10/31/2017
ပညာရှိတဲ့မိန်းမနဲ့ပညာမဲ့တဲ့မိန်းမ
ရေးဖို့အာရုံတော့ သိပ်မရှိဘူး
ဒါပေမယ့် ရေးမှရတော့မယ်အခြေနေ
အမေပြောသလိုပဲ အော် ခေါတ်အခါအခြေနေရ လွှတ်ပေးထားကြတာတဲ့
ဟုတ်ပြီဗျာ လွှတ်လည်းလွှတ်ပေါ့ ပွဲလမ်းသဘင်ရှိရှိမရှိရှိ
ထားဝယ်မှာ ညရောက်ပြီဆို ဂေါက်ကွင်းလမ်း လမ်းမသစ် ရထားလမ်း
ဟာဗျာ လူမရှိတဲ့ လမ်းအစုံ ပလူပျံနေတာ ဘာတွေထင်လဲ
စုံတွဲတွေဗျ စုံတွဲတွေ
ဒီစုံတွဲဆိုတာတွေလည်း ကြည့်အုံး အသက်လေးကဖြင့် လူမဖြစ်သေး မိန်းကလေးဆို လည်း အချစ်ဆိုတာ နားမလည်
ယောကျားလေးဆိုတာကလည်း မိဘမှာလက်ဖြန့်တောင်းနေတုန်း
ဘာအလုပ်အကိုင်လုပ်ဖို့မှ လူရာမဝင်
လူမလေးခွေးမခန့်ပုံ
အဲ ဒီလူမလေးခွေးမခန့် သာပြောတာ လုပ်နေကြတာက အိမ်က အမေဖေ အိပ်ခါနီး လို အတုခိုးနေကြတာ
ဒီ အရွယ်မှာ အချစ်ဆိုတာ အထိတွေ့လောက်ပဲ ထင်ကြတာလေ
သူနဲ့ထိရင် မီးထပွင့်တယ် တဒိန်းဒိန်းခုန်တယ် ဘာညာပေါ့ဗျာ
ဒီနှာခေါင်းတွေ မီးပွင့် လူမရှိသူမရှိ လမ်းတွေသွား
ခြုံတွေတိုး ဒချိကြနဲ့ ပြသနာက ????????
တီ တီ တီ တီ တီ (ဖုန်းမြည်သံ)
ပညာရှိတဲ့မိန်းမက
ကြေကွဲမူကိုတိတ်တဆိတ်သိမ်းဆည်းထားပေမယ့်
ပညာမဲ့တဲ့မိန်းမကကြေကွဲမူကိ ပေါက်ကွဲခြင်းနဲ့ရှင်းလင်းလိုက်တယ်။
ပညာရှိတဲ့မိန်းမကအရူံးကိုအပြုံးနဲ့ကာဆီးလိုက်ပေမယ့်
ပညာမဲ့တဲ့မိန်းမကအရူံးကို အမုန်းနဲ့ဖွင့်ထုတ်ပြတယ်။
ပညာရှိတဲ့မိန်းမကအလှအပကို
ကိုယ်ကျင့်တရားနဲ့ ဝန်းရံထားပေမယ့်
ပညာမဲ့တဲ့မိန်းမကအလှအပကိ ငွေကြေးနဲ့လဲလှယ်လိုက်တယ်…
ပညာရှိတဲ့မိန်းမကအောင်မြင်မူကို
တိတ်တဆိတ် ရယူလိုက်ပေမယ့်
ပညာမဲ့တဲ့မိန်းမကအောင်မြင်မူကို ကြွားဝါခြင်းနဲ့ ရယူလိုက်တယ်…
ပညာရှိတဲ့မိန်းမက
ဘဝအရေးအတွတ်ကိုသာ အချိန်ပေးတတ်ပေမယ့်
ပညာမဲ့တဲ့မိန်းမက အလှအရေးအတွတ်ပဲ အချိန်ဖြုန်းတတ်ကြတယ်…
ပညာရှိတဲ့မိန်းမက
တစ်ပါးသူကိုနာလိုစိတ်မရှိ ကိုယ်စွမ်းကိုယ်စနဲ့
ကြိုးစားနေတတ်ပေမယ့် ပညာမဲ့တဲ့မိန်းမက တစ်ပါးသူကိုနာလိုစိတ်နဲ့ အတင်းအဖျင်းပြောဖို့ပဲ ကြိုးပမ်းနေတတ်ကြတယ်….
ပညာရှိတဲ့မိန်းမက
ဘာသာတရားမမေ့ဖို့ပဲ စိတ်ဝင်စားနေတတ်ပေမယ့်
ပညာမဲ့တဲ့မိန်းမက အပျော်အပါးမက်ဖို့ပဲ စိတ်ဝင်စားနေတတ်တယ်….
ပညာရှိတဲ့မိန်းမက
ကိုယ်ကျင့်တရားနဲ့ဂုဏ်သိက္ခာကို အသက်နဲ့လဲလို စောင့်ထိန်းတတ်ကြပေမယ့်
ပညာမဲ့တဲ့မိန်းမက ကိုယ်ကျင့်တရားကိုမြောင်းထဲလွှတ်ပြစ်လို့ ဂုဏ်သိက္ခာကိုခွေးကျွေးပြစ်တတ်ကြတယ်…
လောကမှာ
ပညာတတ်တိုင်းလဲပညာရှိမဖြစ်နိုင်သလို ပညာရှိနေတိုင်းလဲပညာတတ်မဟုတ်ကြပါဘူး…
မိန်းကလေးတိုင်းအတွတ်
ဘဝလက်ဆောင်မွန်ကတော့ဂုဏ်ဓန
ငွေကြေးအလှအပတွေကို အရေးပေးခဲ့ရင် တစ်ခဏတာစိတ်ချမ်းသာမူကိုသာ ရရှိနိုင်ပေမယ့်….
အရှက် သိက္ခာနဲ့ ကိုယ်ကျင့်တရားတွေကို အရေးပေးမှသာ တစ်သက်တာလုံး စိတ်ချမ်းသာမူကို ရရှိစေမှာပဲဖြစ်ပါတယ်
#မာနကိုရွှေချထားမယ်#
