4/25/2017
ကမ္ဘာပေါ်မှာအရက်စက်ဆုံး မုဒိမ်းမှု (ဖတ်ကြည့်)
ပြန်ပေးဆွဲခံရပြီး မုဒိမ်းကျင့်ခံရတဲ့ ကောင်မလေးက Junko Furuta ဆိုတဲ့ ဂျပန်မိန်းကလေးတစ်ဦးပါ။
Day 1 : 22. 11. 1988
ပြန်ပေးဆွဲခံရပြီး အိမ်တစ်အိမ်ထဲမှာ ချုပ်နှောင်ခြင်းခံထားရပါတယ်။ ပတ်ဝန်းကျင်ကိုတော့ ပြစ်မှုကျူးလွန်သူကော င်လေးတွေထဲက တစ်ယောက်ရဲ့ ချစ်သူလို့ အသိပေးထားပါတယ်။
ပြန်ပေးဆွဲခံရတဲ့ ကာလတစ်လျှောက်လုံးမှာ အကြိမ် ၄၀၀ ခန့် မုဒိမ်းကျင့်ခံခဲ့ရပါတယ်။ ပထမနေ့မှာတင် သူမမိဘေ တွဆီဖုန်းဆက်ပြီး ကိုယ့်ဆန္ဒနဲ့ကိုယ်ထွက်ပြေးသွားကြောင်း ပြောဖို့ခြိမ်းခြောက်စေခိုင်းခြင်းခံခဲ့ရပါတယ်။
သူမကို အစာရေစာ အနည်းငယ်သာ ကျွေးမွေးခဲ့ပြီး အတင်းအကြပ် ပိုးဟပ်တွေစားခိုင်း၊ ကျင်ငယ်ရေတွေ သောက်ခိုင်းခဲ့ပါတယ်။ မိမိကိုယ်ကိုယ်တစ်ကိုယ်ရည်အာသာဖြေဖို့၊ ကိုယ်လုံးတီးနဲ့နေဖို့လည်း နှိပ်စက်စေခိုင်းခြင်းခံခဲ့ရပါတယ်။
ဆေးလိပ်မီးနဲ့တို့ခြင်း မိန်းမအင်္ဂါနဲ့ စအိုပေါက်အတွင်းကို ပြင်ပအရာဝတ္ထုများ (Foreign objects) များထိုးသွင်းခြင်း စတဲ့ နှိပ်စက်မှုတွေ ခံခဲ့ရပါတယ်။
Day 11 : 1. 12. 1988
အကြိမ်များစွာရိုက်နှက်ခံခဲ့ရတယ် ။မျက်နှာကို တမံတလင်းမှာ မှောက်ထားပြီး ခန္ဓာကိုယ်ပေါ်တက်ခုန်ခံရတယ်။
မျက်နှာကျက်မှာ လက်တွေကိုချည်နှောင်ထားပြီး လက်ဝှေ့သဲအိတ်တစ်အိတ်လို အထိုးခံခဲ့ရတယ် ။နှာခေါင်းအတွင်းမှာ သွေးတွေနဲ့ ခဲနေလို့ ပါးစပ်ကနေ အသက်ရှူခဲ့ရတယ်။
အလေးမတုံးတွေကို ဗိုက်ပေါ်ပစ်ချခြင်းခံခဲ့ရတယ် ။အစာအိမ်ထိခိုက်သွားတာကြောင့် ရေသောက်ရင်တောင် အစာအိမ်ကလက်မခံတော့ဘဲ ပြန်အန်ထွက်ခဲ့တယ်။
ထွက်ပြေးဖို့ကြိုးစားတိုင်း ဆေးလိပ်မီးနဲ့တို့ပြီး နှိပ်စက်ခံခဲ့ရတယ်။-ခြေထောက်တွေကို ဓာတ်ဆီလောင်းပြီး မီးရှို့နှိပ်စက်ခံရတယ်။ သူမရဲ့ စအိုထဲကို ပုလင်းတစ်လုံးထိုးသွင်းခဲ့တာကြောင့် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့တယ်။
Day 20 : – 10. 12. 1988
-ခြေထောက်ကမီးလောင်ဒဏ်ရာတွေကြောင့် ကောင်းကောင်း လမ်းမလျှောက်နိုင်တော့ဘူး။ ဝါးခြမ်းပြားနဲ့ ရိုက်နှက်ခြင်းခံထားရတယ်။
မီးရှူးပန်းတွေကို သူမရဲ့ စအိုမှာထည့်ပြီး မီးရှို့ပစ်ဖောက်ခံရတယ်။ လက်သည်းခွံတွေကို ဆွဲခွာပြီး လက်ချောင်းလေးတွေကို အလေးတုံးနဲ့ ထုချေထားခြင်းခံရတယ်။
ဂေါက်ရိုက်တံနဲ့ ရိုက်နှက်ခံရတယ် ။ စီးကရက်ကို မီးညှိပြီး မိန်းမကိုယ်ထဲထိုးသွင်းခံရတယ်။ ဆောင်းတွင်းအေးချမ်းတဲ့အချိန်မှာ ကိုယ်လုံးတီးအိပ်စက်ခိုင်းတယ်။
ကြက်သားကင်မှာပါတဲ့ တံစို့နဲ့ သူမရဲ့ စအိုနဲ့ မိန်းမကိုယ်ကို သွေးထွက်အောင် ထိုးသွင်းခြင်းခံရတယ်။
Day 30: – 20. 12. 1988
