ရန်ကုန်၊ နိုဝင်ဘာ ၅
လင်မယား ရန်ဖြစ်သည်ကို ဝင်ရောက်ဖျန်ဖြေသူအား မကျေနပ်သဖြင့် ဓားဖြင့်ခုတ်သတ်ကာ ကိုယ့်အိမ်ကိုယ်မီးရှို့ ထွက်ပြေးမှု ပဲခူးမြို့နယ်တွင်ဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ်၊ သပြေရိုးကျေးရွာအုပ်စု၊ တောင်ဆတ်အင်းကျေးရွာတွင် နိုဝင်ဘာ ၅ ရက် နံနက် ၁ နာရီ ခန့်က ယင်းရွာနေ ဦးမြင့်နိုင်(၄၅)နှစ်သည် ရွာလယ်လမ်းမ၌ လည်ပင်းပြတ်ရှဒဏ်ရာဖြင့် သေဆုံး နေသည်ကို ၎င်း၏ဇနီးဖြစ်သူကတွေ့ရှိခဲ့ကြောင်း၊ သေဆုံးနေ သူ၏ဘေးတွင် တစ်ရွာတည်းနေ မအေးခိုင်(၃၈)နှစ်ကို တွေ့ရှိသ ဖြင့်မေးမြန်းရာ ၎င်းတို့လင်မယား ရန်ဖြစ်နေသည်ကို ဦးမြင့်နိုင်က ဝင်ရောက်ဖျန်ဖြေခဲ့ကြောင်း၊ ယင်းသို့ဝင်ရောက်ဖျန်ဖြေသည်ကို မကျေနပ်သဖြင့် ၎င်း၏ခင်ပွန်းဖြစ်သူက ဓားဖြင့်လိုက်ခုတ်ခဲ့ခြင်းဖြစ်ကြောင်း ပြန်လည်ဖြေဆိုခဲ့သည်ဟု ပဲခူးမြို့ နယ်၊ ဘုရားကြီးနယ်မြေရဲစခန်းမှ သိရသည်။
ပြစ်မှုကျူးလွန်သူက ဦးမြင့်နိုင်အား ဓားဖြင့်ခုတ်ပြီးနောက် ၎င်း၏နေအိမ်သို့ ပြန်လာကာ တောင် ထန်းမိုး၊ တောင်ထန်းကာ လေးပင်သုံးခန်းမြေစိုက်နေအိမ်အား မီးရှို့ထွက် ပြေးသွားကြောင်း ဘုရားကြီးနယ်မြေ ရဲစခန်းမှသိရသည်။ ''ဦးမြင့်နိုင်က နေရာတင်ပွဲ ချင်းပြီးသေတာ။ တရားခံကထွက် ပြေးနေလို့ အခုလိုက်ဖမ်းနေပါ တယ်။ မမိသေးပါဘူး။ တရားခံရဲ့ ဇနီးက သူ့ယောက်ျားအမည်ကို အမျိုးမျိုးပြောနေတယ်''ဟု ဘုရားကြီးနယ်မြေရဲစခန်းမှ ရဲအုပ် ကျော်စွာလင်းက ပြောသည်။ မီးရှို့ခံရသည့်အိမ်မှာ လုံးဝပျက်စီးသွားခဲ့ပြီး အခြားနေအိမ်များသို့ကူးစက်လောင်ကျွမ်းခြင်း မရှိကြောင်းသိရသည်။
ပဲခူးမြို့မီးသတ်တပ်ဖွဲ့စခန်းမှတာဝန်ရှိသူတစ်ဦးက ''မီးလောင် တဲ့သတင်းရလို့ မီးသတ်ယာဉ်တစ်စီး၊ ကယ်ဆယ်ရေးယာဉ်တစ်စီးနဲ့သွားတယ်။ သေတဲ့သူကိုတော့ အရန်မီးသတ်ကယ်ဆယ်ရေးယာဉ် နဲ့ဘုရားလေးဆေးရုံက ရင်ခွဲရုံကို ပို့ပေးထားပါတယ်''ဟု ပြောသည်။ ယင်းကဲ့သို့ လူသတ်ပြီးနေ အိမ်မီးရှို့ထွက်ပြေးတိမ်းရှောင်နေ သူအား ဘုရားကြီးနယ်မြေ ရဲစခန်း မှ(ပ)၂၅၁/၂ဝ၁၇၊ ရာဇသတ်ကြီး ပုဒ်မ ၃ဝ၂/၄၃၆ တို့ဖြင့် အမှုဖွင့် စစ်ဆေးနေကြောင်းသိရသည်။
SMO,MMN
Credit :Yangon Media Group