4/02/2017
Master Asia Myanmar 2016 ဆုရှင် တေဇာလင်းက မစင်သီယာနော့နှင့် ပတ်သက်ပြီး တရားဥပဒေအတိုင်း ရင်ဆိုင်သွားမည်ဟု
Master Asia Myanmar 2016 ဆုရှင် တေဇာလင်းသည် မစင်သီယာနော့က တရားစွဲဆိုထားမှုနှင့်ပတ်သက်ပြီး တရားဥပဒေအတိုင်း ရင်ဆိုင်သွားမည်ဖြစ်ကြောင်း ဧပြီ ၂ရက်က Orchid Hotel တွင်ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
“ကျွန်တော်ကို ဂုဏ်သိက္ခာကျဆင်းအောင် ပြုမူပြောဆိုထားတာတွေနဲ့ပတ်သက်ပြီး တရားဥပဒေအတိုင်း ဆောင်ရွက်သွားမှာပါ။ ဥပဒေက အဆုံးအဖြတ်ကိုပဲ လိုက်နာမှာပါ”ဟု တေဇာလင်းကပြောသည်။
တေဇာလင်းက ၎င်းအား ပုဂ္ဂိုလ်ရေးတိုက်ခိုက်ခံရသဖြင့် သူ၏အနုပညာလမ်းကြောင်းများ ဆုံးရှုံးနစ်နာမှုများရှိခဲ့ပြီး ပြည်ပနိုင်ငံတစ်ခုသို့ နောက်တကြိမ် Master အဖြစ်သွားရောက်ယှဉ်ပြိုင်ရန် နီးကပ်နေချိန်တွင် မစင်သီယာနော့က တရားစွဲဆိုခြင်း၊ သတင်းစာရှင်းလင်းပွဲများ ပြုလုပ်ခြင်းတို့ကြောင့် ဂုဏ်သိက္ခာကျဆင်းခဲ့ရသဖြင့် ယခုကဲ့သို့ သတင်စာရှင်းလင်းပွဲကျင်းပရခြင်းဖြစ်ပြီး မည်သည့်ကိစ္စကိုမဆို တရားဥပဒေနှင့်အညီ ရင်ဆိုဖြေရှင်းသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
တေဇာလင်းသည် ၂၀၁၆ခုနှစ်
အောက်တိုဘာလတွင် မြန်မာနိုင်ငံကိုယ်စားပြု Master Asia Myanmar 2016 ဆုရှိခဲ့ပြီး အနုပညာအလုပ်များ လုပ်ကိုင်လျက်ရှိသည်။
ပြီးခဲ့သည့် မတ် ၂၀ ရက်က ၎င်း၏ဇနီးဟုဆိုသူ မစင်သီယာနော့က တေဇာလင်းနှင့် ပေါင်းသင်းခဲ့ရာမှ လက်ရှိတွင် ကိုယ်ဝန် ၇ လလွယ်ထားရပြီဖြစ်ကြောင်း၊ တေဇာလင်း Master မဖြစ်မီ ၂၀၁၄ ခုနှစ်ကပင် မစင်သီယာနော့နှင့် ချစ်ကြိုက်ခဲ့ပြီး အတူတကွပေါင်းသင်းနေထိုင်ခဲ့ကြကြောင်း၊ တေဇာလင်း Master ဆုရှင်ဖြစ်သွားပြီးနောက်ပိုင်းတွင် မစင်သီယာနော့အား အဆက်အသွယ်ဖြတ်ခဲ့ကြောင်းကို သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။
မစင်သီယာနော့သည် ၂၀၁၇ ဖေဖော်ဝါရီ ၁၃ ရက်က တေဇာလင်းအား တရားမကြီးနစ်နာမှု ၃၁၄/၂၀၁၇၊ ကာမလိမ်လည်မှု ပုဒ်မ ၄၁၇ တို့ဖြင့် တရားစွဲဆိုထားသော်လည်း တေဇာလင်းမှာ တရားခွင်သို့ လာရောက်ခြင်းမ၇ှိဘဲ ရုံးချိန်း ၄ ကြိမ် ပျက်ကွက်ခဲ့သည်။
Credit :News Watch
