11/01/2017

ဇာတ်လိုက် ခွန်တန် ဘဝအစနှင့် နောက်ကွယ်က ကြိုးကိုင်များ


သထုံမြို့သို့အဝင် ဘီးလင်း-သထုံ လမ်း မကြီး၏ တစ်ဖက်တစ်ချက်တွင်စိမ်းစိုအုပ်မှိုင်းနေတဲ့ သစ်ပင်ရိပ်များနှင့် ဖုံးလွှမ်း နေသည့် ရွာကလေး။ နေချင်စရာ အပြင်အ ဆင်လေးများနှင့် တောတောင်များ၏ အငွေ့ အသက်က ပြည့်နှက်နေသည်။ လမ်းတချို့ တွင် သက်တမ်းရင့် ကံ့ကော်ပင်ကြီးများက လမ်းတစ်လျှောက် အစီအရီ အုပ်မိုးအုပ်စိုင်း လျက် ရှိနေသည်။ ရွာကလေး၏ အနောက် ဘက်တစ်ကြောတွင်တော့ အလံတရာတောင် ကြီး အပါအဝင် အခြားသော တောင်တန်းကြီး အချို့က သွယ်ယှက်လျက် ရှိနေသည်။ ရုတ် တရက် မြင်တွေ့လိုက်ရသူ တစ်ယောက်အဖို့ ထိုမြင်ကွင်းများသည် ရောင်စုံပန်းချီကားတစ် ချပ်လို ဖြစ်နေသည်။

ထိုနေရာကား သထုံမြို့နယ်အတွင်းရှိ ဇရစ်ချောင်ကျေးရွာအုပ်စု အပိုင်အတွင်း ဖြစ် သည်။ ထိုကျေးရွာအုပ်စုတွင် ဘိုးသိကြား၊ ဗုဒ္ဓ သစ္စာ၊ ဗြဟ္မာ၊ ဘိုးဘိုးအောင်၊ ဝိဇ္ဇာနှင့် ဘောဂ စသည့် ရပ်ကွက်ပေါင်း ခြောက်ရပ်ကွက်ရှိပြီး အိမ်ခြေ ၆ဝဝ ကျော်ခန့်ဖြင့် ဖွဲ့စည်းထားသည်။ ဇရစ်ချောင်ကျေးရွာ အုပ်စုအပိုင် အတွင်း၌ အတွင်းအပြင် ကျေးရွာအုပ်စုပေါင်း ၁၂ ရွာ ဖြင့် ဖွဲ့စည်းထားသည်။ ထိုရပ်ကွက်အတွင်း ပအို့ဝ်၊ ကရင်နှင့် ဗမာတိုင်းရင်းသားအများစု နေထိုင်ကြသည်။

ထိုနယ်မြေအတွင်းနေထိုင်ကြသည့် ဒေ သခံများအနေဖြင့် အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မ ဇောတိက ဘွဲ့တော်ရ အလံတရာဆရာတော် ကြီး ရှိစဉ်က အင်မတန်မှ စည်ကားခဲ့သည်။ သာသနာ့နယ်မြေအဖြစ် တင်စားခေါ်ဝေါ်ခဲ့ သည်အထိ တရားဓမ္မများဖြင့် လွှမ်းမိုးခဲ့သည်။ ယခု ထိုနေရာလေးသည် ခြောက်ကပ်တိတ် ဆိတ်လျက် ရှိနေသည်။

အလံတရာဆရာတော်သည် အလံတရာ စေတီကြီးအား ၁ဝနှစ်အရွယ် ရသေ့ငယ်(ရှင် ခန္တီဗလ)၏ လက်အလံဖြင့်တိုင်းကာ အလံ ပေါင်း ၁ဝဝ (တစ်ရာ) Óဏ်တော် အမြင့်ရှိ စေတီကို တည်ထားခဲ့ခြင်းကြောင့် အလံတရာ စေတီဟု ခေါ်တွင်ရခြင်းဖြစ်ကြောင်း မှတ်တမ်း များအရ သိရသည်။ ယင်းအတိုင်းအတာသည် ၃၇၅ ပေနှင့် ညီမျှသည်ဟု ဆိုထားသည်။ ထိုစေတီကြီးအား ၁၃၁၄ ခုနှစ်မှ ၁၃၃၉ ခုနှစ် အထိ ၂၁ နှစ်ကြာမျှ တည်ဆောက်ခဲ့ရခြင်း ဖြစ်သည်။

