11/04/2017

မွေးရာပါ ပေါင်မရှိသူ ဖေ့ဘုတ်မှတစ်ဆင့် ချစ်သူရရှိခဲ့ပြီ


ကမ္ဘာပေါ်မှာမွေးရာပါ ပေါင်မပါဘဲမွေးခဲ့တယ်လို့ မှတ်တမ်းတင်ထားခဲ့ရတဲ့ ရှားရှားပါးပါးလူ ၂၅ ဦးထဲက တစ်ဦးက တော့ ဖေ့ဘုတ်မှတစ်ဆင့် ချစ်သူရရှိသွားခဲ့ပြီဖြစ်ပါတယ်။

နာသန် ဟာဒစ်ကား (Nathan Hrdlicka) လို့ခေါ်တဲ့ အမေရိကန်ပြည်ထောင်စု၊ နယူးမက္ကဆီကို မှာနေထိုင်တဲ့ အမျိုးသားရဲ့ အရပ်ဟာ ပေါင်မရှိတဲ့အတွက် လေးပေ၊ ခြောက်လက်မသာ ရှိပါတယ်။
ဒါပေမယ့် သူ့ရဲ့ချစ်သူကတော့ သူ့ထက်တစ်ပေကျော်မျှ ပိုမိုအရပ်ရှည်နေခဲ့ပြီး၊ သူတို့နှစ်ဦးကြားမှာ ဒါဟာ ပြဿနာမဟုတ်ဘူးလို့ ဆိုပါတယ်။

သူဟာ ရောဂါဆိုးတစ်ခုဖြစ်တဲ့ ဆေးပညာအခေါ်အရ “tbilateral proximal femoral focal deficiency (PFFD) type D” ဆိုတဲ့ ရောဂါကို မွေးရာပါရရှိခဲ့ပြီး၊ အဆိုပါ ဝေဒနာခံစားရတဲ့သူဟာ တင်ပါးဆုံရိုးအောက်မှာ ပေါင်ရိုးမရှိဘဲ ဒူးရိုးသာလျှင်တိုက်ရိုက်ရှိနေမှာဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ အသက် ၃၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အဆိုပါအမျိုးသားဟာ ဖေ့ဘုတ်ပေါ်မှတစ်ဆင့် အသက် ၁၉ နှစ်အရွယ် ချယ်ဆီးစတာ့ (Chelsee Stuart) ကိုတွေ့ဆုံခဲ့ပါတယ်။
အရပ်ကွာဟချက်က သူတို့နှစ်ယောက်ကို အများက အာရုံစိုက်မိစေမှာဖြစ်ပေမယ့် ဒါဟာ သူတို့နှစ်ဦးကြားချစ်ခြင်းကို ထိခိုက်မှာမဟုတ်ဘူးလို့ ဆိုပါတယ်။

နာသန်က “မသန်စွမ်းဖြစ်မှု ဆိုတာ ကျွန်တော့်ကို အဓိပ္ပာယ်ဖွင့်ဆိုမယ့်အရာမဟုတ်ပါဘူး”လို့ ပြောခဲ့ပါတယ်။

 Credit : Pyit Tine Htaung