10/31/2017

ကြည့်​ကြပ်​လုပ်​ကြ အူးအူးတွေနော် အိမ်​ကမဟေသီနဲ့ ပြန်​ဆုံ​နေမယ်


“မောင် ဖုန်းကိုပြူးပြဲကြည့်​​နေတာ ဘာဖြစ်​လို့လဲ”😟😟😟

“ငင်​ … “😕😕😕



မိန်းမက ရုတ်​တရတ်​ကြီးလာကြည့်​​တော့ ကျုပ်​မျက်​လုံးပြူးသွားတယ်

ပြူးဆို ကျုပ်​က ကြူ​နေတာကိုး

မိန်းမသိရင်​ ​ညစာငတ်မှာ😝😝😝

ညစာဆိုတာက စိတ်ဆိုးပြီးထမင်းမချက်တော့မှာကိုပြောဒါ

ခင်ဗျားတို့အတွေးဒွေ သိနေလို့ ရှင်းပြရဒါ😁😁😁

“မ​နေ့က မြန်​မာ​တွေရှုံးသွားတာကို ရခိုင်​မှာဆူကြပူကြတယ်​ကြားလို့

ဟာသ​ရေးရင်းနဲ့ သီချင်းနား​ထောင်​​နေတာ ပြီး​တော့

ကီးဘုတ်​က တ​မှောင့်​ သိုင်း​လောကကလဲ စာ​တွေလာတယ်​ အဲဒါနဲ့

ထီလက်​မှတ်​ဝယ်​မလို့ ကြံ​နေတာပါ ချစ်ရာ … “😁😁😁

“ဖီး… မောင့်ဟာက ဘာ​တွေတုန်းရှုပ်​​နေတာပဲ … “😇😇😇



“ဟုတ်​တယ်​ ချစ်ရ ရှုပ်​တယ်​ “😁😁😁

တကယ်​​တော့ မိန်းမကိုမရှုပ်​ရှုပ်​​အောင်​ တမင်​​ပြောလိုက်​ရတာ

မဟုတ်​ရင်​ crush ​လေးနဲ့ကြူ​နေတာ သိမှာစိုးလို့ 😁😁😁

“​အေးပါမောင်ရယ် … ချစ်ထမင်းအိုးသွားကြည့်​လိုက်​ဦးမယ်​ “🙂🙂🙂

“ဟုတ်​ … “🙂🙂🙂

မိန်းမ မရှိ​တော့ ဆက်​ကြူတာ​ပေါ့

crush ဆိုတာကလည်း တစ်​​ယောက်​တည်းမှမဟုတ်​ပဲ ကျုပ်​မှာ

လက်​မလည်​ဘူး 😁😁😁

“မောင် … ”

“ဖွီး … ”

ထပ်​​ခေါ်​တော့ လန့်​သွားတာပဲ

လန့်​ရမယ်​​လေ ကိုယ်​ကမဟုတ်​တာလုပ်​​နေတဲ့​ကောင်​ ကိုး😁😁😁



“သိုင်း​လောကအ​ကြောင်း ချစ်နည်းနည်းသိချင်​လို့ ”

“ဪ ဟုတ်​ချစ် ”

“ဝူတန်​ ဂိုဏ်း​ခေါင်း​ဆောင်​က ဘယ်​သူလည်းမောင်ရဲ့ ”

“အဲ … စိမ့်​​မေ​မျောင်​ … အန်း ဟုတ်​​သေးဘူး

တုံ​ယေချန်​ … ဟုတ်​​သေးဘူးဟ ”

“ဓာတုကလျာမဟုတ်​ဘူးလားမောင်ရဲ့ … “😂😂😂

“ဪ ဟုတ်​သားပဲ ​မေ့​နေတာ … “😁😁

“​ဟု ဟု ရပြီမောင်ဆက်​လုပ်​ ”

ဖူး … ​တော်​​သေးလို့

မိန်းမကသူ့ဟာသူ နာမည်​ရသွားလို့ … ဓာတုကလျာက​တော့

စိတ်​ဆိုးမလားမသိ … ဘာဖြစ်​လဲ သူက​သေပြီပဲကို 😁😁😁

“မောင် … ”