ဆရာတော်သည် အလံတရာစေတီတော် ကြီးကို စာရိတ္တပြုပြင်ရေး ဆိုသည့် ရည်ရွယ် ချက်ဖြင့် ပြုပြင်ခဲ့သည်ဟု မှတ်တမ်းများတွင် ရေးသားထားသည်။ သီလဖြင့် စာရိတ္တကောင်း သူ လူကောင်းသူကောင်းအဖြစ် ပျိုးထောင် ပြီး သမာဓိပညာတို့ဖြင့် မြင့်မြတ်သူ လူတော် သူတော်အဖြစ် ပို့ဆောင်ကာ လူတော်လူ ကောင်း သူတော်ကောင်းများ ဖြစ်စေခြင်းကို ရည်ရွယ်ခဲ့သည်ဟု ဆိုသည်။

ထိုအခြင်းအရာများကို ပြောင်းလဲစေရန် လှုပ်ကိုင်ခဲ့သူတစ်ဦး ထိုနေရာလေးသို့ ရောက် ရှိလာသည်။ ထိုဒေသတွင် အမျိုးသမီးငယ် များစွာကို လိမ်လည်၍ ပေါင်းသင်းလက်ထပ် ယူခြင်းနှင့်အတူ အခြားသော ဥပဒေမဲ့လုပ် ရပ်များ ဆောင်ရွက်သူတစ်ဦး ကြီးစိုးလျက်ရှိ သည်ဟု သတင်းများက ပျံ့နှံ့လျက်ထွက်ပေါ် ခဲ့သည်။ ထိုသူကား ကိုရင်လေး(ခ)ခွန်အောင် (ခ) ခွန်တန် (ခ) ဇာတ်လိုက် (ခ) ဓမ္မရာဇာ ဖြစ်နေသည်။ ¤င်းအသက် ရှစ်နှစ်အရွယ် ၂ဝဝ၃ ခုနှစ်ခန့်က ကိုရင်ဝတ်ဘဝဖြင့် အလံ တရာနယ်မြေသို့ စတင်ရောက်ရှိခဲ့ခြင်း ဖြစ် သည်။

¤င်းကို အဘဦးမောင် (ခ) အမောင်းမှ မွေးဖွားထားပြီး ဖခင်၏ဒုတိယဇနီးမှ မွေးထား သည့် တစ်ဦးတည်းသောသားဖြစ်ပြီး မိခင်မှာ ကွယ်လွန်သွားပြီဖြစ်ကြောင်း ¤င်းအကြောင်း စုံစမ်းနေသူများထံမှ သိရသည်။ ငယ်စဉ်အ ရွယ်မှစတင်၍ ခြေထောက်တစ်ဖက်မှာ မသန် စွမ်းသူတစ်ဦး ဖြစ်သည်။ ¤င်းတို့သည် ရှမ်း ပြည်နယ် ဟိုပုန်းမြို့နယ် ကုန်းတန်းရွာတွင် နေထိုင်သူများဖြစ်ကြောင်း သိရသည်။

အလံတရာဆရာတော်ကြီး ပျံလွန်တော် မူပြီးနောက်ပိုင်း ¤င်းဖခင်၏ သူငယ်ချင်းဖြစ် သူတစ်ဦးက အလံတရာ သာသနာနယ်မြေသို့ စတင် ခေါ်ယူခဲ့ခြင်းဖြစ်ကြောင်း ဆိုကြသည်။ သို့သော် ရောက်ရှိလာပုံကတော့ ထူးခြားနေ သည်။ စတင်ရောက်ရှိစတွင် အလံတရာဆရာ တော်ကြီး၏ သားဖြစ်သူ ဒေသခံများအခေါ် ဦးဇင်းအောင်ဆိုသည့် ဆရာတော်ထံသို့ သွား ရောက်တွေ့ဆုံ၍ ယုံကြည်မှုရရှိစေရန် စတင် လုပ်ဆောင်ကြသည်။

