အမျိုးသမီးကိုယ်ဝန်ဆောင်နေရတာဟာ သူမအတွက် စွန့်စားခန်းကြီးတစ်ခုပါ။ သူ့မှာ အားငယ်တာတွေရှိမယ်၊ ကြောက်နေတာမျိုးတွေ၊ စိုးရိမ်ပူပန်တာမျိုးတွေ ရှိနေနိုင်ပါတယ်။ ရက်သတ္တပတ်ပေါင်း ၄၀အတွင်း သူမပျော်ပျော်ရွှင်ရွှင် နေထိုင်ဖြတ်သန်းခဲ့ရသလား၊ ဒါမှမဟုတ် အပူအပင်တွေနဲ့ ဖြတ်သန်းခဲ့ရသလားဆိုတဲ့အပေါ် မူတည်ပြီး မွေးဖွားလာမယ့် ရင်သွေးမှာလည်း အကျိုးဆက်တွေ အများကြီးရှိလာတတ်တာမို့ ကိုယ်ဝန်ဆောင်မိခင်တွေကို မပြောသင့်တဲ့ စကားတွေကို ရှောင်ကြဉ်နိုင်အောင်လို့ ပြောပြပေးလိုက်ပါတယ်။
၁။ နင့်ပုံစံက တော်တော့ကို ကြီးကျယ်တဲ့ပုံပေါက်နေတယ်။ သေချာပြီ ဒါဆို မိန်းကလေးပဲဖြစ်ရမယ်။
၂။အခု အိပ်ထားနော်။ ကလေးမီးဖွားပြီးရင် ခုလောက် အိပ်ရတော့မှာ မဟုတ်ဘူး။
၃။ဆရာဝန်ပြောထားတဲ့ due date က သေချာရဲ့လား။ မသိရင် နင့်ပုံစံက ခုပဲ မွေးတော့မယ့်ပုံစံပဲ။ ဗိုက်ကိုလည်း ကြည့်ပါဦး။
၎။ကလေးအတွက် ဘာလို့ ဒီနာမည်ကြီးပေးချင်ရတာတုန်း။ အံ့သြစရာပဲ။
၅။အမြွှာတွေ ဘာတွေများ ဖြစ်နေမလား။ အမြွှာဗိုက်ဖြစ်နေလို့။
၆။နင့်ဆံပင်က အထူကြီးပဲနော်။ ကလေးမွေးပြီးရင်တော့ အဲ့ဒီဆံပင်တွေ ကျွတ်လိမ့်မယ်ထင်တယ်။
၇။မကြာခင် ဗိုက်ပူလာတာနဲ့အမျှ နေရတာ သက်တောင့်သက်သာမရှိတော့ဘူး။ လူလည်းပုံပိုပျက်တော့မှာ။
၈။ကလေးမွေးပြီးရင် ဘာတွေဖြစ်မယ်မှန်း မသိတော့ အစစအရာရာ ကြိုတင်ပြင်ဆင်ထားတာမျိုး လုပ်သင့်တယ်။
၉။ဗိုက်ခွဲမွေးမှာလား။ ဒါဆို ချုပ်ရိုးအရာကြီးတွေနဲ့ စိတ်ညစ်စရာ ကောင်းလိမ့်မယ်။
၁၀။ နင့်ဗိုက်လေးကို သေသေချာချာ ကိုင်ကြည့်ချင်တယ်။ (ဆရာဝန်လည်း မဟုတ်၊ မိသားစုဝင်လည်း မဟုတ်ပဲ)
Credit :Trend Myanmar