အသက် ၁၈နှစ် အရွယ်ကျောင်းသူတစ်ယောက်ဟာ ၈လက်မ အရှည်ရှိတဲ့ ဇွန်းကိုမျိုချမိခဲ့တာကြောင့် ဖယ်ထုတ်ပေးခဲ့ရတယ်လို့ တရုတ်နိုင်ငံ ဆေးရုံတစ်ခုက ဆရာဝန်က ဆိုပါတယ်။ မတော်တဆမျိုချမိခဲ့တာဖြစ်ပြီး ဇွန်းဟာ အစာအိမ်ထဲကို ရောက်ရှိသွားခဲ့ရပါတယ်။
ဒီဖြစ်ရပ်ဟာ တရုတ်နိုင်ငံ Yiwu မြို့က ဆေးရုံတစ်ရုံမှာဖြစ်ပြီး ဆရာဝန်တွေဟာ ဆယ်ကျော်သက်ရဲ့ အစာအိမ်ထဲမှာရောက်ရှိနေတဲ့ဇွန်းကို X-ray ရိုက်ပြခဲ့တာဖြစ်ပါတယ်။ နှစ်နာရီခွဲစိတ်မှုအပြီးမှာ ဇွန်းကို အောင်မြင်စွာ ဖယ်ထုတ်နိုင်ခဲ့ပါတယ်။
ဒါပေမယ့် ဒီကျောင်းသူဟာ ဇွန်းကို မျိုချမိမိခြင်း ဆေးရုံကို မလာခဲ့ပါဘူး။ အကြောင်းကတော့ စာမေးပွဲရှိနေသေးလို့ဖြစ်ပြီး ၃ရက်ကြာမှ ဆေးရုံကို ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ ဆေးရုံမလာမီအတောအတွင်း ကံကောင်းထောက်မငစွာနဲ့ ဘာမှမဖြစ်ခဲ့ဘူးလို့ ကျောင်းသူက ဆိုပါတယ်။
Credit-Ayesay.com.mm