''ကပ်မြှောင်တွေက နည်းလမ်းမျိုးစုံသုံး ပြီး ယုံကြည်အောင်လုပ်တာ။ နောက်ဆုံး ဒီ ကောင့်ကို ဆရာတော်ကြီးသား ဦးဇင်းအောင် ကအစ ဆရာတော်ကြီး ဝင်စားတယ်ဆိုတာ ယုံကြည်သွားတော့ ကျန်တဲ့လူတွေကလဲ ဦး ဇင်းကိုယ်တိုင်က လက်ခံတယ်။ ဆရာတော် ကြီး ဝင်စားတာ မှန်တယ်ဆိုပြီးတော့မှ ဇာတ် လမ်းက စလာခဲ့တာ။ ပထမ ကိုရင်ဝတ်နဲ့ နေ သေးတယ်။ ကိုရင်ဝတ်နဲ့ နေရင်းနဲ့ သောင်း ကျန်းချင်တိုင်း သောင်းကျန်းနေတယ်။ ကြာ တော့ လူထွက်တယ်''ဟု ဒေသခံ ဆရာတော် တစ်ပါးက ပြန်ပြောင်းပြောဆိုသည်။

အလံတရာဆရာတော်ကြီး ပြန်လည်ဝင် စားသည်မှ အစပြု၍ နောင်ပွင့်မည့် ဘုရား လောင်းလျာတစ်ဦး ဖြစ်သည်ဟုဆိုကာ ယုံ ကြည်ကိုးကွယ်မှု များပြားလာအောင် စည်းရုံး သိမ်းသွင်းမှု စတင်ခဲ့သည်ဟု ဆိုကြသည်။ မူလကာလတွင် ခြေတစ်ဖက်မသန်သည့် ဇာတ် လိုက်အား ¤င်း၏ အပေါင်းအပါများအတွက် အခွင့်ကောင်း ရခဲ့သည်။ ဆရာတော်ကြီး ပျံ လွန်တော်မူခါနီးအချိန်က ထိုင်ခုံပေါ်မှပြုတ် ကျ၍ ခြေထောက်ကျိုးခဲ့ဖူးသည်။ ထိုအရာကို အခွင့်ကောင်းယူကာ ဆရာတော် ပြန်လည် ဝင်စားသည်ဟုဆိုသည့် အခြေအနေကို ပိုမို ဖန်တီးနိုင်ခဲ့ကြသည်။

''ဘဘုရား၊ ဦးဇင်းလေး လူ့ဘဝသို့ ပြန် လည်ရောက်ရှိလာသည်ဆိုသည့် သတင်းများ ကြောင့် ယခင်ကာလ အလံတရာဆရာတော် ကြီး၏ တပည့် ဒါယကာ၊ ဒါယိကာမများမှ လာရောက်ဖူးမြော်သူများ တစ်နေ့တခြား များ ပြားလာခဲ့ကြသည်။ ဦးဇင်းလေးဆိုသူကို လှူ ဒါန်းမှုများ ရှိလာကြသည်။ ထို့ကြောင့် ဇာတ် လိုက်နှင့် အပေါင်းပါ နိဗ္ဗာန်ဆော်များက ထို အခြင်းအရာကို အခွင့်ကောင်းယူကာ လာဘ် လာဘများ ထပ်မံ၍တိုးပွားလာစေရန်အတွက် ရည်ရွယ်ကာ ဝါဒဖြန့်မှုကို အရှိန်အဟုန်ဖြင့် နည်းလမ်းမျိုးစုံသုံးကာ စတင်ခဲ့သည်ဟုသိရ သည်။

''ဘုရားကုန်းပေါ်ရှိ နေထိုင်သူများသည် ဘုရားတည်ရန် လုပ်အားပေးခေါ်ယူလျှင် လာ ရမည်။ ပိုက်ဆံကောက်ခံလျှင် ထည့်ရမည်။ ပြောစကား နားထောင်ရမည်။ မခေါ်လျှင် မလာရ၊ မမေးလျှင် မဖြေရ။ မခိုင်းလျှင် မလုပ် ရ''ဆိုသည့် ပြောစကားများဖြင့် လွှမ်းမိုးထား သည်။

