4/23/2017

မြန်မာ့မီးရထားရဲရဲ့ အကျင့်ပြက် ခြစားမှု ရုပ်သံ လူမှုကွန်ယက်ပေါ် ရေပန်းစားနေ


ခရီးသည်တွေထံမှလက်မှတ်ပါပါရဲ့ခုံနေရာခထပ်မံတောင်းနေသော နေပြည်တော်-ပြည်ရထားပေါ်မှမီးရထားရဲ ဒုတပ်ကြပ် မိုးဇော်၏ video fileလေးပါ။ ( အောက်ဆုံးတွင် ဗီဒီယိုဖိုင်တွဲတင်ပေးထားပါသည် )




နေပြည်တော်နဲ့ ပြည် မီးရထားပေါ်မှ ဖြစ်ပြက်ခဲ့တဲ့ အဖြစ်ပြက်လေး တစ်ခုဖြစ်ပါတယ်။ ခရီးသည်တွေထံမှ မီးရထားလက် မှတ်ပါရှိပါလျှက် ခုံနေရာခ ထပ်မံ၍ တောင်းခံနေသော မီးရထားရဲ ဒုတပ်ကြပ်မိုးဇော် ရဲ့ အကြောင်းပါ။


မြန်မာမီးရထားရဲတွေ တော်တော်လေးကို အကျင့်ပြက် ချစားမှု ဖြစ်နေပါပြီ။ မီးရထားရဲ ဒုတပ်ကြပ်မိုးဇော်ဟာ ဗီဒီယိုတွင် ကြည့်ရသည့် မှတ်ချက်အရ သူသည် သောက်စားထားပြီး မူးနေပုံရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်လေ မူးနေသည်ဆိုလဲ ခရီး သည်တွေအပေါ် မရစ်သင့်ပါဘူး ကိုယ့်အိပ့်ရာနေရာမှာ အေးဆေး အိပ်နေသင့်ပါတယ်။



အခုတော့ လူပြောစရာတွေ ဖြစ်ကုန်ပြီပေါ့ မြန်မာ့မီးရထားရဲက အကျင့်ပြက် ချစားတယ်ဆိုပြီး ယနေ့ မြန်မာ့ လူမှုကွန်ယ က်ပေါ်တွင် ရေပန်းစားလာခဲ့သော သတင်း တရပ်ဖြစ်ပါတယ်။



အရင်းအမြစ်: Naing Soe
Credit to MCNews