4/25/2017

ချစ်တင်းနှောနေစဉ်ချစ်သူကစိတ်ပြောင်းသွားလို့ အ၀တ်ဗလာနဲ့နှင်ထုတ်ခံခဲ့ရသူ


ရုရှနိုင်ငံ Irkutsk မြို့ရဲ့ ဆောင်းရာသီ မနက်ခင်းပိုင်း စောစောကြီးမှာ လူတစ်ယောက်ဟာ အ၀တ်ဗလာနဲ့ လမ်းလျှောက်
နေတာကို လမ်းသွာလမ်းလာတွေက တွေ့ရှိခဲ့ပါတယ်။ သူဟာ လက်ကနေ အရှက်ကို အနိုင်နိုင်ကာကွယ်ထားရပါတယ်။သူ့ကို ရပ်ကြည့်နေကြတဲ့ သူတွေမှာတော့ အနွေးထည်ကိုယ်စီရှိနေပေမယ့် သူကတော့ ရေခဲမှတ်အောက်အထိ အေးခဲလှတဲ့ ရုရှဆောင်းရာသီဒဏ်ကို ခိုက်ခိုက်တုန်အောင် ခံစားနေရပါတယ်။ အဲဒီအချိန်မှာပဲ ရဲတပ်ဖွဲ့ဝင်တွေရဲ့ ကားကို တွေ့ပြီး ” ကျနော့်ကို ကူညီပါဗျာ … ကျနော် သိပ်အေးနေပါတယ် … ခြေထောက်တွေတောင် ပါလို့ ပါမှန်း မသိတော့ပါဘူး”လို့ အကူအညီတောင်းခံပါတယ်။

ရဲတပ်ဖွဲ့ဝင်တွေထဲက တစ်ယောက်က ” ကားထဲကို ၀င်လိုက်ပါ … ခင်ဗျား နွေးသွားပါလိမ့်မယ် “လို့ ပြောခဲ့ပါတယ်။ ရဲအရာရှိတစ်ယောက်က ဒီအဖြစ်အပျက်ကို ဖုန်းနဲ့ မှတ်တမ်းတင်ထားတာပါ။ ကားထဲကို ရောက်တဲ့အခါမှာတော့ အဲဒီအမျိုးသားက သူရဲ့ အဖြစ်သနစ်ကို ရှင်းပြပါတယ်။

၎င်းက ” ကျွန်တော်က ဟိုးနားက မလှမ်းမကမ်းမှာရှိတဲ့ အဆောင်တစ်ခုမှာ ကောင်မလေးတစ်ယောက်နဲ့ ချစ်ကျွမ်းဝင်ခဲ့ပါတယ် … ကျွန်တော်တို့ ချစ်တင်းနှောလို့ တစ်ဝက်တစ်ပြတ် အရောက်မှာ ကောင်လေးက စိတ်ပြောင်းသွားပြီး ကျွန်တော့်ကို စိမ်းစိမ်းကားကား နှင်ထုတ်ခဲ့တာပါ “လို့ ရှင်းပြခဲ့ပါတယ်။

အဆိုပါ ကောင်မလေးမှာ ချစ်တင်းနှောနေရင်းတန်းလန်း တစ်ခုခုဖြစ်မှာကို ကြောက်စိတ်ဝင်သွားပြီး သူ့ကို နှင်ထုတ်ခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ အမျိုးသားရဲ့ အမည်နာမကို ဖော်ပြထားခြင်း မရှိပါဘူး။ ဒီနောက် ဘာတွေဆက်ဖြစ်သလဲဆိုတာကိုလည်း သတင်းစာတွေမှာ ဖော်ပြထားခြင်း မရှိပါဘူး။

လင်းဇော်ကို (Shwemom)
www.shwemom.com  မှ ကူးယူဖော်ပြသည်။