9/17/2016

အပြေးလေ့ကျင့်ခန်းပြုလုပ်ခြင်းက ဥာဏ်ရည်ပိုထက်မြက်စေ



အပြေးလေ့ကျင့်ခန်းလုပ်ခြင်းက ခါးအတွက်ကောင်းတာ သံသယဖြစ်စရာမရှိပါဘူး။ သိပ္ပံပညာရပ်ဆိုင်ရာ ဂျာနယ် Cell Metabolism မှာ မကြာသေးမီက ဖော်ပြထားတဲ့ လေ့လာမှုတစ်ခုအရ အပြေးလေ့ကျင့်ခန်းက ဦးနှောက်လုပ်ဆောင်ချက်နဲ့ အချက်အလက်ထိန်းသိမ်းနိုင်မှု ပိုမိုကောင်းမွန်စေတယ်လို့ သိရပါတယ်။

ပြေးတဲ့အခါ ကြွက်သားတွေ ကျုံ့ပြီး ခန္ဓာကိုယ်အတွင်း လည်ပတ်နေတဲ့သွေးထဲသို့  ပရိုတိန်းဓာတ်တွေအပါအဝင် အကုန်လုံးကို ပို့လွှတ်ပါတယ်။ နောက်ဆုံးမှာ ပရိုတိန်းဓာတ်တချို့က ဦးနှောက်ဆီ ရောက်သွားကြပါတယ်။ အထူးသဖြင့် Cathepsin B လို့ခေါ်တဲ့ ပိုတိန်းဓာတ်က ပြေးတဲ့အခါ မြင့်တက်ပါတယ်။ သူက ကြွက်သားတွေ ပြန်နလန်ထူစေရုံမက ဦးနှောက်မှတ်ဥာဏ်နဲ့ လေ့လာသင်ယူမှုကိုလည်း လျင်မြန်သွက်လက်စေတာမို့ ထိပ်တန်းပရိုတိန်းဓာတ်တစ်ခုကဲ့သို့ ဖြစ်ပါတယ်။

သုတေသီတွေရဲ့ အဆိုအရ ပြေးနိုင်လေ၊ cathepsin B ပိုထုတ်လုပ်လေ လို့ သိရပါတယ်။ ၉-၁၀ မိနစ်အတွင်း ၁ မိုင်လောက် မပြေးနိုင်ရင်တော့ ဒီအကျိုးကျေးဇူးတွေ ဘာမှန်းသိမှာ မဟုတ်ပါဘူး။

Credit :Trend Myanmar