9/20/2016
ကိုယ်တည်းမယ့် ဟိုတယ်အခန်းအတွင်း လျှို့ဝှက်ကင်မရာ တပ်ထားသလားဆိုတာ စစ်ဆေးချင်တယ်ဆိုရင်
အပျော်ခရီးသွားလို့ တည်းတာပဲဖြစ်ဖြစ်၊ စီးပွားရေးကိစ္စတစ်ခုခုကြောင့် ခရီးသွားရလို့ ဟိုတယ်မှာ တည်းဖို့ ဆုံးဖြတ်လိုက်ပြီဆိုရင် ဟိုတယ်အခန်းထဲ ရောက်ရောက်ချင်း ပင်အပ်ပေါက်လောက်အရွယ် ကင်မရာ တပ်မတပ် သိထားရအောင် လုပ်ဆောင်သင့်ပါတယ်။ မဟုတ်ရင် တစ်ချို့ဟိုတယ်တွေရဲ့ လျှို့ဝှက်ကင်မရာတွေကြောင့် ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ ထွက်လာတဲ့အထိကို ဖြစ်လာကြတာ အားလုံးအသိပါ။ အဲ့ဒီလို သတိလက်လွတ် ဓာတ်ပုံ အရိုက်မခံရလေအောင် အခန်းထဲလျို့ဝှက်ကင်မရာ ဘယ်လိုရှာရမလဲဆိုတဲ့ နည်းပေးချင်ပါတယ်။
မိမိအခန်း စစ်ဆေးဖို့ ဒီလွယ်ကူတဲ့ နည်းစနစ်အတိုင်း လိုက်နာ ဆောင်ရွက်ပါ။ ပထမဆုံး အခန်းထဲ ဝင်လိုက်ပြီဆိုတာနဲ့ မီးတွေ ပိတ်ချလိုက်ပါ။ ကန့်လန့်ကာ (ခန်းဆီး)တွေ အကုန် ပိတ်၊ မိမိဖုန်းကင်မရာကို ဖွင့်လိုက်ပါ။ ဒါပေမယ့် flash မီးကို on လုပ်မထားပါနဲ့။ မိမိဖုန်းနဲ့အတူ အခန်းကို တစ်ပတ်လှည့်လိုက်ပါ။ အနီစက်လေး တစ်ခုခုတွေ့ရင် အဲဒါ လျို့ဝှက်မရာ တစ်ခုခု တပ်ထားတဲ့ သဘောဖြစ်ပါတယ်။ အနီအစက်အပျောက်လေးတွေ မတွေ့ရှိပါက အခန်းက အိုကေနေပါတယ်။
Credit:Trend Myanmar