မျက်နှာအနှံ့ကို ဖယောင်းစက်တွေချပြီး နှိပ်စက်ခံခဲ့ရတယ်။ မျက်ခွံတွေဟာ စီးကရက်မီးဒဏ်ကြောင့် လောင်ကျွမ်းစုတ်ပြတ်ွားခဲ့တယ်။
ရင်သားတဝိုက်ကို အပ်တွေနဲ့ ထိုးဆွခြင်းခံထားရတယ် ။ ဘယ်ဘက်နို့သီးခေါင်းဟာ ပလာယာနဲ့ဆွဲညှပ်ခံရတဲ့ဒဏ်ကြောင့် ပျက်စီးပြီး ပြတ်ထွက်ခဲ့ပါတယ်။
ပူလောင်နေတဲ့ မီးသီးကို မိန်းမကိုယ်ထဲထိုးသွင်းခြင်းခံခဲ့ရတယ် ။ကတ်ကြေးတွေထိုးသွင်းခဲ့တာကြောင့် မိန်းမကိုယ်ကနေ သွေးတွေဒလဟောဆင်းခဲ့တယ်။
ဆီးကောင်းကောင်းမသွားနိုင်တော့ဘူး toilet ကို သွားဖို့တောင် တစ်နာရီလောက်ကြာအောင်တွားသွားရတဲ့အထိ သူမဒဏ်ရာတွေက ပြင်းထန်နာကျင်နေခဲ့ပါတယ်။
နားစည်တွေပျက်စီးပြီး ဦးနှောက်အရွယ်အစားလည်း အလွန်အမင်းကျုံ့သွားခဲ့ပါတယ်။
Day 40 – 30. 12. 1988
သူမကို အသေသတ်လိုက်ပါတော့လို့ ပြန်ပေးသမားတွေကို တောင်းပန်ခဲ့တယ်၊ ဒါပေမဲ့ သူမကို မသတ်ဘဲ ထပ်နှိပ်စက်ကြတယ်။ New year ကာလကိုလည်း တစ်ယောက်တည်း နာကျင်စွာဖြတ်သန်းခဲ့ရတယ်။
Day 44 – 4. 1. 1989
ပြန်ပေးသမားတွေက သူမရဲ့ ခန္ဓာကိုယ်ကို သံတုတ်တွေနဲ့ ရိုက်နှက်ကြတယ်။ ပါးစပ်နဲ့ နှာခေါင်းကနေ သွေးတွေအမျာြးီး ထွက်လာတယ်။
မျက်နှာနဲ့မျက်လုံးကို ဖယောင်းတိုင်မီးတွေနဲ့ ရှို့ကြတယ် ။တစ်ကိုယ်လုံးကို ဓာတ်ဆီလောင်းပြီး မီးရှို့လိုက်၊ ငြှိမ်းလိုက်လုပ်ကြတယ်။
ဒါဟာ Junko အတွက်တော့ နောက်ဆုံးနှိပ်စက်ခံရခြင်းပါ။ အဲဒီနေ့ ညနေပိုင်းလောက်မှာပဲ သေဆုံးသွားခဲ့ပါတယ်။
Junko ရဲ့ ၄၄ရက်တာ နာကျင်မှုတွေ၊ ကြောက်ရွံ့မှုတွေနဲ့ အဖြစ်အပျက်တွေဟာ အနှိုင်းမရှိ ဆိုးရွားလွန်းလှပါတယ်။
Junko ရဲ့မိခင်ဟာ သမီးဖြစ်သူရဲ့ နှိပ်စက်ခံရတဲ့ပုံစံတွေကို အသေးစိတ်သိသွားတဲ့အခါမှာ စိတ်ဖောက်ပြန်မလိုဖြစ်သွားပြီိးတ်ပညာရှင်နဲ့ ကုသခဲ့ရပါတယ်။
သူမကို နှိပ်စက်သတ်ဖြတ်တဲ့သူတွေက ဥပဒေရဲ့ဟာကွက်တွေကြောင့် ပြစ်ဒဏ်အနည်းငယ်သာ ကျခံရပြီး အခုအခိန်မှာ လွတ်မြောက်နေခဲ့ပါပြီ။
သူတို့တွေဟာ Junko ကို နှိပ်စက်ခဲ့တာထက် အဆပေါင်းများစွာ ပိုမိုနှိပ်စက်ခံသင့်တဲ့လူတွေပါ။ အပြစ်ကင်းတဲ့ မိန်းကလေးတစ်ယောက်ကို ရက်ရက်စက်စက်နှိပ်စက်ခဲ့သူတွေပဲ မဟုတ်လား။
ဒါဟာ 1989 ခုနှစ်က တကယ်ဖြစ်ခဲ့တဲ့ ဖြစ်ရပ်တစ်ခုပါ။ သူမရဲ့ ဝမ်းနည်းစရာဖြစ်ရပ်ကို လက်ဆင့်ကမ်းမျှဝေပေးကြပါ။
Junko ရဲ့ မတွေးဝံ့စရာကောင်းလောက်အောင် ကြောက်စရာကောင်းတဲ့ နှိပ်စက်ခံရမှု၊ နာကျင်ခံစားရမှုတွေကို လူအများသိရှိပြီး တရားမျှတမှုရအောင် ဝိုင်းဝန်းပူးပေါင်းပေးကြပါ။
ဒီအကြောင်းအရာလေးတွေကိုဖတ်ပြီး မိဘတွေအနေနဲ့ ကိုယ့်သမီးလေးတွေကို ပိုဂရုစိုက်တယ်၊ မိန်းကလေးများအနေနဲ့လည်း သွားလာနေထိုင်မှုမှာ ပိုသတိရှိလာမယ်၊ ကိုယ့်ကိုယ်ကို ကာကွယ်နိုင်လာတယ်ဆိုရင်ပဲ မျှဝေရကျိုးနပ်ပါတယ်။
မူရင်း – Funny Era Page
ဘာသာပြန်သူ – Khoon Honey Aeint