မြောက်ကိုရီးယားဟာ အမေရိကန် နိုင်ငံသားတစ်ဦးကို သောကြာနေ့က ထိန်းသိမ်းခဲ့ပါတယ်။ သူဟာ မြောက်ကိုရီးယား အစိုးရရဲ့ ဖမ်းဆီးထိန်းသိမ်းခြင်းခံရတဲ့ တတိယမြောက် အမေရိကန် နိုင်ငံသားဖြစ်တယ်လို့ ယွန်ဟပ် သတင်းတစ်ပုဒ်မှာဖော်ပြပါတယ်။မျိုးရိုးအမည် ကင်လို့သာသိရတဲ့ အသက် ၅၀ ဝန်းကျင် ကိုရီးယား-အမေရိကန် အမျိုးသားဟာ ကယ်ဆယ်ရေးလှုပ်ရှားမှုတွေ အကြောင်း ဆွေးနွေးဖို့မြောက် ကိုရီးယားမှာတစ်လကြာနေထိုင်ခဲ့ တယ်လို့ တနင်္ဂနွေနေ့က သတင်း မှာပါရှိပါတယ်။ သူဟာ မိခင်နိုင်ငံ ကို ပြန်ဖို့ပြင်နေစဉ်အတွင်း ပြုံယမ်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ထိန်းသိမ်းခံခဲ့ရတာ ဖြစ်ပါတယ်။
သူဟာ ယန်ဘီယံသိပ္ဗံနဲ့ နည်းပညာတက္ကသိုလ် (YUST) က ပါမောက္ခဟောင်း တစ်ဦးဖြစ်တယ်လို့ အမည်မဖော်တဲ့ သတင်းရင်း မြစ်တစ်ဦးရဲ့ ပြောပြချက်ကို ယွန်ဟပ်သတင်းက ကိုးကားဖော်ပြထားပါတယ်။ အိမ်နီးချင်းတရုတ်နိုင်ငံမှာရှိတဲ့ YUST တက္ကသိုလ်ဟာ ပြုံယမ်းမှာ ညီအစ်မ တက္ကသိုလ်ရှိပါတယ်။မြောက်ကိုရီးယားအစိုးရဟာ အရင်ကလည်း တရားဝင်သံတမန် ဆက်ဆံရေးမရှိတဲ့ အမေရိကန် ပြည်ထောင်စုကအဆင့်မြင့် ပုဂ္ဂိုလ်တွေ နိုင်ငံကိုလာရောက်စေဖို့အတွက် အမေရိကန်နိုင်ငံသားတွေကိုထိန်းသိမ်းတဲ့နည်းလမ်းတွေ ကို အသုံးပြုခဲ့ပါတယ်။
မြောက်ကိုရီးယားအစိုးရဟာ သည့်အရင်အမေရိကန်နိုင်ငံသား နှစ်ဦးကို ထိန်းသိမ်းထားခဲ့ပြီးဖြစ်ပါတယ်။ အသက် ၂၂ နှစ်အရွယ် ကျောင်းသား အော့တိုဝမ်းဘီးယားကို ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလက ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး မြောက်ကို ရီးယားတရားရုံးက သူ့ကိုဝါဒဖြန့်စာတန်းကို ခိုးယူဖို့ကြိုးပမ်းမှုနဲ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၅ နှစ်ချမှတ်ခဲ့ပါတယ်။
၂၀၁၆ ခုနှစ် မတ်လမှာတော့ အသက် ၆၂ နှစ်အရွယ် ကိုရီးယားနွယ်ဖွားအမေရိ ကန်လူမျိုးတစ်ဦးကို အဖျက်အမှောင့်လုပ် ရပ်လုပ်ဆောင်မှုနဲ့ အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခဲ့ပါတယ်။၂၀၁၂ ခုနှစ်ကတော့ အမေရိကန် သာသနာပြုအဖွဲ့က ကန်းနက်ဘေးကို ထိန်းသိမ်းခဲ့ပြီး နိုင်ငံတော်ပုန်ကန်မှုနဲ့ အလုပ် ကြမ်းနဲ့ ထောင်ဒဏ် ၁၅ နှစ်ချမှတ်ခဲ့ပါတယ်။ နှစ်နှစ်အကြာမှာတော့ သူ့ကိုလွှတ်ပေးခဲ့ပါတယ်။