4/26/2017

တိုက်အမြင့် ဝရန်တာတခုပေါ်မှ ခုန်ချသတ်သေတော့မည့် အမျိုးသမီးအား မီးသတ်သမားတစ်ဦးက အသက်စွန့်ပြီးကယ်ခဲ့


 ကိုရီးယားနိုင်ငံတွင် အမျိုးသမီးတစ်ဦး တိုက်အမြင့် လသာဆောင် ဝရန်တာမှတဆင့် ခုန်ချသတ်သေလု ဖြစ်နေသည်ကို မီးသတ်သမား တစ်ဦးက အပေါ်ထက်ရှိ ဝရန်တာမှ တဆင့် အောက်ထပ် ဝရန်တာသို့ ဆင်းကာ ခြေထောက်နဲ့ ကန်ကျောက်၍ ကယ်ဆယ်ခဲ့ရသည့် ဖြစ်ရပ် တခု ဖြစ်ပွားခဲ့ပါတယ်။

 စိတ်လှုပ်ရှားစရာ ရင်သတ်ရှုမောဖွယ် ကယ်ဆယ်ခဲ့ရသည့် ဖြစ်ရပ်တခုပါ။ ယင်းဖြစ်ရပ်ကို တဖက် တိုက်ပေါ်ကနေတဆင့် ဗီဒီယိုရိုက်ကူးထားရှိခဲ့ပြီး လူမှုကွန်ယက်များပေါ် တင်ခဲ့ရာမှ ကြည့်ရှုသူပေါင်း 3.5 ဘီလီယံ ရှိခဲ့ပြီး လူသိများ ရေပန်းစား ဝေဖန်မှုများစွာ ရရှိခဲ့ခြင်း ဖြစ်ပါတယ်။

 အဆိုပါ အမျိုးသမီးသည် မိမိကိုယ်ကို မိမိ တိုက်အမြင့်ပေါ်ကတဆင့် ခုန်ချပြီး သတ်သေဖို့ရန် ကြံစည်နေသည်ကို မီးသတ်တပ်ဖွဲ့က ယင်း တိုက်ပေါ်မှာ မီးသတ်လေ့ကျင့်ရေးများ ပြုလုပ်နေစဉ် ခုန်ချသတ်သေတော့မည့် အမျိုးသမီးအား မီးသတ်သမားတစ်ဦးက မြင်တွေ့ခဲ့ပြီး ကယ်ဆယ်ခဲ့ခြင်း ဖြစ်ပါတယ်လို့ မီဒီယာများက ရေးသားဖော်ပြခဲ့ကြပါတယ်။ အမျိုးသမီးကို မီးသတ်သမားက ကယ်ဆယ်ခဲ့ရတဲ့ ဗီဒီယိုဖိုင်ကိုတော့ အောက်တွင် ကြည့်ရှုနိုင်ပါတယ်။

Credit :MCNews
အရင်းအမြစ်: siamnews