“ဂိ … “😬😬😬

လာပြန်​ပြီ … ဘာ​မေးဦးမယ်​မသိဘူး …


မိန်းမတွေက တကယ်​အ​မေးအမြန်းထူတာ

“ကီးဘုတ်​ဆိုတာ ဘာလဲမောင်ရဲ့ ”

“ဒီလိုချစ်ရေ … ကီးဆိုတာက ​သော့ ဘုတ်​ဆိုတာက​လှေ …

သူက ​လှေပုံစံ​သော့​လေးကို​ပြောတာ … ”

“ဪ ထင်​​တော့ထင်​သားပဲ … ”

“ဟုတ်​ ချစ် … ”

“ဪ မောင်… ”

“ဂျာ … ”

“အ​လောင်းစည်​သူကို သိတယ်​မို့လား … ”

“သိတယ်​​လေ ချစ်… ”

“​ဟု … အခု သူဘယ်မှာတဲ့လဲ ”

“ဆိုက်​ကားနင်း​နေတယ်​​လေချစ်ရာ … “😏😏😏

“ဪ … စီးပွား​ရေးမ​ကောင်းရှာဘူးနဲ့တူတယ်​ … ”

“ဟုတ်​​လောက်​တယ်​ … ချစ်ရေ … ”

“ဪ ဒါနဲ့မောင်ရေ … ”

“ဟု ချစ် … ”

မိန်မကြောက်​လို့သာပြန်​​ပြော​နေတာ

crush ​လေး​တွေက စာပို့​နေ​လောက်​ပြီ 😁😁😁

“မိုနာလီဇာကို သိတယ်​မို့လား … ”

“သိပါ့ … ”

“သူ​ရော ဘာ​တွေလုပ်​​နေတယ်​တဲ့လဲ ”

“သူက ငါး​ရောင်း​နေတာကြာပြီ​လေမိန်းမရာ… ”

“ဟုတ်​လား … ”

“ဒါဆို အိုင်းစတိုင်းကြီး​ရော … ”

“သူက​တော့ တစ်​​နေ့လုံးဆံပင်​ကို ဂျယ်​ပဲ​ထောင်​​နေတယ်​ချစ်ရေ့ ”

“ဒီ​ကောင်​ကွာ … ကြီးမှ ပိုကဲလာတာ ”

“ဟုတ်​ပါ့ … ”

“ဒါနဲ့မောင်ရေ … အဲဒီနာမည်​နဲ့အ​ကောင့်​​တွေကိုစကားမ​ပြောနဲ့​နော်​ ”

“ဘာလို့လဲ မိန်းမရ”

“အကုန်​လုံး မိန်းမဟာ​တွေမို့လို့ … ”

ဆိုပြီး ပြန်​သွား​ရော …

ပြီးမှ ကိုယ်​နဲ့​ပြော​နေတဲ့ crush ​လေး​တွေနာမည်​ကိုကြည့်​​တော့

ကီးဘုတ်​ဖိုက်​တာမ

ဝူတန်​ဂိုဏ်းချုပ်​ ဓာတုကလျာ

အ​လောင်းစည်​သူမိဖုရား

ခေတ်​သစ်​မိုနာလီဇာ

အိုင်းစတိုင်းက​တော်

တဲ့ …

ဖွီး …

က​တောက်​စ်​ … အကုန်​ မိန်းမဟာ​တွေချည်းပဲ မိန်းမရယ်​ အကောင့်တွေဘယ်​နှခုတောင်ဖွင့်ထားရဒါတုန်း 😭😭😭

ဖွီး … 😂

ကြည့်​ကြပ်​လုပ်​ကြ အူးအူးတွေနော် အိမ်​ကမဟေသီနဲ့ ပြန်​ဆုံ​နေမယ်​ 😂

Copy # Atinthu
via Win Lae Ko

နီလာစိန်