့လည်စာထမင်း
ဟင်းကတော့ အဖေနဲ့သမီးပိုက်ဆံရလို့ပြန်လာမှချက်
ပြုတ်ကျွေးမှ စားကြရရှာပါသည်။ ဒါကြောင့်
ONETOONEပြည်သူ့ကူညီရေး မှအမေဖြစ်သူ၊
သားနှင့်သမီးတို့အားအရိုးဆေးရုံတွင် ပြသ၍ကုသပေးမည်။
အိမ်ခေါင်မိုးမှာပေါက်ပြဲ၍ မိုးရွာယင်မိုးယိုပြီးအိမ်ထဲ
ဗွက်ထနေသဖြင့် အိမ်အမိုးမိုးပေးမည်။
နေ့စဉ်စားသောက်ရန်အတွက်ဆီ၊ဆန်၊ဆားလိုအပ်
သည်များထောက်ပံပေးသွားပါမည်။
ထိုကြောင့် စေတနာရှင်အလှုရှင်များ ကံဆိုးရှာတဲ့
ဒီသားအမိသုံးယောက်ကို ကယ်တင်ကူညီလှုပေးကြပါဦးလို့ 🙁
ONETOONE ပြည်သူ့ကူညီရေးအဖွဲ့
ကိုဝမ်း ဖုန်း ၀၉၄၅၆၅၆၇၈၇၈
မောင်လူပျော် ဖုန်း ၀၉၄၀၂၅၇၇၁၄၃
Copy from စစ်မန်ဟုန်
 


