4/01/2017
ချစ်သူကောင်မလေးကို ထွက်ပြေးစေတဲ့ ယောက်ျားလေးတို့ရဲ့ အမှတ်တမဲ့ အပြုအမူများ
အချစ်တွေ့တယ်ဆိုတာ တစ်ဦးစိတ်ခံစားချက်ကို နောက်တစ်ဦး ဖြေရှင်းပေးခြင်းဖြစ်သလို အချင်းချင်း စိတ်ကျေနပ်မှု အစဉ်ရရှိစေခြင်းလည်း ဖြစ်ပါတယ်။ အချစ်ရေးဆက်ဆံမှုမှာ လူတချို့က ဒီမရှိမဖြစ်လိုအပ်ချက်ကို လျစ်လျူရှူပြီး လက်တွဲဖော်အတွက် မစဉ်းစားဘဲ သူတို့အတွက်သာ စဉ်းစားတတ်ကြပါတယ်။ ယောက်ျားလေးနဲ့ မိန်းကလေးနှစ်ယောက်စလုံး သူတို့ချစ်သူရဲ့ စိတ်ခံစားချက်တွေကို ဥပေက္ခာပြုတာချင်း တူပေမယ့်လို့ ပိုခံစားတတ်တာ မိန်းကလေးတွေ ဖြစ်ပါတယ်။ ယောက်ျားလေးတွေအနေနဲ့ တမင်ရည်ရွယ်လုပ်တာမျိုး မဟုတ်ပေမယ့် ချစ်သူကို ထွက်ပြေးစေတဲ့ ဒီအချက်တချို့ ပြုလုပ်မိတတ်ကြပါတယ်။
၁။ မက်ဆေ့ခ်ျမပြန်ခြင်း
သူမ သင့်ကို ချစ်လို့ မကြာခဏမက်ဆေ့ခ်ျ ပေးပို့နေတာဖြစ်ပါတယ်။ သင်က သူမဘက်က ပေးပို့တဲ့ မက်ဆေ့ခ်ျတွေ မပြန်တဲ့အခါ သူမ စိတ်ထိခိုက်ခံစားရပါတယ်။
၂။ နေ့စွဲတွေ သတိမမူမိခြင်း
အမျိုးသမီးတွေ ချီးမွမ်းပြောဆိုမှုကို မြတ်နိုးကြပါတယ်။ ဒါ့ကြောင့် သူတို့ သင်နဲ့အတူ ဖြတ်သန်းခဲ့တဲ့နေ့ရက်တွေ ပြန်လည်အမှတ်ရနေတတ်ပါတယ်။ အဲဒီနေ့ရက်တွေ တစ်ခုချင်းစီ ပြန်လည်သတိရ၊ သူတို့ကို တက်ကြွအောင် လှုံ့ဆော်ပြီး ချီးကျူးစကားဆိုဖို့ ယောက်ျားလေးဘက်မှာ တာဝန်ရှိပါတယ်။
၃။ သူစိမ်းတွေနဲ့ အပျော်ပေါင်းသင်းခြင်း
အပျော်ရည်းစားထားတာ လွယ်တယ်လို့ ထင်ကောင်း ထင်မိပါလိမ့်မယ်။ ဒါပေမယ့် အဲဒါက သင့်ကောင်မလေးအတွက် တကယ်ရှက်ရစေနိုင်ပါတယ်။ ဘယ်မိန်းကလေးမှ သူတို့လက်တွဲဖော်ကို တခြားမိန်းကလေးတွေနဲ့ စကားလက်ဆုံပြောတာ မလိုလားကြပါဘူး။
၎။ လိမ်ညာပြောဆိုခြင်း
မုသား ကြီးတာ၊ သေးတာ အသာထား မုသားအတွက် ဘယ်အချစ်ရေးဆက်ဆံမှုမှာမှ နေရာမရှိပါဘူး။ သူမကို အထင်အမြင်မှား အောင်လုပ်လေ၊ သူတို့အမှန်ကိုသိလာတစ်ချိန် အန္တရာယ်ပိုများလေ ဖြစ်ပါတယ်။
၅။ ပေါ့ပေါ့တန်တန်သဘောထားခြင်း
အပေါ်ကပြောခဲ့တဲ့ သူမမွေးနေ့ကို သတိမရခြင်း၊ မက်ဆေ့ခ်ျမပြန်ခြင်းတို့က သင့်ဘဝမှာ သူမကို ပေါ့ပေါ့တန်တန်သဘောမှုကို ညွန်းဆိုတဲ့အရာတွေ ဖြစ်ပါတယ်။
Credit :Trend Myanmar
