3/30/2017

အွန်လိုင်းမှာ နာမည်ကြီးနေတဲ့ လမ်းဘေးဈေးသည်လေး



မလေးရှားနိုင်ငံက လမ်းဘေးဈေးသည်လေးဟာ ချစ်စရာကောင်းပြီး လှပတဲ့ ရုပ်ရည်ကြောင့် အွန်လိုင်းမှာ နာမည်ကြီးနေပါတယ်။မမျှော်လင့်ပဲ သူမရဲ့ ဓါတ်ပုံတွေ လိုင်းပေါ်ရောက်သွားပြီး တစ်ညအတွင်းမှာပဲ ချက်ချင်းနာမည်ကြီး သွားပြီး လူအများရဲ့ အာရုံစိုက်မှုကို ခံခဲ့ရတာပါ။
သူမကို မြင်လိုက်ရင်တော့ ဒါမော်ဒယ်လား၊ ဒါမှမဟုတ်နာမည်ကြီး ဆယ်လီ လားလို့ မေးရတဲ့ အထိ ချစ်စရာကောင်းသူလေးပါ။
သူမရဲ့ နာမည်ကိုတော့ မသိရပေမယ့် မလေးရှားဈေးတစ်ခုမှာ မုန့်ရောင်းနေတဲ့ သူမရဲ့ ဓါတ်ပုံတွေ ကတော့ အွန်လိုင်းမှာ အတော်လေးနာမည်ကြီးနေပါတယ်။
ဓါတ်ပုံဆရာတစ်ယောက်က ဈေးထဲကို ဖြတ်သွားစဉ် သူမကို တွေ့လိုက်တော့ ဓါတ်ပုံရိုက်ပြီး fb ပေါ်တင်လိုက်ရာကနေ အခုလိုနာမည်ကြီးသွားခဲ့တာပါ။ ချစ်စရာကောင်းတဲ့ မျက်နှာပိုင်ရှင် ဈေးသည်မလေးက အင်တာနက်အသုံးပြု သူတွေကို စွဲဆောင်နိုင်ခဲ့ပါတယ်။