4/27/2017
တကယ်မချစ်လို့ လက်ထပ်ခဲ့သော်လည်း အိမ်ထောင်ရေး တည်တံ့အောင်
၁။ ချစ်တိုင်းလည်း မငြား ငြားတိုင်းလည်း မချစ်
အလွန်ပင် ချစ်ကြတဲ့ စုံတွဲ ၁၀ တွဲမှာ ၂ ယောက်လောက်သာ ပေါင်းဖက်နိုင်ကြမယ်လို့ မြင်ပါတယ်။ ဒါကြောင့် မိမိတို့ အိမ်ထောင်ရေးဟာ ချစ်တိုင်းလည်း မငြား ငြားတိုင်းလည်း မချစ်ဆိုတဲ့ စာသားလေးနဲ့ ကိုက်ညီနေချင်လည်း ကိုက်ညီနေမှာပေါ့နော်။ ဆိုလိုချင်တာက လောကမှာ ချစ်တဲ့ သူတိုင်း မငြားသော်လည်း ငြားတဲ့သူကိုပဲ အဆင်ပြေအောင် ပေါင်းဖက်နေကြတာတွေ ရှိပါတယ်။ ထိုသူတွေ အတွက် အဓိက ရည်ညွှန်းချင်ပါတယ်။
၂။ တကယ်မချစ်လို့ လက်ထပ်မိသော်လည်း
လူတိုင်း လူတိုင်းမှာ အချစ်ဆိုတာ ကြုံတွေ့ဖူးကြတယ်။ ဒါကြောင့် အိမ်ထောင်ဖက် ရွှေးချယ်တဲ့ အခါမှာတော့ မိမိနဲ့ အဆင်ပြေဆုံး ဖြစ်မယ်ထင်တဲ့ သူကို ရွှေးချယ်လိုက်ကြတယ်။ အချစ်ဆိုတာလည်း တစ်ချို့က ပါတယ် တစ်ချို့က အချစ်ဆိုတာ မပါဘဲ ရွေးချယ်လိုက်ကြပါတယ်။ တကယ်မချစ်လို့ လက်ထပ်မိသော်လည်း စိတ်ဓာတ်ကြစရာ မလိုဘဲ အိမ်ထောင်ရေးကို တည်တံ့အောင် ဦးနှောက်နဲ့ ရှေ့ဆက်နိုင်ပါတယ်။
၃။ အချစ်ဆိုတာ ဘယ်လောက် ခွန်အားကြီးကြီး နားလည်မှုနဲ့ ဒွန်တွဲစေလိုတယ်
အိမ်ထောင်တစ်ခုကို စတည်ပြီ ဆိုတာနဲ့ အချစ်ဆိုတာ ဘယ်လောက်ခွန်အားတွေ ကြီးနေပါစေ နားလည်မှုလေးတွေလည်း ပါမှ တည်တံ့လိမ့်မယ်။ တကယ်မချစ်မိသော်လည်း လက်ထပ်မိတဲ့ အခါမှာ အမြဲ နားလည်မှုလေးကို လက်ကိုင်ထားရင် တည်တံ့မယ်လို့ မျှော်လင့်မိပါတယ်။
၎။ ဦးစားပေး ဂရုဏာလေးနဲ့ ဆက်ဆံ
မချစ် မနှစ်သက်တဲ့ သူနဲ့ ပေါင်းဖက်ရင် တစ်ချို့ကတော့ ဝဠ်ကြွေးလို့ မှတ်ယူကြတယ်။ ဒါပေမယ့် ချစ်လျှက်နဲ့ အနစ်နာခံရင်လည်း ပေးဆပ်မှု ဝဠ်ကြွေးပဲ မဟုတ်လား။ အိမ်ထောင်တစ်ခုဟာ ဇာတ်လမ်းတစ်ပုဒ်ဆိုရင် မိမိကြရာ ဇာတ်ဝင်ခမ်းမှာ အဆင်ပြေအောင် သရုပ်ဆောင်စေလိုပါတယ်။ နောက်ပြန် ဆုတ်လို့ မရဘူး ဆိုပေမယ့် ရှေ့လျောက် အကောင်းတွေ ဖြစ်လာအောင်တော့ လုပ်လို့ ရပါတယ်နော်။
၅။ မိမိစိတ်ကို ဂရုစိုက်
သူများတွေ အိမ်ထောင်ရေးကို အရမ်းအားကျပြီး မိမိအိမ်ထောင်ဘက် အပေါ် အားမလို အားမရ မဖြစ်စေနဲ့နော်။ မိမိ အိမ်ထောင်ဘက်ကို မိမိမှ အားမရရင် ဘယ်သူက အားရ ကျေနပ်မှာပဲလေ။ ဒါကြောင့် မိမိစိတ်ကို ဂရုစိုက်ပါ။ မိမိအိမ်ထောင်ဘက်ကို ပြုပြင်ပြောင်းလဲ နိုင်တဲ့ သူသာ တကယ့် အိမ်ထောင်ဘက်ကောင်းပါလို့ ဆိုပါရစေ။
ကျော်လင်းနိုင်(ပစ်တိုင်းထောင်)
www.pyittinehtaung.com
