အမေရိကန် စစ်တပ်အနေနဲ့ တောင်ကိုရီးယားနိုင်ငံ အနှံ့အပြားမှာ ဒုံးကျည်ဖျက်ချနိုင်တဲ့ ကာကွယ်ရေးစနစ်များကို စတင် တပ်ဆင်နေပြီ ဖြစ်ပါတယ်။
လက်ရှိ အနေအထားအရ အမေရိကန်နဲ့ မြောက်ကိုရီးယား နှစ်နိုင်ငံရဲ့စစ်ရေးတင်းမာမှုတွေက အမြင့်ဆုံးအခြေအနေကို ရောက်ရှိနေတာဖြစ်ပြီး မြောက်ဘက်က ဒုံးကျည်တွေ အချိန်မရွေး ပစ်လွှတ် နိုင်တာကြောင့် အခုလို ကာကွယ်ရေးစနစ် များကို အချိန်မီ အပူတပြင်း တပ်ဆင်နေတာ ဖြစ်ပါတယ်။
အမေရိကန်စစ်တပ်က တပ်ဆင်နေတဲ့ ဒုံးကျည်ကာကွယ်ရေးစနစ်မှာ THAAD ဒုံးခွင်းဒုံး စနစ်ဖြစ်ပြီး ဒုံးကျည်လာရာ လ မ်းကြောင်းကို ကြိုတင်တွက်ဆကာ လမ်းမှာတင် ကြားဖြတ်ပစ်ချတဲ့ စနစ်ဖြစ်ပါတယ်။ အဆိုပါ ဒုံးကျည်ကာကွယ်ရေး စနစ် တပ်ဆင်နေချိန်မှာတော့ တောင်ကိုရီးယားဒေသခံ ရာပေါင်းများစွာက ဆန့်ကျင်ကန့်ကွက်မှုများပြုလုပ်ခဲ့ပြီး စစ်ပွဲ အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြတယ်လို့သိရပါတယ်။
တရုတ်နိုင်ငံကတော့ ဒုံးခွင်းဒုံးစနစ်ဟာ နယ်မြေလုံခြုံရေးကို မတည်မငြိမ် ဖြစ်စေနိုင်တယ်လို့ ဝေဖန်မှု ပြုလုပ်ခဲ့ပါတယ်။ လက်ရှိ အနေအထားမှာတော့ မြောက်ကိုရီးယားရဲ့ နျူကလီးယား ခြိမ်းခြောက်မှုတွေကြောင့် တိုက်သင်္ဘောများ၊ လေ ယာဉ်တင်သင်္ဘောများနဲ့ ရေငုပ်သင်္ဘောတွေကိုပါ ကိုရီးယားကျွန်းဆွယ်အနီးမှာ ဖြန့်ကျက်ထားနေတာတွေ့ရပါတယ်။
အမေရိကန် သမ္မတထရမ့်ပ်ကတော့ မြောက်ကိုရီးယားနိုင်ငံကို ထိန်းချုပ်နိုင်ဖို့ တရုတ်နိုင်ငံကို ဖိအားပေးမယ့် ဆွေးနွေးပွဲ တစ်ခုကို ဒီနေ့ အိမ်ဖြူတော်မှာ ပြုလုပ်သွား တယ်လို့ သိရပါတယ်။ အမေရိကန်နဲ့ တောင်ကိုရီးယား နှစ်နိုင်ငံပူးပေါင်းပြီး မြောက်ကိုရီးယားရဲ့နျူကလီးယား ထိပ်ဖူးတပ်ဒုံးကျည်တွေကို ကြားဖြတ်ပစ်ချနိုင်ဖို့ ကာကွယ် ရေး စနစ်တွေ ပြုလုပ်နေတ ယ်လို့ တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးက အတည်ပြုပြောကြားခဲ့ပါတယ်။
တစ်ချိန်တည်းမှာပဲ တရုတ်နိုင်ငံက သူတို့ရဲ့ဒုတိယမြောက် လေယာဉ် တင် စစ်သင်္ဘောကြီးကို ရေချမှု ပြုလုပ်ခဲ့ပါတယ်။ လက်ရှိမှာတော့ ဒုံးကျည်ကာကွယ်ရေးစနစ်တွေကို တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရဲ့ တောင်ဘက် ကီလိုမီတာ ၂၅၀ အကွာက ဂေါက်ကွင်းအတွင်းမှာ တပ်ဆင်မှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ရာနဲ့ချီတဲ့ တောင်ကိုရီးယားနိုင်ငံသားတွေကတော့ အမေရိကန်ဒုတိယသမ္မတမိုက်ပင့်စ်ရဲ့ ပုံနဲ့အတူ စစ်ပွဲအလိုမရှိ၊ ဒုံးကျ ည်ကာကွယ်ရေးစနစ်တွေရပ် စတဲ့ ဆိုင်းဘုတ်တွေ ကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြပြီး ကာကွယ်ရေးပစ္စည်း တွေသ ယ်ဆော င်လာတဲ့ ယာဉ်တန်းကို ရေဘူးတွေနဲ့ ပစ်ပေါက်ခဲ့ကြတာကြောင့် ရဲတပ်ဖွဲ့ဝင်များစွာက ကာကွယ်ပေးခဲ့ရတယ်လို့ သိရပါ တယ်။
Ref : BBC
အကုန်သိ
#ZMT