4/25/2017

တရုတ်နိုင်ငံက မိန်းကလေးချစ်သူ သုံးယောက်အထိ တပြိုင်တည်း ထားခွင့်ရှိတဲ့မြို့



တရုတ်နိုင်ငံရဲ့ စက်မှုမြို့တော်ကြီးတစ်ခုဖြစ်တဲ့ ဒေါင်ဂွန်းမြို့တော်ဟာ ဂွမ်ဒေါင်ပြည်နယ်အတွင်းမှာ တည်ရှိပါတယ်။ အဲဒီမြို့မှာ အမျိုးသမီးနဲ့ အမျိုးသား အချိုးဟာ 100(မ):89 (ကျား) ဖြစ်လို့ ဒေသဆိုင်ရာအမိန့်ခွင့်ပြုချုက်တစ်ခု ထူးထူး
ဆန်းဆန်း ထွက်ပေါ်ခဲ့ပါတယ်။


ဒါကတော့ ဒေါင်ဂွန်းအခြေစိုက် အရွယ်ရောက်ပြီး အမျိုးသားတစ်ယောက်ဟာ တစ်ပြိုင်တည်း ရည်စားသုံးယောက်အထိ ထားခွင့်ရှိခြင်း ဖြစ်ပါတယ်။ အမှန်တော့ ကျားမအချိုးအစား မညီမျှမှုဟာ ဒေါင်ဂွန်းတစ်မြို့တည်းတော့ မဟုတ်ပေမယ့် ဒီထူးဆန်းတဲ့ အမိန့်ဟာ ဒီတစ်မြို့တည်းသာ ရှိတယ်လို့ သိရပါတယ်။


ဒါကြောင့် ဒေါင်ဂွန်းမြို့ကို အချို့က “လိင်မြို့တော်”လို့တောင် အမနာပ ဝေဖန်နေကြပါတယ်။ မည်သို့ပင် ဝေဖန်ပါစေ အခုအခါမှာတော့ မြို့နေအမျိုးသားတွေမှာ တရားဝင်ရည်းစား 3 ယောက်အထိ ပိုင်ဆိုင်ခွင့်ရနေကြပါပြီ။ မြို့တော်ဝန်း
ကျင်မှာ အမျိုးသားတစ်ယောက်နဲ့ အမျိုးသမီး သုံးယောက် တွဲသွားတွဲလာလုပ်တဲ့ကိစ္စဟာ ဒေါင်ဂွန်းမှာတော့ မထူးဆန်း
တော့ပါဘူး။



ဒီကိစ္စနဲ့ပတ်သက်ပြီး မြို့ခံစက်ရုံလုပ်သားတစ်ယောက်ဖြစ်တဲ့ Li Bin က ” ကျနော့်မှာ ချစ်သူ သုံးယောက်ရှိပါတယ် … သူတို့အချင်းချင်းကတော့ တစ်ယောက်အကြောင်း တစ်ယောက်သိနေကြပါပြီ … ကျနော့်သူငယ်ချင်းတွေ တော်တော်များ များမှာလည်း ကျနော့်လိုပဲ ရည်းစားတွေ အများကြီး ရှိပါတယ် “လို့ ဖွင့်ဟခဲ့ပါတယ်။




အမည်မဖော်လိုသူ မြို့ခံတစ်ယောက်ကလည်း ” ခင်ဗျားကသာ ဒီမြို့မှာနေရင် ခင်ဗျားမှာ ချစ်သူတစ်ယောက်တည်း ပိုင်ဆိုင်တယ်ဆိုတဲ့ ကိစ္စဟာ ဒီမှာတော့ ရယ်စရာအကောင်းဆုံး ပျက်လုံးပါဘဲ “လို့ ပြောခဲ့ပါတယ်။ Yi ဆိုတဲ့ အမျိုးသားက တော့ မိန်းမလိုချင်လို့ ဒေါင်ဂွန်းမြို့ကို ပြောင်းရွှေ့ခဲ့တာလို့ ၀န်ခံခဲ့ပါတယ်။



Yi က ” ပြည်မကြီးမှာဆိုရင် မိန်းမတစ်ယောက် ရဖို့ ယွမ် 3 သောင်းလောက် အကုန်အကျခံရတယ်လေ … ဒီမှာတော့ မိန်းမတွေ သိပ်ပေါတယ် … သူတို့က ပိုက်ဆံမလိုဘူး … ယောက်ျားပဲလိုတာ ” လို့ ဖွင့်ဟခဲ့ပါတယ်။ Yi မှာလည်း လက်ရှိအချိန်မှာ အခြားအမျိုးသားတွေလို ရည်းစားမိန်းကလေး 3 ယောက် ရှိတယ်လို့ သိရပါတယ်။

နတ်စည်တော် (Shwemom)
 "www.shwemom.com  မှ ကူးယူဖော်ပြသည်။"