4/01/2017
သမီးဖြစ်သူအား အကြိမ်ကြိမ်သားမယားအဖြစ် ပြု့ကျင့်သည့် ဖခင်ရင်းဖြစ်သူအား အမိန့်ချမှတ်
မကွေးတိုင်းဒေသကြီး စလင်းမြို့နယ် ကြို့ဝန်းကျေးရွာတွင် ဖြစ်ပွားခဲ့သော အရွယ်မရောက်သေးသူ သမီးဖြစ်သူအား အကြိမ်ကြိမ်သားမယားအဖြစ် ပြု့ကျင့်သည့် ဖခင်ရင်းဖြစ်သူအား အလုပ်နှင့် ထောင်ဒါဏ် ၂၀ နှစ်ချမှတ်ခဲ့ကြောင်း သိရှိရပါသည်။
အခင်းဖြစ်စဉ်မှာ စလင်းမြို့နယ် ကြို့ဝန်းကျေးရွာနေ ဒေါ်ဌေးမြင့် တရားလိုပြုလုပ်ပြီး ၄င်း၏ သမီးဖြစ်သု မဝေဝေငြိမ်း ၁၅ နှစ်အား ဖခင်ရင်းဖြစ်သူ ဦးပိုက အကြိမ်ကြိမ်သားမယားပြုကျင့်ခဲ့ရာ မဝေဝေငြိမ်းတွင် ကိုယ်ဝန် ၃ လ ရမှ မေးကြည့်ရာ ဖခင်ဦးပို မှ သားမယားအဖြစ်ပြုကျင့်ကြောင်းနှင့် ကြောက်၍ဘယ်သူ့မှ မပြောကြောင်း သိရ၍ စလင်းရဲစခန်းသို့ တိုင်ကြားခဲ့ပါသည်။
အဆိုပါအမှုအား စလင်းမြို့ မ ရဲစခန်းမှ ရာဇဝတ်ပုဒ်မ ၃၇၆ဖြင့် တရားစွဲတင်ပို့ခဲ့ရာ မင်းဘူးခရိုင်တရားရုံးက မတ်လ ၁၈ ရက်နေ့တွင် တရားခံဦးပိုအား အလုပ်နှင့် ထောင်ဒါဏ် ၂၀ နှစ်ချမှတ်ခံရခြင်းဖြစ်သည်။ ပြစ်မှုကျူးလွန်သူ တရားခံဦးပိုအား မတ်လ ၂၉ ရက်နေ့တွင် စလင်းစခန်းတာဝန်ရှိသူများက သရက်အကျဉ်းထောင်းသို့ သွားရောက်ပို့ဆောင်ခဲ့ကြောင်း မြန်မာ့အလင်း သတင်းအရ သိရှိရပါသည်။
သစ်ထူးလွင်
http://www.thithtoolwin.com/2017/04/blog-post_75.html