11/06/2017
ဖခင်ရဲ့ယုတ်မာမှုကို ခံခဲ့ရတဲ့ မိန်းကလေးကို သွားရောက်အားပေးခဲ့တဲ့ ထားထက်ထက်
အလှမယ် ထားထက်ထက်ဟာ ဖခင်ရဲ့ အဓမ္မကျင့်မှုကြောင့် အသက် ၁၂ နှစ်အရွယ် မိန်းကလေး ကိုယ်ဝန်ရှိသွားတယ်ဆိုတဲ့ သတင်းကို ကြားကြားချင်းမှာပဲ မိန်းကလေး နေထိုင်တဲ့ ရွှေဘိုခရိုင်၊ ရေဦးမြို့ကို ညတွင်းချင်း ခရီးခဲ့တယ်လို့ သိရ့ါတယ်။
“၁၂ နှစ်အရွယ် အပျိုတောင် မဖြစ်သေးတဲ့ သမီးကို အဖေအရင်းဖြစ်သူက အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့ပြီး ကိုယ်ဝန် ၅ လလောက်မှ အဒေါ်ဖြစ်သူက မသကာင်္လို့ ဆေးစစ်မှ သိရှိခဲ့ရတဲ့ အဖြစ်ပါ။ အဖေလုပ်သူက လက်သမား၊ အမေက ကြုံရာကျပန်း လုပ်ရပြီး မောင်နှမ ၄ ယောက် ခက်ခက်ခဲခဲ ရပ်တည်နေရပါတယ်။ ရှေ့လဆိုရင် အဖေနဲ့ ရတဲ့ ကလေးကို ဘာမှ မသိသေးတဲ့ ခုထိ အရုပ်လေးတွေနဲ့ ဆော့နေသေးတဲ့ ၁၂နှစ် အရွယ် ကလေးတယောက်က ဗိုက်ခွဲ မွေးရပါတော့မယ်။
ထားထက် စစချင်း ဒီသတင်းကြားရတော့ အရမ်း ဝမ်းနည်း တုန်လှုပ်မိပါတယ်၊ နောက်ပြီး ဘာမှ မသိသေးတဲ့ ကလေးတယောက်ရဲ့ ပတ်ဝန်းကျင် အပေါ် ကြောက်ရွံ့မှု၊ တနေ့စာတောင် မလုံလောက်တဲ့ မိသားစု အတွက် ကြီးမားလှတဲ့ မီးဖွားကုန်ကျစရိတ်၊ မွေးလာမဲ့ ကလေး အနာဂတ် စွန့်ပစ်ခံရမလား၊ စတာတွေ တွေးပြီး အရမ်း စိတ်မကောင်း ဖြစ်ရပါတယ်။
ကလေးမလေးဆို ပတ်ဝန်းကျင်ကို ကြောက်ရွံ့ပြီး ကျောင်းတောင် ဆက်မတက်ချင်ပဲ အမေနဲ့အတူ ဘူးခွံ၊ ပုလင်းခွံပဲ လိုက်ကောက်တော့မယ် ဆိုတာ ကြားလိုက်ရချိန်မှာ ပိုစ့်ပိုင်ရှင်အမကို ချက်ချင်း ဆက်သွယ်ပြီး သူ့ဘဝလေး အနာဂတ် လမ်းမဆုံးအောင် တတ်နိုင်သမျှ အားပေး ကူညီချင်စိတ်နဲ့ ၁၂ နာရီကြာ မောင်းရမယ့် ရွှေဘိုခရိုင် ရေဦးမြို့ ခရီးကို ညတွင်းချင်း အဆောတလျှင် ထွက်လာခဲ့မိပါတယ်။” လို့ သူမရဲ့ဖေ့စ်ဘွတ်မှာ အစချီရေးသားထားပါတယ်။
ထားထက်ထက်တစ်ယောက် အဲဒီကို ရောက်သွားချိန်မှာပဲ မိန်းကလေးရဲ့ အသက် ၁၃ နှစ်ပြည့်မွေးနေ့နဲ့ တိုက်ဆိုင်နေတာကြောင့် မွေးနေ့ပွဲလေးတောင် ကျင်းပပေးခဲ့ပါသေးတယ်တဲ့။
မိန်းကလေးသာမက မိခင်ပါ အခုလို မွေးနေ့ကို တခုတ်တရ ပြုလုပ်ပေးတာ မကြုံဖူးတော့ မျက်ရည်တွေလည်ကာ ပျော်ရွှင်မိပြီး နောက်ဆုံးမှာ ကျောင်းဆက်မတက်ဘူးလို့ တတွင်တွင်ပြောနေတဲ့ မိန်းကလေးဆီက ကျောင်းဆက်တက်ပါမယ်ဆိုတဲ့ ကတိကိုပါ ရလာတယ်လို့ ဆိုပါတယ်။
ဖခင်ဖြစ်သူကတော့ သူ့ရဲ့လူမဆန်တဲ့လုပ်ရ့်ကြောင့် ထောင်ဒဏ်တစ်သက်တစ်ကျွန်း ကျသွားပါပြီ။ အမိုးမလုံတဲ့ အိမ်လေးကို ပြင်ဖို့ ငွေကျပ် ၂ သိန်းကို လှူဒါန်းခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ထားထက်ထက်က ပရဟိတသမားတွေနဲ့ တိုင်ပင်ပြီး မိန်းကလေးကို ပြင်ဦးလွင်မှာ ကျောင်းဆက်ထားဖို့၊ မွေးလာတဲ့သားလေးကို မစွန့်စ်ဘဲ ကလေးပြုစုစောင့်ရှောက်ရေးအဖွဲ့အပ်နှံဖို့၊ လိုအပ်မယ့် မီးဖွားစရိတ်နဲ့ ပြိုလဲတော့မယ့် အိမ်ကို ပြင်ဖို့ စရိတ်ထောက်ပံ့ဖို့အပြင် အနာဂတ်ပညာသင်စရိတ်အတွက် ပဒေသာပင်စိုက်ထူပေးဖို့ စီစဉ်ထားတယ်လို့ဆိုပါတယ်။
အဲဒီအတွက်ငွေလိုအပ်တာကြောင့် ထားထက်ထက်ကိုယ်တိုင် အလှူခံကောက်နေပြီး သူမ 09262178317 ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်လို့ ထားထက်ထက်က သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။ သာဓုခေါ်ရမယ့် အလှူဒါနမျိုးဖြစ်ပြီး အားလုံး ပါဝင်ကူညီနိုင်ဖို့ တိုက်တွန်းရေးသားလိုက်ရပါတယ်နော်။
Duwun