ဇာတ်လိုက်သည် အသက် ၁၂ နှစ်သား အရွယ်ခန့်တွင် ကိုရင်ဝတ်ဖြင့် မနေလိုတော့ ကြောင်း ပြောလာသဖြင့် လူထွက်ခိုင်းသည် ဟု သိရသည်။ ထိုအချင်းအရာကို လူဝတ်ဖြင့် သာသနာပြုလုပ်ငန်းများ ဆောင်ရွက်သည်ဟု သတင်းများ လွှင့်ခဲ့သည်။ ¤င်းသည် လူဝတ် ဖြင့်ပင် တောင်ကြီး-ဟိုပုန်း အပါအဝင် ကရင် ပြည်နယ်၊ မွန်ပြည်နယ်များသို့ သွားရောက်ခဲ့ သည်။ ဦးဇင်းအောင် ပျံလွန်တော်မူပြီးချိန်တွင် ဇာတ်လိုက်တစ်ယောက် သင်္ဃန်းဝတ်ခြင်း၊ လူ ဝတ်ခြင်းကို အကြိမ်ကြိမ် ပြုလုပ်ခဲ့သည်ဟု ဆိုသည်။ အပေါင်းအပါနှင့် နိဗ္ဗာန်ဆော်တို့က နည်းလမ်းမျိုးစုံသုံးကာ ဆော်သြပေးကြသည်။

ထို့ကြောင့် ယနေ့ ထွက်ပေါ်လျက်ရှိ သည့် ခေတ်သစ်ပန်းဦးဆက်သရမှုရှိနေကြောင်း နှင့် ထိုသို့ ပြုမူနေသူကို အရေးယူရန်အတွက် ပြင်ဆင်နေသည်ဆိုသည့် သတင်းထွက်ပေါ် ခဲ့သည်။ ထိုအထဲမှ အသက် ၁၅ နှစ်အရွယ် သမီးနှစ်ဦးအား လိမ်လည်လက်ထပ်ခံခဲ့ရခြင်း ကြောင့် သက်ဆိုင်ရာ နယ်မြေရဲစခန်းတွင် ဖခင်ကိုယ်တိုင်မှ အမှုဖွင့် တိုင်ကြားမှုရှိလာ ခဲ့သည်။ ထိုတိုင်ကြားမှုတွင် ခွန်တန်(ခ) ဇာတ် လိုက်အပါအဝင် လှထွန်း၊ သန်းလေး၊ ဝင်းဗိုလ်၊ အောင်မြတ်စိုး၊ ဆင်ကြီးနှင့် မောင်ခ စသည့် ခုနစ်ဦးတို့အား အမှုဖွင့်တိုင်ကြားခဲ့သည်။ ထို့ ကြောင့် သထုံမြို့မရဲစခန်းမှ (ပ)၈၈၉/၂ဝ၁၇၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၆၃/၁၁၄/ ၃၆၆ ဖြင့် အမှုဖွင့်လှစ်ထားလျက် ရှိသည်။

ထို့အတူ လက်ချည်(လက်ထပ်ခြင်း)ခံ ရသည့် ကာယကံရှင် မိန်းကလေးငယ်အချို့ ကမူ ¤င်းတို့အပေါ် ခွန်တန် (ခ) ဇာတ်လိုက် ဖြစ်သူက မည်သည့်ကျူးလွန်မှုမျှပင်မရှိကြောင်း ဧရာဝတီသတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်း တွင် ပြောဆိုထားပြန်သည်။ လက်ရှိအချိန် အထိပင် ခွန်တန်(ခ) ဇာတ်လိုက်ကို ဆရာ တော်ကြီး ပြန်လည်ဝင်စားသည်ဟုဆိုကာ ¤င်း တို့၏ ယုံကြည်မှုကြောင့် ကိုးကွယ်နေကြသူ များ ရှိသည်။

