ဂျပန်နိုင်ငံက ဖြစ်ရပ်မှန် " ငှက်ပျောသီးနဲ့ရေ” ပဲလိုတဲ့ ၀ိတ်လျှော့ချနည်း။
ခုဆို ဂျပန်မှာ ငှက်ပျောသီးဝယ်ယူ ရရှိနိုင်ဘို့ မနက်စောစောဈေးပြေးနေရပြီ ဆိုပဲ…
အရင်က လုံးဝ မထင်ရှားသာမာန် ငှက်ပြောသီးဟာ ခုချိန်မှာ ပိန်ရေးအတွက် အရမ်းကို အသုံးဝင်နေတယ်ဆိုတာ သိလာကြပြီးနောက်ပိုင်း…
ငှက်ပြောသီးတင်သွင်းတဲ့ကုန်သည်တွေကလဲ…
တင်သွင်းလို့ မလောက်နိုင်လောက်အောင် ဈေးကွက်က အရမ်းတောင်းဆိုလာကြတယ်တဲ့…
Hitoshi Watanabe ဆိုသူ အသက် ၃၁ နှစ်ရှိပြီ ဖြစ်တဲ့ ဘွဲ့ရအလုပ်လက်မဲ့လူငယ် တယောက်ဟာ ဒီနည်းဟာ အကောင်းဆုံးဆိုတာ ကို ၂၀၀၆ ခုနှစ်မှာ တွေ့ရှိခဲ့ တယ်တဲ့…
သူ့ကောင်မလေး Sumiko ဆိုတဲ့မိန်းကလေးက ဆေးဆိုင်မှာ ဆေးရောင်းတဲ့ အလုပ်လုပ်ရင်း… တရုတ် တိုင်းရင်ဆေး ပညာ သင်ကြားခဲ့ရတာကတော့…
ဘာဖိအားမှ ပေးစရာမလိုတဲ့ အရိုးရှင်းဆုံးပိန်နည်းကတော့ မနက်စောစောမှာ ငှက်ပြောသီးစားပြီး ရိုးရိုးရေတခွက်သောက်လို့ရှိရင် ဇီဝချေဖျက်နုန်း အလွန်မြင့်မားပြီး…
နေ့လည်စာနဲ့ ညစာ ဘယ်လောက်စားစား….. ပိန်နိုင်ပါတယ်လို့ဆိုပါတယ်…
.သူ့ကောင်မလေးပြောတဲ့အတိုင်း စားလိုက်တာ ၆လအတွင်းမှာ ၁၃ ကီလိုဂရမ်တောင်ကျတယ် လို့ဆိုပါတယ်…
အဲတာ နဲ့ သူကောင်မလေးSumiko ကိုလက်ထပ်ပြီး ဒီဖြစ်ရပ်ကို MY SPACE ဂျပန်ဗားရှင်း MIXI မှာ ပို့စ်တင်ထားတယ် လို့ဆိုပါတယ်…
ဒီဇာတ်လမ်းလေးဟာ ပထမဆုံး Banana Diet Story အဖြစ်နဲ့ ထင်ရှားကျော်ကြား ခဲ့ပြီး စာအုပ်တောင် ထုပ်ခဲ့ရတယ်…
အုပ်ရေ ၆ သိန်းတောင်ရောင်းခဲ့ရပါတယ်..ဒီအကြောင်းပိုမို လူသိများလာရခြင်းအကြောင်းကတော့…တိုကျို
အသံလွှင့်ဌာနက ထုပ်လွှင့်တဲ့ အော်ပရာ အဆိုတော်ဟောင်းကြီးKumiko Mori ကလည်း ငှက်ပြောသီး တန်ခိုးနဲ့ ၇ ကီလိုတောင်ကျတယ်ဆိုတဲ့အကြောင်း ထုတ်လွှင့်ပြသခဲ့တာလဲပါပါတယ်….
တခြားနည်းတွေနဲ့ ပိန်အောင် ပြုလုပ်ပေးသူတွေမျက်ခုံးတောင်ပင့်သွားစေလောက်အောင် လွယ်ကူ မြန်ဆန် ပါတယ်တဲ့…..
အစားလဲရှောင်စရာမလိုဘူး…
အချိန်မှန်လဲ စားစရာမလိုဘူး….
ညဆို မစားပဲလဲနေစရာမလိုဘူး…. ဘာလေ့ကျင့်ခန်းမှလဲ လုပ်စရာမလိုပဲ မပင်ပန်းပဲ လွယ်လွန်းလို့ပါတဲ့….
