4/27/2017
ကိုရီးယားကျွန်းဆွယ်တွင် စစ်အင်အားဖြည့်တင်းနေစဉ်မှာပင် အမေရိကန်တို့ က နျူထိပ်ဖူးသယ်ဆောင်နိုင်သည့်တိုက်ချင်းပစ်ဒုံးပျံပစ်ခတ်ပြ
ကိုရီးယားကျွန်းဆွယ်တွင်တပ်ဖွဲ့ အင်အားဖြည့်တင်းခြင်း၊ဒေသတွင်းမဟာမိတ် ဂျပန်၊တောင်ကိုရီးယားရေတပ်၊မရိမ်းတပ်ဖွဲ့ များနှင့်ပူးတွဲစစ်ရေးလေ့ကျင့်မှုများပြုလုပ်နေစဉ်မှာပင် အမေရိကန်တို့ က နျူကလီယားထိပ်ဖူးအမှန်တကယ်သယ်ဆောင်တိုက်ခိုက်နိုင်သည့် တိုက်ချင်းပစ်ဒုံးပျံ ဆိုတာဘာလဲ ဆိုသည့်အနက်သက်ရောက်စေသည့်လုပ်ရပ်တစ်ခုအား မြောက်ကိုရီးယားတို့ အား ပြသခဲ့ပြန်ပါတယ်။
ယနေ့ မနက် (ဒေသအချိန်သန်းခေါင်ကျော် ၀၀း၀၃)တွင် အမေရိကန်ကာလီဖိုးနီးယားပြည်နယ် Vandenberg Air Force Base လေတပ်အခြေစိုက်စခန်းမှ လက်နက်ထိပ်ဖူးဖြုတ်ထားသော Minuteman-III ICBM (Intercontinental Ballistic Missile) မဟာဗျူဟာတိုက်ချင်းပစ်ဒုံးပျံအား မိုင်(၄၂၀၀)ဝေးကွာသော ပစိဖိတ်သမုဒ္ဒရာတွင်းရှိ မာရှယ်ကျွန်း Kwajalein Atoll အနီးသို့ ပစ်ခတ်ခဲ့တယ်လို့  အမေရိကန်လေတပ် ကမ္ဘာလုံးဆိုင်ရာစစ်ဆင်ရေးကွပ်ကဲမှုဌါနချုပ်မှပြောဆိုပါတယ်။ ယခုလိုပစ်ခတ်ခြင်းဟာ ရန်သူအပေါ် နျူကလီယားလက်နက်ဖြင့်တိုက်ခိုက်ဟန့် တားနိုင်သည့်(Nuclear Deterrent Capability) မိမိတို့ နိုင်ငံရဲ့ စွမ်းရည်၊ နျူလက်နက်စနစ်များရဲ့ လိုအပ်ပါကအဆင်သင့်ရှိမှု၊ထိရောက်မှုတို့ ကိုထပ်မံအတည်ပြုပြသတာဖြစ်တယ်လို့  လေတပ်ဗိုလ်မှူးကြီး Col. John Moss ကပြောဆိုပါတယ်။
အမေရိကန်နိုင်ငံဟာ ပြည်ပရှိအမေရိကန်တပ်ဖွဲ့ များအနက်အများဆုံး(စစ်သည်၃၉၀၀၀ ကျော်)ကို ယခုအခါ ဂျပန်နိုင်ငံတွင်တပ်ချထားပြီး တတိယအများဆုံးအနေဖြင့် တောင်ကိုရီးယားတွင်(စစ်သည်၂၃၅၀၀ခန့် )တပ်စွဲထားပါတယ်။ ဂျပန်တွင် လက်ရှိတပ်စွဲထားသောတပ်ဖွဲ့ ဝင်များတွင် မရိမ်းတပ်ဖွဲ့ အင်အားဟာ (၁၃၇၂၄ဦး)သုံးပုံတစ်ပုံအထိစေလွှတ်ထားပြီး အထူးလက်မရွှံ့ တပ်ဖွဲ့ မည်မျှအထိစေလွှတ်ထားတာကိုတော့ လျှို့ ဝှက်ထားပါတယ်။
Credit :MCNews
Source: Dr.Myo Tun




