11/01/2017
ရာဇာထွန်းကားပေါ်မှာခရီးသွားရင်း သမီးမိန်းကလေးတစ်ဦးမွေးဖွား
ဗုဒ္ဓဟူး သမီးကလေး
#မဝင်းရာဇာပိုင်
အား မွန်းလွဲ ၄နာရီ၃၀မိနစ် အရောက် ကျောက်မဲနှင့်သီပေါ ကြား ကုန်းသာရွာအနီးနား ကားပေါ်မှာတင်အောင်မြင်စွာမွေးဖွားခဲ့ပါတယ်။
မိခင်နာမည်က ဒေါ်နီနီဝင်းဖြစ်ပြီး၊ဖခင်က ဦးသက်ထွန်းပါခင်ဗျ။ အချင်းဖြတ်ခြင်းနှင့်လိုအပ်သော ကိစ္စရပ်များအတွက် ကုန်းသာရွာကားလမ်းဘေးကအိမ်တစ်အိမ်ကပဲဆောင်ရွက်ပေးခဲ့သလို၊ရာဇာထွန်းအဆင့်မြင့်ယာဉ်လိုင်းမှဝန်ထမ်းများကလည်း လိုအပ်ချက်မရှိအောင်နွေးထွေးစွာကူညီဆောင်ရွက်ပေးကြပါတယ်။အခုမိခင်နှင့်ကလေးပါကျန်းမာလျှက်ရှိကြောင်းသိရှိရပါတယ်။
ကြားကြားခြင်းသမီးလေးအတွက် အလှူငွေ ၁သိန်းကျပ်နှင့် လိုအပ်တာမှန်သမျှကူညီဆောင်ရွက်ပေးဖို့ကျွန်တော်ယာဉ်အဖွဲ့ကိုမှာကြားခဲ့သလိုယာဉ်ပေါ်တွင်မွေးဖွားခဲ့သော သမီးငယ်လေးအားကျွန်တော်ပိုင် ၈၈၈၁ နံပါတ်ပါ ခရီးသည်တင်Express ယာဉ်တိုင်းတွင် #ရာသက်ပန် (အခမဲ့)စီနင်းခွင့်ပြုသွားမှာဖြစ်ပါတယ်။
#တိုက်တိုက်ဆိုင်
လွန်ခဲ့တဲ့နှစ် ၁.၇.၂၀၁၆ တုန်းကလည်း ရာဇာထွန်း ကားပေါ်မှာတင် သမီးမိန်းကလေးတစ်ဦးမွေးဖွားခဲ့ပါသေးတယ်။အခုဆိုသူလေးက တစ်နှစ်ကျော်ပြီပေါ့ဗျာ။
မှတ်ချက်။ ။သမီးငယ်လေး၏ နာမည်မဝင်းရာဇာပိုင် အား ကျွန်တော်မှည့်ခေါ်ပေးခြင်းသာဖြစ်ပြီး သူ၏မိဘများ ပေးသောနာမည်သာ နာမည်ရင်းဖြစ်ပေလိမ့်မည်။ကျွန်တော်ဆိုင်အထူးခန်းထဲတွင်မွေးဖွားခဲ့သော ကြာသာပတေးသား မိုးဇော်ပိုင် နာမည် ကိုတော့ သူ၏မိဘများကိုယ်တိုင်လက်ခံခဲ့သောကြောင့် မောင်မိုးဇော်ပိုင်နာမည်ဖြင့်သာအမည်တွင်ခဲ့ပြီး အခုဆိုအသက် (၃)နှစ်ကျော်ရှိနေပြီဖြစ်ကြောင်းသိရပါတယ်ခင်ဗျ။
ဆိုင်မှာ ခရီးသွားရင်းမွေးခဲ့တဲ့ မိုဇော်ပိုင် လေးရဲ့ပုံနဲ့၁.၇. ၂၀၁၆ တုန်းက ရာဇာထွန်းယာဉ်လိုင်းပေါ်တွင်မွေးဖွားခဲ့သော သမီးငယ်လေးရဲ့ပုံများအားပူးတွဲတင်ပြလိုက်ပါတယ်။
တင်ပြသူ
ကျွန်တော် ဇော်မိုး ပိုင်အိုးနီးယား ၁၁၅
#မိုးသောကြာ
Credit-Zaw Hla Myint
min zin than