ကဲကဲ… တို့ဆီမှာ အပေါများဆုံးကလဲ ငှက်ပြောသီး… ဘယ်နားသွားသွားရှိတယ်…
ငှက်ပြောသီးစားပြီးရင် ရေရိုးရိုးလေးလဲသောက်ဘို့မမေ့နဲ့နော်..
မနက် အိပ်ယာထချိန် ငှက်ပျောသီး စားသင့် မစားသင့် (ဝမ်းထဲ အစာမရှိချိန် ငှက်ပျောသီး စားသင့် မစားသင့်)
အချို့သော လူများဟာ ငှက်ပျောသီးကို ဗိုက်ဆာနေတဲ့ အချိန် အစာပြေစေရန် စားတတ်ကြ ပါတယ်။
အချို့ကျတော့ အဆီကျ စေရန် ရည်ရွယ်ချက်ဖြင့် ငှက်ပျောသီးကို အိပ်ယာ ထချိန်မှာ မှီဝဲ တတ်ကြပါတယ်။
အမှန်တော့ ငှက်ပျောသီးဆိုတာ အစာစားပြီးတဲ့ အခါမှ စားသင့်တဲ့ သွားရည်စာ တစ်မျိုး ဖြစ်ပါတယ်။
နိုင်ငံတကာမှ ဆေးပညာရှင် သုတေသန အဖွဲ့များက အမျိုးမျိုး အဖြေထုတ် ကြပါတယ်။
တွေ့ရှိချက် ၁။
ငှက်ပျောသီးဟာ မဂ္ဂနီဆီယမ်ဓာတ် ကြွယ်ဝပါတယ်။ ဒါကြောင့် ဗိုက်ထဲမှာ အစာမရှိတဲ့ အချိန် ငှက်ပျောသီး စားမိရင် သွေးထဲမှာ မဂ္ဂနီဆီယမ်ဓာတ် မြင့်တက် လာပြီး သွေးလည်ပတ်မှု နှုန်းကို မြန်ဆန် စေပါတယ်။ အကျိုးဆက် အားဖြင့် heart attack လို့ခေါ်တဲ့ ရုတ်တရက် နှလုံးခုန်ရပ် တန့်ခြင်း၊ မူးမေ့ခြင်းများ ဖြစ်တတ်ပါတယ်။
တွေ့ရှိချက် ၂။
ငှက်ပျော်သီးမှာ ကယ်လိုရီ ၆၀ မှ ၁၈၀ အထိ ပါဝင်ပါတယ်။ ကယ်လိုရီဓာတ် အင်မတန် ကြွယ်ဝတဲ့ အစားအစာဖြစ်ပြီး မနက်စာအနေနဲ့ ငှက်ပျော်သီး စားသုံးလိုက်ပြီး နေ့လည်၊ ညနေ တွေမှာ သာမန် အစားအသောက်များ စားသုံးတဲ့အခါ ကယ်လိုရီဓာတ် လွန်ကျွန်မှုကို ဖြစ်စေပါတယ်။ အကျိုးဆက် ကတော့ တစ်ရက်၊ တစ်ရက်ကို ကယ်လိုရီ ထောင်ကျော် တိုးနေစေခြင်း ဖြစ်ပါတယ်။ ဒါကြောင့် ပိုဝလာနိုင်ချေ များပါတယ်။ အခြား ကျန်းမာရေး ဆိုးကျိုး များလည်း ဖြစ်နိုင်ချေ ရှိပါတယ်။
ငှက်ပျောသီးဆိုတာ အစာစားပြီးနောက် စားသုံးခြင်းသာ အကောင်းဆုံး ဖြစ်ပြီး မလိုအပ်တဲ့ အခြား ခန္ဓာကိုယ်မှ မလိုအပ်သည့် ဓာတ်များကို လောင်ကျွမ်း စေပါတယ်။ ဒါမှ အမှန်တကယ် ပိန်လာစေမှာ ဖြစ်ပါတယ်။
ဒီလိုမဟုတ်ပဲ အစာမရှိချိန် စားသုံးမိရင်တော့ အထက်ပါ တွေ့ရှိချက်များ အတိုင်း Heart attack ဖြစ်ခြင်း၊ ပိုဝလာနိုင်ချေ ရှိခြင်းတို့ကို ကြုံတွေ့ ရမှာ ဖြစ်ပါတယ်။
Credit: Myawaddy
