8/24/2016

ကျမကို ပိုက်ဆံရှင်းပေးဦးလေ


မရှိဘူးကွာ ထပ်ပြောရင် ရဲလက်အပ်လိုက်မယ် ဖာသယ်မ အေးဆေးနေ

(ကျမ ပါးစပ်တွေဆွံအ ခြေကုန်လက်ပန်းကျနေလဲ အချိန်ရှိတုန်းသူ့လိုမဟုတ်တဲ့တစ်ယောက်ကိုထပ်ရှာဖို့ လိုတယ်လေ)

ဟင် လာခေါ်တာကတစ်ယောက် အခု ကျမနဲ့အိပ်ရမှာကတစ်ယောက်
ဒီလောက်မူးရူးပီး နံစော်နေတာချည်းနဲ့ဆို ကျမ မနေဘူးပြန်မယ်

ဘာ ဖာသည်မက လူပါးဝလို့ ပါးပိတ်ရိုက်လိုက်မယ် ပိုက်ဆံရပီးရောမလား
(အပြင်ကမ္ဘာ့ရဲ့ တဖက်ခြမ်းက လရောင် မလင်းတော့တဲ့ညတွေ ကို မျက်စိစုံမှတ်မော့သောက်ပစ်ရဖူးတယ်)

ရှင်တို့အဲလိုတော့မလုပ်ပါနဲ့ရှင်ကျမ တောင်းပန်ပါတယ် ကျမလုံးဝမရတော့လို့ပါ

ဟားဟားဟား ဟား ဒီကောင်မတော်တော်စကားများတာပဲ စောက်ပေါက်ကိုငွေနဲ့စို့ထားလိုက် ငြိမ်သွားမယ့်ဟာမကများ ဟေ့ကောင်တွေ ဆက်ဆွဲ ကွာ ကြာတယ်

(မိသားစုထမင်းဝိုင်းလေး အသံမြည်နိုင်ဖို့အခုတော့ရှိုက်သံတွေကို သူတို့မကြားအောင်သိုဝှက်ရင်း ကျမကိုယ်ကျမ မုန်းပစ်လိုက်တယ်)

ဟေ့မပြေးနဲ့ မင်းဒါဘာလုပ်တာလဲ စခန်းခေါ်ရမလား လိုင်းကြေးပေးမလား ငါနဲ့အိပ်မလား
(ကျမမတတ်နိုင်တဲ့အရာတွေအတွက် ကျမတတ်နိုင်တဲ့အရာကိုသာယူပါ ကျမက တရားမဝင်သလိုနဲ့ တရားရှင်ရဲ့အသုံးတော်ခံဖြစ်နေတာပဲ)

ရော့ မင်းရဲ့လုပ်အားခ
(ငွေကြေးက ကျမကိုခပ်စိမ်းစိမ်းကြည့်တယ် သူ့လက်ကလျှောထွက်လာတဲ့ ကျခန္ဓာကိုယ်ဟာ ကျမ မပိုင်ကြောင်း အစထဲကသိနှင့်ပီးသားပဲ ကိုယ့်ပစ္စည်းနဲ့ကိုယ်လူမုန်းခံလို့မရတဲ့ ဘဝ ရှိပါစေလေ)

မင်းမှာ HIV ပိုးရှိနေပီ
ကမ္ဘာမြေပေါ်ကနေ ကျမ လွင့်ထွက်သွားသလိုပဲ အရင်ဆုံးပြေးမြင်မိတာက နာမကျန်းဖြစ်နေတဲ့အဖေရယ်
ကျောင်းစားရိတ်မလောက်ငတဲ့ ညီမလေးတွေရယ်
အိမ်လခ မရှင်းနိုင်သေးတဲ့ ယိုင်တိုင်တိုင် အိမ်ငယ်လေးရယ်.....

မနက် နိုးလာတော့ အိမ်ရှေ့က ရေဒီယိုဖွင့်သံကြားတယ်
တရားမျှတလွတ်လပ်ခြင်းနဲ့ မသွေ တို့ပြေ တို့မြေ...

ကျမမှာ နာကျင်စရာ ကျန်ပါသေးလား
တကယ်ရှိနေလဲ ပရလောကဟာ အိပ်ယာဝင်ပုံပြင်ထဲကလွဲလို့
တစိမ်းဆန်ချင်တိုင်း ဆန်နေတယ်.....။


ဖိုးသူတော်(www.phothutaw.com)
Credit သံလွင် ရရစ်