11/06/2017
အသက်(၄၀)အထိပဲ နေချင်တယ်လို့ ဦးမိုးဒီကို ရင်ဖွင့်ပြောခဲ့တဲ့ မော့စ်
ပရိသတ် အလွန်ချစ်မြတ်နိုးခဲ့တဲ့ ကြွေလွင့်သွားပြီဖြစ်သော ဟာသလူရွှင်တော် အကယ်ဒမီဆုရှင် မော့စ် က အသက်(၄၀)အထိပဲ နေချင်ခဲ့တယ်လို့ ဦးမိုးဒီကိုရင်ဖွင့်ပြောဆိုခဲ့ပါတယ်။
“သူက အလုပ်ကို ချစ်မြတ်နိုးတတ်တဲ့သူပါ ။ ဟာသလူရွှင်တော်အလုပ်ကို တော်တော်ကို မြတ်မြတ်နိုးနိုး ဖြစ်ခဲ့ တဲ့ သူပဲ။ ဒါပေမယ့် သူငယ်ငယ်လေးတည်းက ပြောခဲ့တာ ။
ငယ်ငယ်လေးဆိုတာ သူအသက် ၂၀ ကျော် ၊ ကိုယ် အသက် ၃၀ ကျော်ပေါ့။ အဲ့အချိန်လောက်မှာ သူအသက်၄၀ထိပဲ နေချင်တယ်ပြောတယ် ။သူတစ်ကယ် အသက်၄၀ရောက်တော့ မသေချင်သေးဘူး ။ သူမသေချင်ပေမယ့်လည်း အသက် ၅၉မှာ သူသေသွားတယ်။ သူနဲ့ကျတော့ တစ်ယောက်နဲ့ တစ်ယောက်က ပြောမနာ၊ ဆိုမနာတွေ ဖဲ့နေကြတာပဲ ။
သူ့လည်းကိုယ်ဖဲ့ ၊ ကိုယ့်လည်းသူ့ဖဲ့ အဲ့ဒါကို ပရိသတ် သဘောကျတာလေ။ ဒီဘက်က သူငယ်ချင်းတွေက ပြောမနာ၊ ဆိုမနာ ဆိုပေမယ့် သူနဲ့လောက်တော့ အံမကျဘူးပေါ့။ သူ့မှာအားကိုးတဲ့ဟာက သူကရိုင်းရင်ရိုင်းမယ်၊ ကြမ်းရင် ကြမ်းမယ်။
ဒါပေမယ့် သူကပြောရဲတဲ့ သတ္တိရှိတယ်။ ဘဘကတော့ သူ့လောက်မပြောရဲဘူး ။ သူက ပြောစရာ ရှိရင် ပြောရဲတယ်။ ပရိသတ်ကတော့ ပိုကြိုက်တာပေါ့ ။ ပိုရယ်ရတာပေါ့။ ” လို့ ဦးမိုးဒီက MCကိုပြောပြခဲ့ ပါ တယ်။
Credit :Myanmar Celebrity