ဆရာတော်၏သားဖြစ်သူ ဦးဇင်းအောင် ပျံလွန်တော်မူပြီးနောက်ပိုင်း မြို့နယ်သံဃာ့ နာယကအဖွဲ့မှ နာယကဆရာတော် လေးပါး ကို ၂ဝ၁၆ ခုနှစ်တွင် အသိအမှတ်ပြု တင် မြှောက်ပေးခဲ့သည်။ သို့သော် ဇာတ်လိုက်နှင့် အပေါင်းပါအချို့က သဘောတူခြင်းမရှိခဲ့ပေ။ ထို့အပြင် ဘုရားကြီး ပြုပြင်မည့် လုပ်ငန်းကို အရှိန်အဟုန်ဖြင့် စတင်ဆောင်ရွက်တော့သည်။ တစ်ဖက်တွင် ဆရာတော် သံဃာတော်အချို့ က စေတီကြီးကို မူလအတိုင်း ထားရှိစေချင် သည်။ ထိုအချိန်တွင် အုပ်စုကွဲထွက်ကုန်ကြ သည်။

''တိုင်လာတဲ့အခါ ကျွန်တော်တို့က ညွှန် ကြားလွှာတွေနဲ့ မညီညွတ်လို့ ရပ်ဆိုင်းထား ပြီး နှစ်ကြိမ်သုံးကြိမ် တားတယ်။ ဘယ်လိုပဲ တားတား ဂရုမစိုက်ဘူး။ ဂရုမစိုက်တော့ ဝိနစ္စယ နဲ့ စိစစ်ခဲ့ရတယ်''ဟု မြို့နယ်သံဃာ့နာယက ဆရာတော်တစ်ပါးက မိန့်ကြားခဲ့သည်။

ယခုနှစ် မေလအတွင်းကလည်း ခွန်တန် (ခ) ဇာတ်လိုက်မှ အလံတရာသာသနာ့နယ်မြေ အတွင်းရှိ ကိုးနဝင်းစေတီတော်ကို ထီးတော် တင်ပွဲ ပြုလုပ်ခဲ့သေးကြောင်း သိရသည်။ ထို့ နောက် အလံတရာစေတီကြီးအား ဆက်လက် ပြုပြင်ရန် ပြောဆိုစည်းရုံးမှုများ ရှိခဲ့သည်ဟု ဆိုသည်။ သက်ဆိုင်ရာ အဖွဲ့အစည်းများ၏ အမိန့်များကို လွန်ဆန်၍ စေတီတော်ပြင်ဆင် ရေးအား ခွင့်ပြုချက်မဲ့ ဆောင်ရွက်ခဲ့ခြင်းဖြစ် သည်။ ထိုဖြစ်စဉ်နှင့်ပတ်သက်၍လည်း တရား ရုံးတွင် ဦးတိုက်လျှောက်ထား တိုင်တန်းထား မှု ရှိလာသည်။ ထိုအမှုနှင့်ပတ်သက်၍လည်း တရားခံ ငါးဦးခန့်ကို ဖမ်းဆီးထားရှိပြီး တရား ရုံးတွင် စစ်ဆေးကြားနာလျက် ရှိသည်။

ယခုအချိန်တွင် စေတီတော်ကြီးအား သက်ဆိုင်ရာ၏ ခွင့်ပြုချက်မရရှိဘဲ ပြုပြင်ခြင်း မှအစ အမျိုးသမီးငယ်များကို ခိုးယူပေါင်းသင်း ခဲ့သည့် ကိစ္စများနှင့်အတူ တိုင်တန်းမှုများ အမှု ဖွင့်လှစ်ဆောင်ရွက်နေမှုများ ရှိနေသည်။ ထို့ အပြင် အဆိုပါကိစ္စများနှင့် ပတ်သက်၍လည်း ပြည်နယ်လွှတ်တော်ရှိ ကော်မတီအချို့တွင် ကြားနာစစ်ဆေးမှုများ ဆောင်ရွက်သွားမည် ဟု သက်ဆိုင်ရာက ဆိုထားသည်။ သို့သော် ယနေ့အချိန်အထိ ခွန်တန်တစ်ယောက် ဘယ် ဆီ ဘယ်စခန်းများသို့ ရောက်ရှိနေသည်ကိုမူ မသိနိုင်သကဲ့သို့ ¤င်းအား ဖမ်းဆီးရမိရေး အတွက် သက်ဆိုင်ရာမှ ဆောင်ရွက်ရမည် ဖြစ်သည်။

Credit :Yangon Media Group