4/01/2017

ဘီလီလမင်းအေးကတော့ ရုပ်ရှင်မရိုက်ဘူးလို့ ပြန်လည်ငြင်းဆို လိုက် ပါတယ်


ကျွမ်းကျင်တဲ့ ပညာရပ်မဟုတ်ဘူးလို့ သူမက ဆိုပါတယ်။
pla
Myanmar Idol Season 2 ရဲ့ First Runner Up ဆုရှင် ဘီလီလမင်းအေးကတော့ ရုပ်ရှင်မရိုက်ဘူးလို့ ပြန်လည်ငြင်းဆို လိုက် ပါတယ်။ ဒီရက်ပိုင်းမှာ သူမသရုပ်ဆောင်လုပ်တော့မယ်ဆိုတဲ့ သတင်းတွေနဲ့ "လမ်းကြောင်း" ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်တော့မယ်ဆိုတဲ့ သတင်းတွေကတော့ လူမှုကွန်ယက်ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ အတော်လေးကို ပြန့်နေတာပါ။
အဲ့ဒီသတင်းတွေကြောင့် သူမကိုယ်တိုင်က ရုပ်ရှင်မရိုက်တော့ဘူးလို့ ပြန်လည်ဖြေရှင်းလိုက်တာ ထင်ပါတယ်။ ရုပ်ရှင်မရိုက်တာကလည်း သူမကျွမ်းကျင်တဲ့ နယ်ပယ်မဟုတ်တဲ့အတွက်ကြောင့် ဖြစ်တယ်လို့ Billy-Phoo Phoo Page ကနေ ယခုလို ပြောပြထားပါတယ်။
              play

"အားလုံး မင်္ဂလာပါရှင့်။ ကျန်းမာ ချမ်းသာကြပါစေလို့ ပထမဦးစွာဖူး ဆုတောင်းပေးပါတယ် ။ဖူးရဲ့ပရိတ်သတ်ကြီးကို ဖူး အသိပေးစရာလေး ရှိပါတယ် " ဖူး ရုပ်ရှင်မရိုက်ပါဘူးရှင့် " ဘာကြောင့်လဲဆိုတော့ ဖူးရွေးချယ်ထားတဲ့ လမ်းကြောင်း မဟုတ်တဲ့အပြင် ဖူးတက်ကျွမ်းတဲ့ပညာရပ် မဟုတ်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ ဖူးကိုအားပေးတဲ့ ချစ်တဲ့ ပရိတ်သတ်ကြီးလည်း Billy-Phoo Phoo Page ကနေ အသိပေးသွားမှာပါရှင့်။ " လို့ သူမက ပြောပြထားပါတယ်။

လက်ရှိမှာလည်း သူမက ဂီတနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ချပြနိုင်အောင် ကြိုးစားနေတယ်လို့ သူမက ပြောပြထားပါသေးတယ်။
Photo : ဘီလီလမင်းအေး ဖေ့စ်ဘွတ်
http://www.duwun.com.mm